အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Monday, August 6, 2012

~ကြယ်ရောင် ပျောက်သောည~

~ကောင်မလေးရေ..........မင်း ခဏ ခဏ
ကြယ်တွေကို ရေတွက်ကြည့်ရန်မလိုတော့ပါ....

~ကောင်မလေးရေ......မင်း ခဏ ခဏ
ကြယ်တွေရဲ့ အနက်ကို ဖွင့်ဆိုကြည့်ရန်မလိုတော့ပါ..

~ကောင်မလေးရေ....... မင်း ခဏ ခဏ
ကြယ်ပုံပြင်တွေကို တယုတယ နားဆင်ကြည့်ရန်မလိုတော့ပါ...

~ကောင်မလေးရေ.....မင်း ခဏ ခဏ
ကြယ်တမ်းချင်းတွေ အမှောင်စမ်းသီရန်မလိုတော့ပါ...

~ကောင်မလေးရေ...... ကြယ်တွေက
မင်းနဲ့ဝေးလွန်းသော အရပ်မှာ သီးသီးသန့်သန့်လေး ရှိနေကြဦးမှာ



ကြယ် သီရင်း ဖျားနာခဲ့သော ကောင်မလေးအတွက်
ပုံလေးကို ဒီကနေ ယူသုံးစွဲထားပါတယ်...