အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Wednesday, June 9, 2010

ရယ်ဒီမိတ်ခေတ်၊တစ်ခါသုံးစနစ်နှင့်ကျွန်တော့်အတွေးများ




sunday တနင်္ဂနွေ ရုံးပိတ်ရက်မို့ အိပ်ယာထဲ နည်းနည်းလောက်တော့ နှပ်နေ လိုက်အုံးမယ်လို့ တွေးနေတုန်း။
အသံနဲ့စေားစောစီးစီး နှိပ်စက်လေပြီ တတီတီနှင့် ဖုန်းမြည်လေသည်မို့ ကောက်ကိုင်လိုက်တော့ ချစ်လှစွာသော ညီမငယ်ဝမ်းကွဲ ဒီနေ့ သူအလုပ်ပိတ်သည်မို့ ပိုက်ဆံလာယူပြီး အိမ်ကိုလွှဲပေးပါတဲ့ အဲဒါမ ခတ်လေပြီ မသွားလို့ ကလည်းမဖြစ် သူမဆီသွားဖို့ဆိုတာကလည်း ဟိုနားဒီနား နီးနီးနားနား မဟုတ်၊သူမ ရောက်နေသည့် အရပ်က တောကျလို့ မြို့နှင့် မနီးသည့်အရပ် ကားသုံးလေးဆင့်ဆီးမှရောက်နိုင်သည်။

ကိုယ်ကလည်း အပြင်ဆို တီဆားနှင့် တို့ သလို သွားရမှာ သိပ်ပျင်းသည် ဆယ့်မိနစ်၊ဆယ့်ငါးမိနစ် ကားစီရုံးဖြင့် ရောက်နိုင်သည့် K.L ကေအယ်လ် မြို့ထဲတောင် လေးငါးလနေလို့ နေလို့ တစ်ခေါက် မရောက်ဖြစ် မလေးရှား ရာသီသတု ကလည်း ရွာချင်ပြီဆိုချက်ချင်း ဆိုင်းမဆင့် ဗုံမဆင့် မိုးရွာ လာတတ်သည် ပူချင် ပြန်တော့လည်း စားကမန်း၊ ၀ါးကမန်း ပူလွန်းလှသည်။ ကဲတွေးနေလို့ ပြီးဆုံးသွား မည်မဟုတ် ရေချိုး၊ အ၀တ်အစား လဲကာ ညီအမ နှစ်ယောက် ခရီးဆန့် ရလေသည်။ မြို့ထဲ ရောက်တော့ သူမ အတွက် လက်ဆောင ပစ္စည်း တစ်ခုခု ၀ယ်သွားရမည်မို့ မြန်မာဆိုင် တစ်ဆိုင်ထဲဝင်ကာ သူမနှင့် ကိုက်ညီမည့် ပစ္စည်းရှာဝယ်ရလေသည်။

သူမကအိမ်မှာ အငယ်ဆုံးမို့ ချက်၊ပြုတ်မစားတတ် ဒါနဲ့ ရယ်ဒီမိတ် ပစ္စည်းလေးတွေရှာဝယ်ဖြစ်သည်။ ငပိထောင်း ရယ်ဒီမိတ်၊ ပုဇွန်ခြောက်နှင့် ငရုပ်သီးရောသမမွှေ ရယ်ဒီမိတ်၊ ဆီ၊ ဆား အဆင့်သင့်ဖြင့် စားသုံးနိုင်သည့် လဖ္ဘက် အကြော်စုံရယ်ဒီမိတ်......ရယ်ဒီမိတ်....ရယ်ဒီမတ်အစုံနှင့် သူမ ဆီသွားမည့်ကားပေါ် လက်မှတ် ဖြတ်ပြီး ကားပေါ် ရောက်တော့ ဒီရယ်ဒီမိတ် ပစ္စည်းလေးတွေ ကိုင်ပြီး ကျနော်ရောက်နေတဲ့ ရယ်ဒီမိတ်ခေတ်ထဲ လျှောက်ကြည့်ရင်း ပြန်သုံးသပ်မိသည်။ ကျနော့်မိခင်၊ဖခင်တို့ ခေတ်တုန်းက ဆီရှိလို့လည်းဆန်မဖြစ် ဆီပြီးမှ ဆန် တဆင့်ပြီး တဆင့်
ွားမှ စားသောက်ဖွယ်ရာတစ်ခုဖြစ်လာတယ်။

