အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Wednesday, June 9, 2010

အကျည်းတန်သူ

ဒီလိုမနေနဲ့



ဒီလိုနေ


စိတ်အကျည်းတန်လို့ ရုပ်အကျည်တန်သွားသလား?၊ သို့တည်းမဟုတ် ရုပ်အကျည်းတန်လို့ပဲ စိတ်သည် အကျည်း တန်သွားသလား?။ ဒီဘာသာစကား နှစ်ခုကြား ဒွိဟ ဖြစ်လို့နေမိတယ်။ ၀န်းကျင်မှာ အချို့ အချို့သော သူတွေ မကြာခဏဆိုသလို သုံးနေတဲ့စကား၊ ကိုယ်တိုင်လည်းစပ်ဆက်မူ့ရှိတဲ့ခါသုံးဖြစ်နေတဲ့ စကား

“ဟယ် ရုပ်နှင့်ရည်လိုက်ဖက်အောင် သိပ်အကျည်းတန်တာပဲ”ဒီစကားဟာ သူမ လိုလူတွေအတွက် တစ်ဆင့်နှင့် တစ်ဆင့် လက်ဆင့်ကမ်းခဲ့ကြတာပဲဖြစ်မည်။ သူမ၏ရုပ်သွင်သဏ္ဍန်ကိုဖော်ပြရလျှင် သူမသည် အရုပ် အဆိုးကြီး ထဲကမဟုတ်ပါ။ သို့ပေမယ့် သူမ၏ ရည် (စိတ်အရည်အချင်းကြောင့်) သူမရဲ့ ဥပဓိရုပ်ဟာ ပိုလို့ အကျည်းတန်မူ့
ကိုဖော်ပြနေသည်။

သူမ၏ ရုပ်သွင်သဏ္ဍန်ကို အနည်းငယ်သရုပ်ခွဲပြရလျှင် မျက်နှာသွယ်သွယ်၊မျက်ထောင့် ကျယ်ကျယ်၊ နှာတံ ဆင်း ဆင်း၊ သွားအနည်းငယ် ပေါ်တယ်၊ နုတ်ခမ်းက ကကြီးပုံ မပေါ်ပ လခြမ်းကွေး သဏ္ဍန် ဒါတွေ အားလုံး ပေါင်းစုပြီး ခန္ဓာကိုယ် သွယ်သွယ်လျလျကိုပိုင်ဆိုင်ထားသူ။ သူမရဲ့ ပိုင်ဆိုင်မူ့ပြလို့ ထင်ရတဲ့ ရုပ်အဖွဲ့အစည်းတွေကိုအပေါ်ယံ ရွှေမှုံကျဲ ဆိုသည့်စကားနှင့် ထပ်တူကျစွါ ကာလာစုံ အရောင်တွေနှင့် ပေါ်လွင်အောင် အစွမ်းကုန် ပြုပြင်မွမ်းမံ
ထားလေ့ရှိတယ်။

ဒါပေမယ့်သူမလှနေသလား အဖြေကတော့ ရှင်းပါတယ်၊ သူမ ဘယ်လောက်ပင် လှအောင်ပြင်ပြင် သူမ လှမနေ တာပဲ ဘာကြောင့်လဲဆို သူမ အမှန်တကယ် ပိုင်ဆိုင်ထားတဲ့ စိတ်အတွင်းသဏ္ဍန်ကို ပြုပြင်ပြောင်းလဲ ပြင်ဆင်နိုင် ဖို့မေ့လျော့စွါထိုင်းမှိုင်းနေသူ။ သူမ၏ ဇာတ်ရုပ်ကို အသေးစိတ်ခွဲပြရလျှင် သူမနာမ်မည်က ninik အင်ဒိုနီးရှား အမျိုးသမီး ကိုယ်ကတော့ သူမကို ကိုယ့်ထက် အသက်ကြီးသူမို့ kakninik လို့ ခေါ်တယ် (ကာနီနီ) မြန်မာလိုဆို ရင်တော့ မနီနီပေါ့။ အခြားသူတွေကတော့ ကွယ်ရာမှာ သူမကို gigi (ဂီဂီး) လို့ခေါ်လေ့ရှိတယ်။

