အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Tuesday, June 29, 2010

မမအတွက် ညီမလေးရဲ့လက်ဆောင်





သာမာန်ရိုးကျ ဘ၀နင်းကြမ်းများကို

ဖြတ်သန်းလာတဲ့ မိသားစုလေးဆီမှာ
"မွေးနေ့ဆိုတာ" အရှိန်အ၀ါကင်းလို့
ပကာသနအရောင်မဲ့လို့သာ။
မမရေ........"ဒီနေ့ဟာ"
မမကိုမွေးခဲ့သောနေ့လား?
မမကိုမွေးပေးခဲ့သောကျေးဇူးရှင်ရဲ့
မရဏမင်းနဲ့စစ်ခင်းသောနေ့လား?
ဒီနှစ်ခုကြားခွဲခြားသိလို့
နှစ်ဆယ့်ငါးမိုင်တိုင်ထိ
ကောင်းဆိုးနှစ်တန်
အမှားနဲ့အမှန်ကိုဝေဖန်ထောက်ရှု့
လမ်းပြပေးခဲ့ကြသော"မိတာပီတု"မိနှင့်ဖကို
ကျေးဇူးဆပ်သင့်သောနေ့လေးတစ်နေ့ပေါ့။
မမရေ......."ဒီနေ့မှာ"
ဟက်ပီးဘက်ဒေး သံပြိုင်သီလို့
ရှု့မငြီးဗိမ္မာန် ရောင်စုံတွေကြား
တန်ဖိုးတပ် ဘက်ဒေးကိတ်နှင့်
အလှမဆင်နိုင်ခဲ့ပေမယ့်။
မမရဲ့ ပါးပြင်ထက်
ညီမလေးပေးသော ခပ်ဖွဖွအနမ်းတစ်ချက်ဟာ
မမအတွက် ထာဝရလက်ဆောင်ပါ။


******************************************************************
မနေ့က အလုပ်ကနေအိမ်အပြန်ဆယ့်ငါးမိနစ်သာလျှောက်ရသောလမ်းမှာ "မလေး...နက်ဖန်မမမွေးနေ့"
လို့ပြောခဲ့သောမမရဲ့အသံဟာ ညနေခင်းမှာတိုးတိတ်ညင်သာနေခဲ့တယ်။
ကျွန်မတို့မိသားစုလေးမှာ မွေ့နေ့ရောက်သူတိုင်းဟက်ပီးဘက်ဒေးသံပြိုင်သီချင်းမသီဆိုခဲ့ဖူးသလိုတစ်ယောက်အကြိုက်
တစ်ယောက်လိုက်ကာ ဘာရုပ်ဝတ္ထုပစ္စည်းမှမ၀ယ်ပေးခဲ့ကြဖူးပါဘူး။
ဒါပေမယ့်မွေးနေ့ရောက်သူတိုင်းအတွက်ကျွန်မမေမေကဆွမ်းဟင်းချက်လို့ရွာဦးဘုန်းတော်ကြီးကျောင်းမှာအမြဲကုသိုလ်ယူ
ပေးခဲ့ပါတယ်။ ခုလိုရပ်ဝေးမြေခြားရောက်နေတဲ့ သမီးတွေအတွက်အပါတ်စဉ်မွေးရက်ရောက်တိုင်းဆွမ်းချက်ကာကုသိုလ်
လုပ်ပေးကြောင်းဖုန်းဆက်တဲ့ခါတိုင်း ၀မ်းသာဝမ်းနည်းပြောပြခဲ့တယ်။

အလုပ်ကပြန်ရောက်တယ်ဆို ချက်ကာပြုတ်ကာ၊ရေမိုးချိုးထမင်းစားသောက်ပြီးတာနဲ့စောစောအိပ်ယာဝင်သွားတဲ့မမရဲ့
မျက်နှာလေးကိုကြည့်ရင်းအမှတ်တရလေးသူ့အတွက်ရေးချင်မိတာ ကဗျာမမှီ၊စာမပီရေးဖွဲ့ပြီးချိန်မှာည (၁၂)နာရီထိုး
နေပါပြီ။ဒါနဲ့မမမျက်နှာလေးကိုဟက်ပီးဘက်ဒေးဆိုပြီးငုံ့ကာအနမ်း( :) အရှောင်ကောင်းလို့ မျက်နှာနဲ့လက်ဝါးနည်း
နည်းလေးလွဲသွားတယ်:)သူကအိပ်အနေဆတ်သလိုယောင်တတ်သူမို့အိပ်ပျော်နေချိန်သူ့အသားထိလိုက်တာနဲ့ဖျောင်း
ကနဲတီးပြီးသားပဲ။ကံကောင်းလို့နှော်။:)
ကျွန်မနဲ့မမအသက်တစ်နှစ်ကျော်ကျော်သာကွာပေမယ့် သူကအမ်းတိတ်ခေတ်ကဖွားကြီးအို၊ကျွန်မကဒီဘက်ခေတ်လူငယ်
ဆိုတော့ တစ်ခါတစ်လေအမြင်ချင်းမတူတဲ့ဆွေးနွေးငြင်းခုန်မူ့လေးတွေဟာလမ်းတစ်ဝက်မှာပဲရပ်ပြစ်ခဲ့တာလေးတွေရှိသလို
တစ်ခါတစ်လေမှာတော့ အဖုအထစ်လေးတွေနဲ့ပဲနားလည်မူ့ကိုရယူနိုင်ခဲ့ကြပါတယ်။ စာဖတ်သူချစ်သောမိတ်ဆွေများအ
တွက်ဘက်ဒေးအကျွေးအမွေးဧည့်ဝတ်မကျေနိုင်တာ ခွင့်လွတ်ပါနှော်။:) :) :)
********************************************************************


မေတ္တာအားဖြင့်
ခိုင်နုငယ်

18 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ခိုင်နုမမရဲ့ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ..
မွေးနေ့မှစလို့ နောင်နှစ်ပေါင်းရာကျော် ချစ်ခင်သောမိသားစုနဲ့
ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေ အတူတကွ နေနိုင်ပါစေကြောင်း
ဆုတောင်းပေးလိုက်ပါတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ခိုင်နုမမရဲ့ မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ..
မွေးနေ့မှစလို့ နောင်နှစ်ပေါင်းရာကျော် ချစ်ခင်သောမိသားစုနဲ့
ပျော်ပျော်ရွှင်ရွှင် အဆင်ပြေပြေ အတူတကွ နေနိုင်ပါစေကြောင်း
ဆုတောင်းပေးလိုက်ပါတယ်..

Anonymous said...

Happy Birthday ပါ ခိုင်နုငယ် မမရေ

ညီမ ၂ယောက် ချစ်ခင်စွာ နဲ့ မွေးနေ့ပေါင်း များစွာကျင်းပနိုင်ပါစေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

ညီမခိုင်နုမမအတွက်..
ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ..
မိသားစုအတူတကွမွေးနေ့ဆင်နွှဲနိုင်ကြပါစေ..လို့
ဆုမွန်ကောင်းတောင်းပေးပါတယ်..

ခင်တဲ့
မချော

လသာည said...

အဲလိုချစ်ခင်စွာ မွေးနေ့ပွဲကို လုပ်ပေးတဲ့ ချစ်ညီမလေးတစ်ယောက်ရှိတာ ခိုင်နုငယ့်မမက တကယ်ကံကောင်းတာပဲနော်။
ရှေ့လျှောက်လည်း ကံကောင်းပါစေ၊ အစစအဆင်ပြေ ပျော်ရွှင်နိုင်ပါစေလို့ မွေးနေ့ဆုတောင်းလေး ပေးခဲ့ပါတယ်။

မောင် လေး said...

ခိုင်နုငယ်ရဲ့မမ.....မွေးနေ့မှသည် သက်ရာကျော်ရှည်ပါစေ။
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ...။

ကိုဇော် said...

ဘုတ်ဘုတ် အစ်မ မွေးနေ့မှ စပြီး အမြဲတမ်း ပျော်ရွှင်နိုင်ပါစေ။

ဒါနဲ့ စကား မစပ်. . .
ဒါဆို ကျနော်လည်း သတိထားမှပဲ သူက လက်သွက်တယ်နော်။ အခုလို သိထားတော့ သတိထားလို့ ရတာပေါ့ဗျာ။ သြော်. . တမျိုးမထင်နဲ့နော်။ ကျနော်က စတတ် နောက်တတ်တော့လေ။ မတော်လို့ ခါးသွားတို့မိရင် အတီးခံရမှာကို ပြောတာပါ :P

blackroze said...

ခိုင်နုလေးရဲ့မမ..မွေးနေ့မှာပျော်ရွှင်ပါစေလို့
ကျမဆုတောင်းပေးပါတယ်နော်..

သူကြီးမင်း (တုံးဖလား) said...

မင်္ဂလာရှိတဲ့ မွေးနေ့
အဓိပ္ပါယ်ရှိတဲ့မွေးနေ့
ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ။ ညီမရဲ့ အမရေ။

ညီမလဲ ထာဝရပျော်ရွှင်လန်းဆန်းနိုင်ပါစေ။

ခိုင်နုငယ် said...

ခိုင်နုငယ်ရဲ့မမအတွက်လာဆုတောင်းပေးကြတဲ့..
မမချော၊အမရွှေစင်ဦး၊မသဒ္ဓါလှိုင်း၊
အမလသာည၊မောင်လေး၊
ကိုဇော်၊မမရိုစ့်၊ကိုကိုမောင်တို့ကို..
အထူးပဲကျေးဇူးတင်ပါတယ်နှော်။
အားလုံးလည်းပျော်ရွှင်မူ့အပေါင်းနဲ့ပြီးပြည့်စုံနိုင်ပါစေနှော်။

နေ၀သန် said...

:)))... မွေးနေ့ကဗျာလေးက ကောင်းလိုက်တာ...။ ဒါနဲ့ တော်သေးတာပေါ့.. အရှောင်မြန်တာ...း)).. သူသိသွားတာလည်းကောင်းတာပဲ... ဒါမှ ရင်ထဲမှာ ကြည်နူးသွားမှာပေါ့...း)))

ဟက်ပီးဘတ်ဒေးပါ မွေးနေ့ရှင်ရေ.....


ခင်မင်တဲ့
နေ၀သန်

အင်ကြင်းသန့် said...

နောက်ကျနေပေမယ့် ဆုတောင်းပေးခဲ့တယ်နော်....ခိုင်နုငယ်ရဲ့ မမတစ်ယောက် ဒီမွေးနေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး ဘ၀လမ်းခရီးကို ပျော်ရွှင်စွာ လျှောက်လှမ်းသွားနိုင်ပါစေ....

ခင်မင်စွာဖြင့်
အင်ကြင်း

ညအလင်္ကာ said...

မွေးနေ့မှသည် ရှေ့ဆက်ရမယ်ကာလအတွင်း
မိသားစုနဲ့အတူ အေးအေးချမ်းချမ်းဖြတ်ကျော်ပြီး
ချစ်သော မမနဲ့လည်း ပျော်ရွှင်ချမ်းမြေ့စွာ
စိတ်တူကိုယ်တူဖြစ်ပါစေလို့
ကျနော်ညအလင်္ကာမှ လာေ၇ာက်ဆုမွန်ကောင်းလိုက်ပါတယ်

မောင်သီဟ said...

မွေးနေ့ပွဲ အခုမှပဲတက်လာနိုင်တယ်ဗျာ
ပျော်ရွှင်စွာနဲ့ ဘဝကို မွေးနေ့ရှင်ဖြတ်သန်းနိုင်ပါ စေလို့ဆုတောင်းခဲ့ပါတယ်း)

Myanmar Good Knowledg Co., Ltd said...

မင်္ဂလာပါ။
လာလည်တဲ့ အချိန်မွေးနေ့ပွဲဖြစ်နေတယ်။
Happy Birthday နော်

ခင်မင်လျှက်

ရေသန့်  said...

မွေးနေ့ ပွဲလာသွားပါတယ်..

Anonymous said...

ဒီဘက်ခေတ် လူငယ် ခိုင်နုငယ်ရေ ...
မွေးနေ့ အမှတ်တရ မပေးနိုင်လို့ စာရေးထားခဲ့ပါတယ်။
မမ မွေးနေ့ ဖြစ်စေ ကိုယ့်မွေးနေ့ ဖြစ်စေ ကုသိုလ်ယူ
နိုင်ကြရင် တောင်းဆုပြည့်ကြမှာပါ ...
ငြိမ်းချမ်းမှု များ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ
ငြိမ်းစိုးဦး

သိ င်္ဂါ ရ said...

သိပ်ချစ်ကြတဲ့ ညီအစ်မတွေလို့ မျက်စိထဲမှာ ...

မြင်နေမိပါတယ် နုငယ် ...