ယနေ့ ခေတ်မှာတော့ ဆီ၊ဆန်၊ဆား အဆင်သင့် ရယ်ဒီမိတ်ခေတ်ဖြစ်လာသည်။ကျနော်တို့တွေ သဘာဝကိုလည်း သဘာဝ အတိုင်းလက်မခံကြတော့ ရယ်ဒီမိတ်ခေတ်နှင့်အညီ သီးပင်၊စားပင်၊သစ်ပင်တို့ကို မြန်မြန်ဖူး၊မြန်မြန်ပွင့်၊ မြန်မြန်သီး ၊ မြန်မြန်ကြီး ရင့်လာဖို့ ရယ်ဒီမိတ်စားသုံးနိုင်ဖို့ ဟော်မုန်း ဓါတ်ပေးကာ ရုက္ခဗေဒကို ပြုပြင်ပြောင်းလဲ
ဖန်တီးယူလာကြတယ်။ ဒါ့အပြင် ကျနော် တို့တွေ ဒီကနေ ဟိုလိုရာ ရောက်နိုင်ဖို့ အသံထက်မြန်တဲ့ အလျင်ကို အသုံးပြုလာကြတယ် ဒီဂျစ်တယ် Digital နည်းကရိယာတွေ ပါထွန်းကား လာတော့ အရင်တုန်းကဆို ကင်မရာ Camera ဆို ရေးဆေးဖလင်ကနေ ယနေ့ခေတ်မှာကြ ခုရိုက်ခုဓါတ်ပုံရနိုင်တယ်၊ ဟော phone ဖုန်းတွေဆိုလည်း ကြိုး ဖြင့် ဆက်သွယ်ရာကနေ ကြိုးမဲ့ ၊လမ်းခရီး ဆက်သွယ် သွားလာရေး ယာဉ်တွေ အရင်ကတုန်းကဆို တစ်နေ ရာကနေ တစ်နေရာသွားဖို့ ဆိုတာ စောင့်ဆိုင်း နေရတယ်။ ကျောက်မီးသွေး နှင့် ခုတ်မောင်း နေရတဲ့ မီးရထား တွေဟာ ယနေ့ ခေတ်မှာတော့ သံလိုက် လျှပ်စစ် နည်းပညာတွေနဲ့ထိန်းချုပ် သူမဲ့အော်တိုဂီယာတွေနဲ့ပြေးဆွဲနေကြတယ်။ (ချွင်းချက် မြန်မာပြည့်မှာတော့ မရှိသေးပါ)ရယ်ဒီ မတ်ခေတ်နှင့် တပြေးညီ ကျနော်တို့တွေ အချိန်မရှိ၊အချိန်ကို လောက်ငှစွာ သုံးစွဲဖို့ဆိုတာ အချိန် ရှားပါးလာတာနှင့်အမျှ ကမ္ဘာကြီးကလည်း ခေတ်နှင့် တပြေးညီ မြန်မြန်ဖြစ်၊ မြန်မြန်ပျက်၊မြန်မြန်ပြီးဆုံးသွားစေဖို့ တွန်းအားပေးနေသလား။ အချစ်ကိုဖြစ် အမုန်းကိုဖြစ် စေ အချိန်ယူကာ စောင့်ဆိုင်း မနေကြပဲ မြန်မြန် အဖြေကို ရယူလိုကြတယ်အချစ်ကို သုံးနှစ်၊သုံးမိုး မစောင့်ကြ တော့ ရယ်ဒီ မိတ်ခေတ်နှင့် အညီ အချိန် မရှိရှားပါးလာသော ကျနော်တို့တွေရဲ့ နေ့စဉ် ဘ၀တွေထဲမှာ ဘ၀ရဲ့ ရသ၊သုတ၊ သောက တွေကို ခံစားဖို့ ကျနော်တို့တွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းနိုင်ဖို့ ပြီးပြည့်စုံဖို့ ဆိုတာ တစ်စ တစ်စနဲ့ဆုံးရှုံးလက်မြောက်လာကြရတယ်

ရယ်ဒီမိတ်ခေတ်ကြီးထဲမှာ တစ်ခါသုံးစနစ် ကျနော်တို့ လူ့အသုံးအဆောင်ပစ္စည်းတွေ တစ်ခါသုံးတန်ဆာ ပစ္စည်း တွေ ထွန်းကားလာတာနှင့် အမျှအလှူ၊ မင်္ဂလာ၊ ဈာပန ဧည့်ခံပွဲတွေမှာ ရှေ့လူ စားလို့ နောက်လူတွေကစောင့် ဆိုင်း နေစရာမလို တစ်ခါသုံး ပန်ကန်၊ခွက်၊ဇွန်းဆွဲလို့ ရယ်ဒီမိတ်ကော်ဖီ၊မုန့်အချိုအချဉ် များစွါကို လွယ်လင့်တကူ စားသုံးလာနိုင်ကြတယ်။ရယ်ဒီမိတ်ခေတ်ကြီးထဲမှာ တစ်ခါသုံးပစ္စည်းတွေနှင့် ကျနော်တို့တွေယဉ်ပါးလာနှင့် အမျှ ကျနော်တို့စိတ်ဓါတ်တွေပါ တစ်ခါသုံး စိတ်ဓါတ်တွေနှင့် ပါထပ်တူကြလာကြတယ်။ တစ်ခါသုံး စိတ်ဓါတ်တွေနှင့် စေတနာ ဆိုတာ အရောင်မွဲလို့ ၊သစ္စာတရားခပ်ပါးပါးနဲ့မေတ္တတရားဆိုတာလည်းဘာမှန်းမသိကြတော့ပါ။


မေတ္တာအားဖြင့်
ခိုင်နုငယ်(၀၉.၅.၂၀၁၀)

ရေးမိတွေးမိတာလေးပါဗျာ.....


1 comment:

သိ င်္ဂါ ရ said...

Ready Made တွေ ချည်းပဲ မဟုတ်ပါဘူးကွယ် ။

မှတ်ကျောက်တင်ဖို့ လိုတဲ့ အရာတွေ အတွက်

အချိန်ပေးပြီး စောင့်မယ် ဆိုရင် ...

သစ္စာတရား အပြည့်အ၀ ပါဝင်တဲ့

မေတ္တာစစ် မေတ္တာမှန် ဆိုတာ ရှိပါတယ် ... ။ ။