မြန်မာလို သွားခေါသူလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ သူမနှင့် ကိုယ်တစ်ရုံးထဲမှာ ရပ်တည်နေကြသူတွေပါ။
ဒါပေမယ့် သူမနှင့်ကိုယ် Deparment ၊position မတူ ကိုယ်က အကောင့်ပိုင်းက အကူ သူမကတော့ မြန်မာ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ နီပေါ၊ ဘင်္ဂလား အလုပ်သမားတွေကို ကွန်ထိုး control လုပ်နေရတဲ့ spervisor စူပါ ဗိုက်စာနေရာကို ခံယူထားသူ။ “နေရာဆိုတာ ယူတတ်မှရတယ်” ဒီစကားဟာ သူမအတွက် ဂုဏ်ပုဒ် တစ်ခု
တကယ်လည်းသူမနေရာကို ရအောင်ယူတတ်ခဲ့သူ သူမအလုပ်စ၀င်တော့ အရင်ရောက်နှင့် သူအချို့ကပြောကြ တယ်။ သူမမှာ ဘာအတတ်ပညာမှ မရှိပဲ သူဌေး မည်သို့ အလုပ်ခန့်လေသနည်း။ သူမမှာ အရည်အချင်းရှိလို့ ဖြစ်ပေလိမ့်မည်ဟု ခံယူထားလိုက်ကြသည်။

တကယ်လည်းသူမရဲ့အရည်အချင်းကို သူမ အတွက်နေရာရဖို့အသုံးချတတ်လာတယ် သူမ နေရာရဖို့ သူများကို ပါးပါးလှီးတတ်လာတယ်၊ကတုံးပေါ်ထိပ်ကွက်လုပ်တတ်လာတယ်၊စာနာမူ့ကင်းမဲ့လာတယ်။သူမရဲ့ အကျည်းတန် မူ့တွေကို ဂုဏ်ယူဝင့်ကြွားစွါ အဖော်ပြုရင်း အလုပ်သမားတွေ အပေါ် သနားညာတာကြင်နာမူ့ ကင်းမဲ့လာတာပဲ။ ကိုယ့်မြန်မာတွေက မြန်မာစူပါဗိုက်စာ Supervisor သီးသန့် ထားရှိပြီးသားမို့ သူမ မည်သို့မှ မလုပ်ရဲပေမယ့် အာရှနိုင်ငံငယ်လေးတွေ ထဲကနေ ဒီလိုနေရာလေးမှာ စုပြီးလာလုပ်ကြသူတွေ ထဲမှာ အခြားနိုင်ငံသား ကမ္ဘောဒီယား၊ ဘင်္ဂလားနိုင်ငံသား နိုင်ငံသူတွေကမြန်မာတွေလောက် ဥာဏ်ရည် ဥာဏ်သွေးမမှီသလို ထုံအအ
နိုင်လွန်းလှသည်။

အလုပ်ရှင် တစ်ဖက်သူဌေး customer က မကြိုက်လို့ သူတို့လေးတွေကို ပြန်ပို့သည့်ခါ သူမ အလုပ်သမား တစ်ယောက်ရဲ့ ဖြစ်တည်မူ့တွေကို နားထောင်ပေးလေ့မရှိ မိဝေးဖဝေး မျက်စိသငယ် နားသငယ်နှင့် ရောက်လာ ကြသည့် သူတို့လေးတွေကို စာနာကင်းမဲ့စွါ သူမ ငှက်ဆိုးထိုးသံကဲသို့သောအသံမျိုးနှင့် အော်ဟစ် ဆူဆဲနေသည် မှာ နိစ္စဓူဝ အကျည်းတန်လွန်းလှသည်။ *လောကမှာ မည်မျှပင် အကျည်းတန်ကာ ရုပ်ဆိုးနေစေကာမူ စိတ်နှလုံး အလှဖြင့် ပြုပြင်မွမ်းမံထားလျှင် ရှု့မြင်သူရင်မှာ အမှန်တကယ်ပင် အကျည်းတန်မနေပဲ လှနေမည်မှာ အသေ အချာ ပင်ဖြစ်ပါသည်။

