အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Sunday, May 15, 2011

လတ်တလော စိတ်ဆန္ဒများ (တဂ်)

၁) အစားချင်ဆုံး အစားအစာ - လတ်တလော စားချင်နေတာက ကြေးအိုးပေါ့နော်။ (အူးအုပ်ကတော့ ပြောပါတယ် ဘလောပ့်ပြန်ရေးရင် ၀ယ်ကျွေးမယ်တဲ့….. :)

၂) နေ့တိုင်းစားဖြစ်တဲ့ အစား - ဒါကတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး နေ့တိုင်း စားဖြစ်နေတာ ထမင်းနဲ့ဟင်းပေါ့နော်။

၃) အလိုချင်ဆုံး ရေမွှေး - အင်း…..အပုပ်ကောင်ကို ရုပ်ဆောင်နေမှန်း သိနေတော့လည်း အလိုချင်ဆုံးရေမွှေးရယ်လို့ခရေဇီမဖြစ်မိပါဘူး။

၎) သုံးဖြစ်နေတဲ့ ရေမွှေး - ကိုယ်သင်း ရနံ့လေးက မွှေးနေတာပဲလို့ ပြောတာမို့ ကိုယ့်ဖာသာပြောတာပါ) …. :) ထွေထွေထူးထူး ရေမွှေးကို မသုံးဖြစ်ပါဘူး။ကိုယ်က ရေမွှေးနံ့ပြင်းရင် ခေါင်းမူးတတ်တာမို့ ရနံ့ဖျော့ဖျော့လေးတွေပဲ သုံးဖြစ်ပါတယ်။ ရေမွှေးတံဆိပ်တော့ ပြောတော့ဝူးနော်

၅) အလိုချင်ဆုံး မွေးနေ့လက်ဆောင် - မဖြစ်နိုင်မှန်းသိရက်နဲ့ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျပါစေဆိုတဲ့ ဆုပေးစကား လက်ဆောင်မျိုးပေါ့နော်….။

၆) အလိုချင်ဆုံး ဖုံး - အလိုချင်ဆုံးဖုံးရယ်လို့ မရှိပါဘူး။ ဆက်သွယ်ရေး ဧရိယာအတွင်းမှာ ဆက်သွယ်လို့ ရနေနိုင်ရင် ပြီးတာပါပဲ။

၇) သုံးဖြစ်နေတဲ့ဖုံး - အသံပဲကြားလို့ရနိုင်တဲ့ NOKIA ဖုန်းစုတ်လေးပါ…..ခုတော့ ဇရာကစကား ပြောလာလို့ပဲဖြစ်မယ် အသံတောင်သိပ်မထွက်တော့ဘူးရယ်။

၈) အရူးသွပ်ဆုံးအရာ - ပင်လယ်ကမ်းခြေလို နေရာမျိုးမှာ အလင်းရောင်ရှိနေမဲ့ မနက်ခင်းအလှတွေ အလင်းရောင် ပျောက်ကွယ်နီးစဲစဲ ညနေခင်းအလှတွေကို ဗွီဒီယိုကင်မရာလေးနဲ့ အနီးအဝေး လိုသလို ချုံ့ချဲ့ပြီး သဘ၀အလှကို ခံစားကြည့်ချင်တယ်။

၉) အနီးစပ်ဆုံး ဂီတ - လူလစ်ရင် သီးချင်းဆိုတာ ခပ်တိုးတိုးလေး သီချင်း ညည်း ရတာမျိုးပေါ့။ ဥပမာရေချိုးခန်းလို နေရာမျိုးပေါ့……

၁၀) အလိုချင်ဆုံး စာအုပ် - မရှိပါဘူး။ တော်သလို သင့်သလို မှတ်ရမှာ ကိုယ့်ချင့်ချိန်ဥာဏ်ပဲမို့ ကြုံတဲ့ စာအုပ်ဖတ်ဖြစ်လိုက်တာပါပဲ။

