အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Thursday, July 22, 2010

လပျောက်သွားသော....ည




ကောင်လေးရေ……..

စောင့်နေပါ……အဲဒီစကားလုံးတွေနဲ့


အကျွမ်းဝင်သွားခဲ့တဲ့နေ့ကစလို့………။


အေးစက်စက်နှင်းညတွေထဲ


အကြင်နာမီးအိမ်ငယ်ထွန်းညှိလို့


ဘူတာရုံလေးထဲ………………..


ကောင်မလေးရပ်စောင့်နေခဲ့တယ်။


ကောင်လေးရေ…..


နောက်ဆုံးရထားတွဲတွေဆိုက်ချိန်ထိမင်းပါမလာခဲ့ဘူး။


တစ်ချို့က…..မျက်လုံးစိမ်းတွေနဲ့စူးစိုက်ကြည့်တယ်။


တစ်ချို့က……ဂရုဏာမျက်ဝန်းနဲ့ခပ်စွေစွေကြည့်တယ်။


တစ်ချို့က……ဥပက္ခာမျက်ဝန်းတွေနဲ့ကြောင်တောင်ကြည့်သွားကြတယ်။


ကောင်မလေးမျှော်လင့်နေတာမင်းမျက်ဝန်းတစ်စုံတည်းပါ။


ကောင်လေးရေ………….


နှင်းညတွေအေးခဲသွားကြပေမယ့်


မျှော်လင့်ခြင်းကမ်းပါးမှာ………..


ကောင်းမလေးနွေးထွေးနေတုန်းပါပဲ။


ကောင်းလေးရေ…………..


တစ်စက္ကန့်ပြီး တစ်စက္ကန့်


တစ်နာရီပြီး တစ်နာရီ


တစ်ရက်ပြီး တစ်ရက်


ရာသီတွေသာအိုဟောင်းသွားကြပေမယ့်။


ကောင်မလေးရဲ့အိမ်မက်တွေလတ်ဆတ်နေတုန်းပါပဲ။


(မှတ်ချက်။ ။အဲဒီညကနမိုးနီးယားရောဂါနဲ့ကောင်မလေးတစ်ယောက်
သေဆုံးသွားခဲ့တာ။ကောင်းမလေးသူ့ကိုယ်သူသိမသွားခဲ့ပါ။)

*******************@@@@@@@@@*****************
စားကြွင်း။ ။ခေါင်းထဲကထုတ်ပြစ်လိုက်တဲ့အတွေးတွေခေါင်းထဲပဲပြန်ပြန်ရောက်လာတယ်ဆိုတာလိုပဲ။
စာရေးဆရာညီစုရဲ့ခရစ္စမတ်ည၀တ္ထုတိုလေးကိုဖတ်ပြီးကျွန်မ...လွမ်းသလိုလိုကြီးဖြစ်ကျန်နေခဲ့ပါတယ်။
ဒါနဲ့ဝတ္ထုလေးကိုခံစားပြီးကဗျာဆိုပြီးချရေးလိုက်ပါတယ်။အေးစက်စက်နှင်းညတွေထဲကကောင်းမလေး
ရဲ့ပုံရိပ်တွေကအတွေးထဲကထုတ်ပြစ်လို့မရနိုင်အောင်ပါပဲ။ရာသီမဟုတ်ပဲ..မိုးများရပ်ဝန်းမှာကျွန်မတစ်
ယောက်တည်းထူထူထဲထဲနှင်းခါးမိုးတွေများကျနေလေရော့သလား။ကောင်းမလေးနှင့်အတူစာဖတ်သူ
ချစ်မိတ်ဆွေများ..မျှော်လင့်ခြင်း..စောင့်စားခြင်းမှကင်းဝေးကြပါစေလို့။
******************@@@@@@@@@*****************

မေတ္တာအားဖြင့်
ခိုင်နုငယ်

26 comments:

ရေသန့်  said...

နောက်ဆုံးရထား ထွက်ခွါသွားတာကို
ကောင်မလေး မသိလိုက်ဘူးထင်တယ်

လင်းခေတ်ဒီနို said...

ကောင်လေးရေ………….

နှင်းညတွေအေးခဲသွားကြပေမယ့်

မျှော်လင့်ခြင်းကမ်းပါးမှာ………..

ကောင်းမလေးနွေးထွေးနေတုန်းပါပဲ။


း)
ကောင်းလိုက်တဲ့ ကဗျာလေးပဲ မယ်နု

နေ၀သန် said...

နဂိုစာလေးကို မဖတ်ဖူးလို့ထင်တယ် သိပ်မခံစားရပေမယ့် ကဗျာအရေးအသားလေးက နုလွန်းတယ်ဗျာ... ကောင်းတယ်..


ခင်မင်တဲ့
နေ၀သန်

သဒ္ဓါလှိုင်း said...

ညီမခိုင်နုနဲ့ထပ်တူဆုတောင်းမိပါတယ်ကွယ်..။
ကိုယ်တိုင်စပြီးခံစားရသူတွေရဲ့အိပ်မက်တွေကတော့
အမြဲလတ်ဆတ်နေမှာပါ..။

ခင်တဲ့
သဒ္ဓါ

SHWE ZIN U said...

သနားစရာ ကဗျာလေး ကို ဖတ်သွားတယ် ညီမရေ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

မူရင်း ၀တ္ထုလေးကို မဖတ်ဖူးပေမဲ့ ကဗျာကို ဖတ်ကြည့်တာနဲ့ လွမ်းစရာကြေကွဲစရာ ဖြစ်မယ်ထင်ပါရဲ့
ကောင်မလေး သနားစရာ..
ကောင်လေးက ဘယ်ရောက်သွားပါလိမ့်..
ဘာလို့မလာတာပါလိမ့်
ခုလို ပြောပြီးမှ မလာတဲ့ကောင်လေးတွေ ဒီကမ္ဘာကြီးမှာ ဘယ်လောက်များပြီလဲ...

လသာည said...

ဟင်း.... လပျောက်တဲ့ညတဲ့ အဲလောက်ဝမ်းနည်းစရာ မရှိတော့ဘူး ညီမလေးရယ်..
စိတ်မကောင်းဘူး......

ဘယ်သူ့အတွက်ပဲ ဖြစ်ဖြစ်၊ ဘယ်အချိန်၊ ဘယ်နေရာဖြစ်ဖြစ်
လသာမှ ပျော်တယ်..

အစ်မ လသာည..

သူကြီးမင်း (တုံးဖလား) said...

နူးညံ့လွန်းတဲ့ ကဗျာလေးကို ဖတ်ရင်း ကောင်မလေးကို မြင်ယောင်နေမိတယ်။ သူ့ခမျာ မျှော်လင့်ချက်များစွာနဲ့ စောင့်နေရရှာတာ။

ကိုဇော် said...

ဂလိုလည်း ရတာပဲနော်....
တတ်နိုင်ပ...

ညအလင်္ကာ said...

အလွမ်းတွေရင်ဝယ်ပိုက်နေတဲ့အချိန်မှာ
ဒီလိုကဗျာဖတ်လို့ရတော့
တိုက်ဆိုင်မှုတွေဖြစ်လာရင်း
ခံစားမိပါတယ် သူငယ်ချင်းခိုင်နုငယ်ရေ

ခင်မင်စွာဖြင့်
ညအလင်္ကာ

ဒေါင်းမင်း said...

ကဗျာလေးကနုညံ့လိုက်တာ..
လရောင်လွှမ်းနေတဲ့ညတွေဆိုကျွန်တော်အတွက်တော့
ထာဝရမမေ့နိုင်စရာနေရက်တွေပါ......
ခင်မင်စွာဖြင့်
ဒေါင်းမင်း

ချိုကျ said...

နောက်ဆုံးရထားက နင်းချေပြီးသွားလိုက်သလိုပါပဲဗျာ...
ကဗျာလေးဖတ်ပြီး ခံစားမိပါတယ်။ ကျနော်လည်း ရထားရာဇဝင်တွေရှိခဲ့ဖူးရဲ့ :)

ခင်တဲ့(ချိုကျ)

Anonymous said...

ကောင်လေးနဲ့ကောင်မလေးတို့ အကြား အနေခက်လိုက်တာ

မောင်ဘကြိုင်

အင်ကြင်းသန့် said...

လပျောက်သွားတဲ့ည....

မျှော်လင့်ခြင်းတွေ၊ စောင့်စားခြင်းတွေနဲ့....း((

ကဗျာလေးကို ခံစားသွားတယ် ညီမလေးရေ။

အကြမ်းထည် said...

Great !!!
Carry on.
Cheers!!!!
with reps;

ယွန်း said...

ကဗျာလေးက သနားစ၇ာနော်..

ခင်တဲ့
ယွန်း

အဖြူရောင်နတ်သမီး said...

ကဗျာလေး ထပ်တူလာခံစားသွားပါတယ်..ညီမလေးရေ..

မြစ်ကျိုးအင်း said...

ကဗျာလေးကိုက ဇာတ်လမ်းလေး တခု လို ခံစားမြင်လွယ်စေပါတယ်။

ကောင်းမွန်ဝင်း said...

ခိုင်နုငယ်ရေ
ညွှန်းထားတဲ့ ၀တ္တုကိုမသိပါဘူး၊
ညီမရဲ့ ကဗျာကတော့ သနားစရာခံစားချက်ကိုဖြစ်စေတယ်နော်။

မိုးစက်အိမ် said...

ကောင်မလေးက စောင့်နေမယ်ထင်ထားခဲ့တာ
သူက အရင်ထွက်သွားဘဲဗျ :(

ဇော်သိင်္ခ said...

ကဗျာလေးက ခံစားချက်ကဗျာလေးဖြစ်တဲ့အတွက်... ကောင်မလေး...အတွက် သနားမိပါတယ်ဗျာ....

proxy အခက်အခဲကြောင့် အမြဲလာပြီး စာတွေ မဖတ်နိုင်တာကိုခွင့်လွှတ်နော်.. အဆင်ပြေတဲ့အချိန်လေးတွေတော့ စာတွေ အပြေး လာဖတ်သွားပါတယ်...


ခင်မင်စွာဖြင့်
ဇော်သိင်္ခ

Cameron said...

ကောင်လေးရေ...ကောင်မလေးခန္ဓာသေဆုံးသွားပေမယ့် နှလုံးသားတော့ ရှင်သန်လျက်ပါ...

ခင်တဲ့
မိုးငွေ့

~ဏီလင်းညို~ said...

ခိုင်နုရေ့......

ကဗျာလေးလာဖတ်သွားတယ်.....။
သနားစရာလေး.....။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

အိမ့်ချမ်းမြေ့ said...

မင်္ဂလာပါ ခိုင်နုငယ်..

ကဗျာလေးလာဖတ်သွားပါတယ်း))

ငြိမ်းစိုးဦး said...

ခိုင်နုငယ်ရေ,
မဖတ်ရသေးတဲ့ အဟောင်းကိုလာဖတ်ပါတယ် ။
ဒီကဗျာလေးက အလွမ်းဇာတ် တစ်ခုကို ပြညွှန်ရာနောက် လိုက်ခဲ့ တွေးခဲ့မိပါတယ်။
ငြိမ်းစိုးဦး

မောင်စေတနာ said...

ကဗျာလေးက ဇတ်လမ်းလေးတစ်ခုလို စဉ်းစားမိသွားစေတယ် မမရေ အားပေးသွားပါတယ်ဗျာ။
မမဆိုက် လင့်လိပ်စာလေး ပျောက်နေလို့ ပြန်ယူသွားလိုက်ပီ ..ကျေးဇူးနော် မမ ..

ခင်မင်လေးစားလျှက်

မောင်လေး ...