အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Saturday, July 3, 2010

အမောပြေ

တဘ၀တာအတွက် ပင်ပန်းသော်လည်း
ပင်းပန်းတယ်လို့ ငါမထင်
ငါ့မိဘ မောင်နှမတွေကြောင့်ပင်
ငါ့မိဘ အကြောင်းစဉ်းစားလျှင်ပင်
ဘ၀ အမောတစ်ဝက်ပြေခဲ့ပြီ။
ငါ့အမအကြောင်း စဉ်းစားလျှင်ပင်
ငါပျော်ပါ၏။
ငါ့မောင်အကြောင်း စဉ်းစားလျှင်လည်း
ငါပျော်ပါ၏။
ငါ့ညီမလေးအကြောင်း စဉ်းစားလျှင်လည်း
ငါပျော်ပါ၏။
ငါ့မောင်၊အမ၊ညီမများလည်းပျော်ရွင်နိုင်ပါစေ။







*****************************************************************************
ကျွန်မမောင်ငယ်လေးရေးပို့လိုက်တဲ့ကဗျာလေးပါ။ (ပို့လိုက်တာကြာပါပြီ)
"ဒီကဗျာလေးဖတ်ပြီးအမောဖြေပါ။မမလေး"တဲ့။ခုတလောအလုပ်ရှုပ်ရတဲ့ကြားထဲစိတ်ကမလန်း
ဘူးရယ်။တစ်ခါတစ်လေ..စာဖတ်သူတွေလည်းအဲသလိုဖြစ်တတ်ကြပါသလား။
ဒါကြောင့်ရှေးလူကြီးတွေကလူတွေဟာ..ပုထုဇနောဥမ္မာဒကောလို့ပြောတာဟုတ်မယ်။နှော်။
ကဲ...ကျွန်မတော့ဒါလေးဖတ်ပြီး..အမောပြေသွားပါပြီ။
စာဖတ်သူများလည်း..ဘ၀အမောတွေပြေပြီးပျော်ရွှင်နိုင်ကြပါစေ။
*****************************************************************************

မေတ္တာအားဖြင့်
ခိုင်နုငယ်

19 comments:

လသာည said...

ဟုတ်ကဲ့ စာဖတ်သူ မမလသာညလည်း အဲလိုဖြစ်ပါတယ် ညီမလေးရယ်း)

မိဝေးဖဝေးမို့ စိတ်မညစ်နဲ့ ဘ၀ဆိုတာ ဒီလိုပဲ။ ပျင်းတဲ့အခါ အစ်မတို့ ရှိတယ်..ကူငိုပေးမယ်..

သူကြီးမင်း (တုံးဖလား) said...

အမေပြောတဲ့ အမောပြေဆိုတာ ဒီလိုမျိုးကို ပြောတာထင်တယ်။းဝ)

ချော(အစိမ်းရောင်လွင်ပြင်) said...

အမောပြေလာဖတ်သွားတယ်
မောင်ညီမတွေပေါ် စိတ်စေတနာကောင်းတဲ့ ညီမလေးလဲ
ဘ၀အမောတွေပြေပါစေ..
အစစအဆင်ပြေပါစကွယ်..

ကိုဇော် said...

ဖြစ်တတ်တာပေါ့ဗျာ။
ဒီထက်တောင်မှ တစ်ခါ တစ်လေ ပိုပါတယ်။

နေ၀သန် said...

အင်း... မခိုင်နုငယ်ပျော်တယ်မလား... ဒါဆို ကျွန်တော်တို့စာဖတ်ပရိသတ်လည်းပျော်ပါတယ်ဗျာ..း)))))


ခင်မင်တဲ့
နေ၀သန်

SHWE ZIN U said...

ညီမငယ် ပျော်တဲ့ အတွက် အမလည်း ပျော်ပါသည်

ပန်းနုနှင်းဆီ said...

အမြဲပျော်ရွှင်ပါစေ မခိုင်နုရေ..
မိဘနဲ့ဝေးတဲ့အရပ်မှာ အစစအရာရာ အဆင်ပြေပါစေနော်

Myanmar Good Knowledg Co., Ltd said...

အိုး.............
ကဗျာလေးက ကျွန်မကိုရေးပေးသလိုပဲ။
မျှဝေတာကျေးဇူးတင်ပါတယ်။
ဘ၀တူတွေပါ။
ခင်မင်လျှက်။

blackroze said...

ခိုင်နုရေ...လူဆိုတာရုန်းကန်လှုပ်ရှားခြင်းနဲ့ဘဲ
အသက်ဝင်နေတာလေ..စိတ်ဓါတ်မကျပါနဲ့နော်..

ဘဝအမောတွေပြေနိုင်ပါစေလို့

Junction Point said...

ထပ်တူခံစားသွားပါတယ် သူငယ်ချင်းရေ

Junction Point said...

ထပ်တူခံစားသွားပါတယ် သူငယ်ချင်းရေ

မြစ်ကျိုးအင်း said...

မိသားစုဆိုတာ သံယောဇဉ်တွေနဲ့ ချည်နှောင် ထားတာဆိုတော့ သူတို့ အတွက် ပျော်ရ ဝမ်းနည်းခြင်းတွေ ဖြစ်ရနဲ့ တက်ကြွလှုပ်ရှားမှု တွေ အမြဲဖြစ်ရတယ်။
ဘဝအမောတွေ ကြားမှာ တစ်ဦးကိုတစ်ဦး ပျော်ရွှင်စေတာလည်း မိသားစုပါပဲ

မောင်သီဟ said...

ခွိုင်ထီ့း)
လိမ်မာလိုက်တဲ့ မောင်လေး အစ်မကိုကဗျာလေးနဲ့ ချွေးသိပ်ပေးတယ်း)

နုငယ် said...

ညီမလေးရေ..

အမ ဆိုတာဒီလိုပါပဲ..မောင်လေးညီမလေးများရဲ့ မှန်လေးတစ်ချပ်ပါ။
ခင်တဲ့
မနုငယ်

SHWE ZIN U said...

ညီမ ပျော်ရင် အမတို့လည်း ပျော်ပါတယ်

ခင်တဲ့
ရွှေစင်ဦး

ကိုအောင် said...

ပျော်တယ်လို့ ရေးထားတာ ကြည်နူးစရာပါ။

ချိုကျ said...

ဟုတ်ပါတယ် မခိုင်နုငယ်.....ဒီလိုပါပဲဗျာ ကျနော်တို့လည်း ဒီအတိုင်းခံစားရတတ်ပါတယ် တစ်ခါတလေပေါ့ မိသားစုဝင်တွေအကြောင်း တွေးတဲ့အခါတော့ စိတ်သက်သာရာ ရကြတာပေါ့ဗျာ......

ခင်တဲ့(ချိုကျ)

ahphyulay said...

အစား ထိုး လို့ မရတဲ့  အရိပ် တွေ ပေါ့ နော်..၊
တစ်ခါတစ်လေ နီးနေတုံး တွေမှာ အရိပ် ရဲ့  တန်ဘိုး
တွေကို မသိ ခဲ့ ပေမဲ့  ဝေး နေရတဲ့ အချိန်မှာတော့ 
ကြီးစွာ ပဲ စိတ်မကောင်း ဖြစ်ရပါတယ်။
ပျော်ရွှင် အမော ပြေ ပါစေဗျာ..။

သိ င်္ဂါ ရ said...

ကျွန်တော့် အမောပြေလေး အကြောင်း ...

သတိရသွားတယ် ... ကျေးဇူးပါ နုငယ် ... :)