၁၁) အခုဖတ်ဖြစ်နေတဲ့ စာအုပ် - အရှင်ဆန္ဒာဓိကရဲ့ “တစ်ယောက်တည်းနေ တစ်စိတ် တည်းထားတဲ့” တရားဖတ်မှ အသက်ရှည်ဆိုတော့လည်း.……. ဒါလေးတွေရှာဖွေ ကာဖတ်နေမိတယ်။

၁၂) အကြားချင်ဆုံး စကား - မုသားမပါတဲ့ အချိုဆုံးစကား

၁၃) အဖြစ်ချင်ဆုံး ဆန္ဒ္ဒ - ဖြစ်သင့်တာတွေထဲ ဖြစ်ချင်တာတွေ ပျောက်ဆုံးနေခဲ့ရတာ ကြာခဲ့ပြီမို့ ဖြစ်ချင်တဲ့ ဆန္ဒတစ်စုံတစ်ရာရယ် မရှိတော့ပါဘူး။

၁၄) အလိုချင်ဆုံးဆု - ဆုတောင်းတိုင်းလည်း မပြည့်ဝနိုင်သလို တောင်းတဲ့ဆုကလည်း ကိုယ်တိုင် ကျင့်ကြံကြိုးကုပ် အားထုတ်နိုင်မှဆိုတော့ သိပြီး မလုပ်နိုင်သေးတဲ့ နိဗ္ဗာန်ချမ်းသာကို ရလွယ်ရောက်လွယ်ရပါလို၏ပေါ့။

၁၅) အသွားချင်ဆုံး နေရာ - လတ်တလောသွားချင်နေတာ ပင်လယ်ကမ်းခြေ

၁၆) သွားဖြစ်နေတဲ့နေရာတွေ - အလုပ်နဲ့အိမ်။ အိမ်နဲ့အလုပ်

၁၇) အကြည့်ချင်ဆုံး ရုပ်ရှင် - ခုတလော ဟာသဇာတ်လမ်းလေးတွေ ပဲကြည့်ချင်နေတယ်။ လတ်တလောကြည့်ဖြစ်နေတဲ့ ရုပ်ရှင်ကတော့ အကြည်တော် ကိုယ်တိုင်ရေးဖွဲ့ ဇာတ်ညွှန်းခွဲထားတဲ့ “ချစ်ကံပွင့်နဲ့ မချောလေးဆယ်” (မကြည့်ရသေးသူများ ကြည့်ဖြစ်အောင် ဤကားကြော်ငြာပါ။ တော်တော် ရယ်ရပါတယ်)

၁၈) အပြောချင်ဆုံး စကား - အရာရာတိုင်းကို မေတ္တာဖြင့်သာ ရှေ့ရူ့ပါ။ ဧကန် စိတ်နှလုံးအေးချမ်းပါလိမ့်မယ်လို့။

၁၉) အယုံကြည်ဆုံး လူသား - မိမိကိုယ်ကို ကိုယ်သာလျှင် ကိုးကွယ်ယုံကြည်ရာမို့ကိုယ့်ကို ကိုယ်ပဲ ယုံကြည်တယ်။

၂၀) မယုံကြည်ဆုံးအရာ - အတင်းအဖျင်းဆိုတဲ့ သတင်းစကား

၂၁) အမုန်းဆုံးအရာ - ဥပေက္ခာ ပြုထားလို့ ရှိကို မရှိပါဘူး။

၂၂) အသောက်ဖြစ်ဆုံး အအေး - လိမ္မော်ရည်

၂၃) လတ်တလော အထိတွေ့ဆုံး အရာ - *Sky Blue*၀က်စကားနဲ့ ငှားပြောရရင် လတ်တလော ထိတွေ့နေတာ ကွန်ပြူတာနဲ့ကီးဘုတ်ပါ။ :)

၂၄) မကောင်းတဲ့ ကျန်းမာရေး - ခေါင်းလျှော်ပြီးတိုင်း နှာခေါင်းပိတ်တတ်တာ။

၂၅) အကောင်းဆုံးအဖော် - သတိတရား နဲ့အသိတရား (တစ်ချက်တစ်ချက် လွှတ်ထွက် သွားတတ်တာမို့ သူ့တို့ကိုအမိဖမ်းနိုင်ဖို့ ကြိုးစားနေဆဲပေါ့။)