ယခုဘ၀ ရုပ်အကျည်းတန်နေ သူတွေဟာ ရှေ့ကပြုခဲ့ဖူးသည့် ကံအကြောင်းတရားကြောင့် လက်ရှိမှာ အကျိုး တရား ရုပ်အကျည်းတန်ခြင်းကိုလက်ခံထားရပေမယ့် လက်ရှိမိမိရုပ်ကို စိတ်နှလုံးအလှဖြင့် ပြုပြင်ပြောင်းလဲပြစ်ဖို့ အခွင်းအရေးတွေ ရှိနေသေးသည်မို့ သံသရာနှင့် လက်ရှိအတွက်ပါ ရုပ်အလှကို ရရှိဖိုစိတ်နှလုံးအလှကိုမွေးမြူစေ
ျင်ပါသည်။****

**************@@@@@@@@@@@@@@@@@**********
*ခုတလောသူမကြောင့် နေ့စဉ် လိုလိုမြင်တွေ့နေရတဲ့ သူမရဲ့အကျည်းတန်မူ့တွေကို စိတ်လက်မချမ်းသာဖြစ်နေ ရသည်မို့ ရေးဖြစ်သွားတာလေးပါ။* ဤစာကိုရေးသားသူ ကျနော်ကိုယ်တိုင်ပင် အမှန်တိုင်းဝန်ခံ ရရင် ချို့ယွင်းမူ့ အမျိုးမျိုးနဲ့ရုပ်အကျည်းတန်သူပါ။ ဒါပေမယ့် ကျနော် သိတတ်သည့်အရွယ် ကနေစလို့ ယနေ့ ချိန်ထိအောင်ဝန်တို မူ့ ကင်းအောင်..မိမိနေရာတစ်ခုရဖို့အတွက် သူတစ်ပါး ရင်ဘတ်ပေါ်လမ်းဖြတ်မလျှောက်မိအောင်၊ သူများ မျက်ခုံ မွေးပေါ် စင်္ကြန် မလျှောက်မိအောင်၊သူတပါးကိုစိတ်ဒုက္ခမပေးမိအောင် ကိုယ့် ကိုကိုယ်ချွန်းအုပ်လိို့့စိတ်ထားအလှ မွေးမြူနိုင်အောင်ကြိုးစားနေပါတယ်။*


**********************************************************

*ကျနော့် မွေးစားအမတစ်ယောက်ကတော့ ကျနော့်ကို ဒီလိုပြောလေ့ရှိတယ် ဘုတ်ဆုံလေးက မလှပေမယ့် ပြုံးလိုက် ရင်ချစ်စရာလေးတဲ့ ဒါကြောင့်ကျနော်လည်း လူတိုင်းကိုအပြုံးလေးနဲ့နုတ်ဆက်သလို မှန်ရှေ့ ရောက်ရင် လည်း အခါတစ်ရာလောက် ပြုံးကြည့်ပါတယ်။ သူမကတော့ ကျနော့်ကို ဘုတ်ဘုတ်လေး ဘုတ်ဘုတ်လေးနဲ့ သိပ်ချစ်တာဗျ ဟဲဟဲ စိတ်တိုလာရင်တော့ဘုတ်ဆုံမလို့အော်ခေါ်လေ့ရှိတယ်။ ပွါးကြည့်တာ*

မေတ္တာအားဖြင့်
ခိုင်နုငယ်(၁၂.၅.၂၀၁၀)

No comments: