အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Tuesday, June 8, 2010

အမေ့ရင်ခွင်



အမေ့ရင်ခွင်…အရိပ်က

ထွက်ခွါလာခဲ့တာ….

ဒီနေ့ဆို……သုံးနှစ်ပြည့်ပြီ။


လနဲ့ရေတွက်ရင် သုံးဆယ်နဲ့ခြောက်လ

ရက်နဲ့ရေတွက်ရင်…………..

ရက်ပေါင်းတစ်ထောင်နဲ့ရှစ်ဆယ်

အမေရေ…………

ဒီဘက် ကမ္ဘာခြမ်းမှာတော့

အမေ့ရိပ်မြုံလေးလို မအေးချမ်းဘူး

မုန်တိုင်းတွေထန် ရေဆန်မှာအန်တုလို့

တက်ကုန်ရွက်လွင့်နေရတယ်………..

ခေါင်းမငုံ့စတမ်း အန်တု

ရန်ပြုစရာတွေကိုလည်း

မာန်မနုနေဘဲ ပြန်ရှုနေခဲ့ရဖူးတယ်။

“သမီးရေ ဘ၀ဆိုတာ

ကြမ်းတမ်းပေမယ့် နေသလိုဖြစ်တဲ့ဘ၀ထဲ

ဖြစ်သလိုမနေပါနဲ့ တဲ့”

အမေ့အမှာစကားလေးတွေ

အထပ်ထပ်အခါခါရေရွတ်မိပြန်တယ်။

အမေပေးလိုက်တဲ့ အဖြူရောင်အင်္ကျီလေး

သမီးအမြတ်တနိုးနဲ့

အခုထိသိမ်းထားဆဲပါ …… အမေ

အချို့ကတော့ …..

အျဖဴေရာင္အက်ီၤေလးကုိ

အရောင်ဆိုးချင်နေကြတယ်…..

သမီးအသက်ရှင်နေသရွေ့

အမေပေးထားတဲ့

“အဖြူရောင်လေး”

ဘယ်တော့မှအရောင်မညစ်စေရပါဘူ

အမေ……………………။


မေတ္တာအားဖြင့်
ခိုင်နုငယ်

2 comments:

Anonymous said...

i like this poem....really nice poem....

သိ င်္ဂါ ရ said...

နေသလို ဖြစ်တဲ့ ဘ၀ထဲမှာ ...

ဖြစ်သလို မနေပါနဲ့ တဲ့ ...

အဓိပ္ပာယ် ပြည့်တယ် ...