၂၆) လက်ရှိအကြိုက်ဆုံး သီချင်း - ၀ိုင်းစုရဲ့ မက်လောက်စရာ အခွေထဲက (လမ်းမကြီးရဲ့ဘေး)

၂၇) အကြောက်ဆုံးအလုပ် - ကိုယ့်ကြောင့် သူတစ်ပါးစိတ်ဒုက္ခရောက်စေမယ့်အလုပ်

၂၈) တန်ဖိုးထားဆုံးအရာ -မေတ္တာတရား၊ ကိုယ်ကျင့်တရား

၂၉) အကြောက်ဆုံး တိရိစ္ဆာန် - တီကောင်၊ ပက်ကျိ (အဲလိုပျော့စိစိ အကောင်တွေကို သိပ်ကြောက်တာ)

၃၀) တွေ့ဖြစ်နေတဲ့ဘလော့ဂ်ဂါတွေ - အူးအုပ်*အုပ်ကြီး*၊ကိုဇော်၊ ဦးမောင် *မောင်ပါလ* ၊ကိုမိုးယံ၊နေဇော်လင်း။ ဒါနဲ့စကားမစပ် ရပ်ဝန်းတစ်ခုတည်းမှာ အတူရှိနေတဲ့အိန်ဂျယ်ရှ်ပါနဲ့လည်း ကံကြုံရင် အပြင်မှာ ဆုံးဖူးချင်သေးပါကြောင်း။

၃၁) အပြင်သွားတိုင်းပါတဲ့ ပစ္စည်း - ဟို နိုင်ငံကူလက်မှတ်လို့ ခေါ်တဲ့ အနီရောင်စာအုပ်ရယ်၊ထီး၊ဖုန်း

၃၂)စိတ်အညစ်ဆုံးအချိန် - မင်းသဘောလို့ ပြောခံရတဲ့ချိန် ဥပေက္ခာပြုခံထားရချိန်ပေါ့

၃၃) ကြားလိုက်မိတဲ့ဟာသလေး တခု - လူသတ္တ၀ါတွေ အတ္တနဲ့ကင်းကုန်ကြပြီတဲ့။

၃၄) အနေချင်ဆုံးနေရာ - တော်ရာမှာနေရတဲ့ ဘ၀ဆိုတော့ နေချင်တဲ့နေရာရယ် မရှိသေးပါဘူး။

၃၅) ပေးချင်တဲ့သတင်းတခု - ဖွားရဲ့မြေး ဝက်ဝံလေး *Sky Blue *ယောကျာ်းရသွားပြီတဲ့ (ချစ်ဝက်လေး စတာနော် ဖွားကိုစိတ်ဆိုးနဲ့နော်)

၃၆) အပျော်ဆုံးဖြစ်မယ့် အချိန် - ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတစ်ထပ်တည်းကျမဲ့အချိန်

ဘလောပ့်နှင့် ကင်းကွာနေတာ (၇ လတိတိတောင် ရှိသွားပြီးပါပြီ။) ဘလောပ့်မိတ်ဆွေ စာဖတ်သူများကို မလေးမစားပြုမူသလို ရုတ်တရက် နုတ်မဆက် တိတ်တိတ်ပုန်းနေမိတာ အားလုံးကို ဒီနေရာကနေပဲ လေးစားစွာ တောင်းပန်ပါတယ်လို့......စာမရေးချင်တော့လို့လည်း မဟုတ်ပေမယ့်ပြောရမယ်ဆိုရင်အပျင်းကိုထူနေမိတာပါ.....။ :) :) ဆက်လက်၍ အိန်ဂျယ်ရှ်ပါနှင့်မသဒ္ဓါ အဆင်ပြေမယ်ဆိုရင်ရေးပေးစေလိုပါသည်။

ဤ တဂ်ပိုစ့်အား ရေးဖြစ်ဖို့ တဂ်ခဲ့သည့် အူးအုပ်အား ကျေးဇူးတင်ပါ၏။

မေတ္တာဖြင့်

ခိုင်နုငယ်