"Thank You" ခင်ဗျားကမ္ဘာနဲ့ချီပြီး
သံယောင်မလိုက်နဲ့ အဲဒီစကားလုံးတွေ
ကျနော့်အတွက်အဓိပ္ပာယ်မဲ့သွားခဲ့တာကြာပြီ။
"အချစ်" ခင်ဗျားမျက်နှာဖုံးတွေတပ်လို့
စွတ်စွတ်မပြောနဲ့ အဲဒီစကားလုံးတွေ
ကျနော့်အတွက်လူရာမ၀င်ခဲ့တာကြာခဲ့ပြီ။
"သတိရခြင်းလား" ခင်ဗျားလျှာအရိုးမရှိတိုင်း
ခပ်ဖွဖွမပြောနဲ့ အဲဒီစကားလုံးတွေ
ကျနော်ထွေးထုတ်ခဲ့တာကြာခဲ့ပြီ။
"လွမ်းမိသတဲ့လား" ခင်ဗျားဟန်ဆောင်အပြုံးနဲ့
မကျီစယ်ချင်နဲ့ အဲဒီစကားလုံးတွေ
ကျနော်အန်ထုတ်ခဲ့တာကြာခဲ့ပြီ။
"မျှော်လင့်ခြင်း" ခင်ဗျားရင်ဘတ်ကို
နွားဖားကြိုးမထိုးချင်နဲ့ အဲဒီစကားလုံးတွေ
ကျနော့်အတွက်ရင်ဘတ်ပေါက်နဲ့မျိုချနေခဲ့ရတာကြာခဲ့ပြီ။
"သစ္စာတရား" ခင်ဗျားမွဲပြာပုဆိုးကို
အရောင်မတင်ချင်နဲ့ အဲဒီစကားလုံးတွေ
ကျနော့်အတွက်အရောင်မဲ့ခဲ့တာကြာခဲ့ပြီ။
"မေတ္တာတရား" ခင်ဗျားအပူရုပ်ကို
ဟန်မလုပ်နဲ့ အဲဒီစကားလုံးတွေ
ကျနော့်ရပ်ဝန်းထဲမိုးခေါင်သွားခဲ့တာကြာခဲ့ပြီ။
*********************@@@@@@@***************
နုနုညံ့ညံ့မရှိသည့်ကျွန်မ၏ပြင်းရှရှကဗျာတစ်ပုဒ်ဘာရယ်မဟုတ်
လွတ်လွတ်လပ်လပ်ပြင်းရှရှထွက်ပေါက်ပေးကြည့်တာပါ။
********************@@@@@@****************
မေတ္တာအားဖြင့်
ခိုင်နုငယ်
30 comments:
စိတ်အချဉ်ပေါက်နေတာများလား...
ဒီလိုပေါက်ကွဲ ထွက်လိုက်ရတာ အရသာရှိမှာပဲ။
ဖတ်လို့ သိပ်ကောင်းပါတယ်။
မျှော်လင့်ခြင်း" ခင်ဗျားရင်ဘတ်ကို
နွားဖားကြိုးမထိုးချင်နဲ့ အဲဒီစကားလုံးတွေ
ကျနော့်အတွက်ရင်ဘတ်ပေါက်နဲ့မျိုချနေခဲ့ရတာကြာခဲ့ပြီ။
"မေတ္တာတရား" ခင်ဗျားအပူရုပ်ကို
ဟန်မလုပ်နဲ့ အဲဒီစကားလုံးတွေ
ကျနော့်ရပ်ဝန်းထဲမိုးခေါင်သွားခဲ့တာကြာခဲ့ပြီ။
သိပ်ကောင်းတဲ့ ကဗျာလေးပဲ မယ်နု . . . .
အလို..တကယ်ကို ရိုက်ချက်ပြင်းတာပဲ..း))).. ကောင်းတယ်.. မကျေမနပ်တာတွေ အော်ထုတ်ပစ်လိုက်...း)))
ခင်မင်တဲ့
နေ၀သန်
ကဗျာလေးကောင်းပါတယ်ညီမခိုင်နုရေ..။
အားပေးနေတယ်နော်..။
ခင်တဲ့
မသဒ္ဓါ
"သစ္စာတရား" ခင်ဗျားမွဲပြာပုဆိုးကို
အရောင်မတင်ချင်နဲ့ အဲဒီစကားလုံးတွေ
ကျနော့်အတွက်အရောင်မဲ့ခဲ့တာကြာခဲ့ပြီ။
ကောင်းတယ် ညီမ ကဗျာလေးက အင်အားရှိတယ် ပေါ်လွင်တယ်
ခင်မင်စွာဖြင့်
ရွှေစင်ဥိး
တစ်ခါတစ်လေတော့လဲ ခုလိုပေါက်ကွဲလိုက်တာ အကောင်းဆုံး
သိစေချင်တဲ့သူ သိပါစေ.. ဖတ်မိပါစေ..း)
ဘယ်သူ့ကိုများ ရည်ရွယ်တာပါလိမ့်။။။
တကယ်ကို ပြင်းထန်ပါတယ်..
ပြင်းရှရှနဲ့ ခံစားချက်မဲ့ ကဗျာ တစ်ပုဒ်ပါပဲ..။
ညီမရေ...
လွတ်လွတ်လပ်လပ် ပြင်းရှရှ ထွက်ပေါက် ပေးကြည့်တာပါ။ ...
ဆိုလို့ သဘောကျမိသား ...
အင်း ... အစ်မတို့တွေလဲ တော်သေးရဲ့ ...
ဒီဘလော့ဂ်လေးတွေ ရှိနေလို့ ... :)
ထွက်ပေါက်ပေးစရာ နေရာရှိနေသေးတာကိုပါ ...
ခင်မင်စွာဖြင့် ...
မလင်း
ဘုရား ဘုရား တကယ်ကို ပြင်းပြင်းရှရှပါလား....အပြင်မှာသာ လက်ညှိုးငေါက်ငေါက်ထိုးပြီး အဲဒီလိုပြောပစ်လိုက်ရရင်တော်တော်ပေါ့သွားလောက်တယ် :))
အပြင်းစားပြင်းရှရှအော်ချက်ပါဘဲ...
ကောင်းတယ်ခိုင်နုရေ..
တခါတလေအဲလိုလေးလဲအော်လိုက်ရမှ..
ကောင်းပါတယ် ဘုတ်ဆုံရဲ့။
ဒီလိုကောင်းတာလေးတွေ ဖတ်ခွင့်မရတာ ကြာပြီ..။
ညီမရေ...
အပြင်းစားတွေပါလား။ နှစ်ပေါင်းများစွာ ငုတ်လျှိုးနေတဲ့ မီးတောင်ကြီး ပေါက်ကွဲလာသလိုဘဲ။ ဟုတ်တယ်။ တစ်ခါတစ်လေတော့လဲ ဒီလို ပေါက်ကွဲပစ်လိုက်တာက မြုံထားရတာနဲ့ စာရင် ပိုကောင်းတယ်။
အပြင်းစားခံစားချက်နဲ့ ဖတ်ရှု့သွားပါတယ်ဗျာ ...
အား..ခိုင်နုငယ်လေးရဲ့ အပြင်းစားသံစဉ်ကိုတော့ တအားခိုက်သွားပြီ။
တခါတလေလည်း ပေါက်ကွဲလိုက်ရတာ ရင်ကို ပေါ့စေတယ်။
ဟိုက်ရော...အပြင်းစားရိုက်ချက်ပါပဲ...။
ပေါက်ကွဲသံစဉ်တွေပါလားဗျို့.
ကောင်းတာ တော့ တကယ်ကောင်းတယ်ဗျ။
တော်တော်လေးကို ပြင်းပြင်းရှရှ ခံစားချက်နဲ့ ရေးဖွဲ့လိုက်တာ ထင်တယ်နော်.. ကောင်းတယ်ဗျာ.. ကဗျာလေးက
Great !!
nice it.
Carry on,,,
have a good day :D
with reps;
ခိုင်နူငယ်ရဲ့ ကဗျာကို ဖတ်ရူသွားပါတယ်၊ အားပေးလျက်ပါ။
ပထမဦးဆုံးအကြိမ် လာလည်သွားတယ်..မငယ်ရေ..
ရောက်ရောက်ခြင်း ကဗျာနဲ့“စ”တွေ့တာပဲ...
ဒီက ကဗျာဆိုရင် အရူးအမူးလေ..
နောက်လည်း အမြဲလာမယ်နော်..
ရွှင်လန်းချမ်းမြေ့ပါစေနော်
အရမ်းပဲ ပြင်းရှပါတယ် ရင်ထဲမှာမီတောင်ပေါက်နေ
သလိုပဲ
ငရုတ်သီးစားရသလို စပ်လည်းစပ် ကောင်းလည်းကောင်း
တစ်ခါတစ်လေတော့ ဘလော့ဆိုတာကိုယ့်ရဲ့စိတ်ထွက်ပေါက်လဲ ဟုတ်တယ်နော်..
ခုလို ပေါက်ကွဲပစ်လိုက်ရတာကိုက အရသာ..
ကဗျာလေးကောင်းတယ်နော်
လူတိုင်းသာ ဒီလိုတွေးရင် ချစ်ခြင်းမေတ္တာတွေ ကွယ်ပျောက်ပြီး ကမ္ဘာပျက်သွားနိင်တယ်..။
လူတွေကို စိတ်အချဉ်ပေါက်နေတဲ့ အချိန် ဖတ်လိုက်ရရင်တော့ အားရပါးရ ဖြစ်မှာပဲ..။
ညီမလေးရေ့.....
အကြံပေးခဲ့မယ်.....။
နောက်တစ်ခါအဲ့သလိုမအော်ဖြစ်ချင်ရင်........ဖြည့်တွေးပေးလိုက်ပါဗျာ......။
(ကဗျာလေး....ကောင်းတယ်......၊ ပြင်းတယ်.....း))
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
အား......ရေမရောထားတဲ့ အရက်တစ်ခွက်လိုပဲ ကောင်းလိုက်တာ :)
ခင်တဲ့(ချိုကျ)
တကယ်လဲ ဖတ်ရတာ ရှတတ ပါပဲ။
ဘာပဲ ပြောပြော ထွက်ပေါက်တော့ 
ရှိသင့် တာပေါ့ နော်..။
ခိုင်နုရဲ့ အပြင်းစား အော်ချက်က လူပါလွင့်ထွက်သွား မတတ်ပါပဲ...
တော်တော်ပြင်းပါတယ်...
ဖတ်လို့ကောင်းတယ်
ဒီကဗျာလေးတော့ သဘောကျတယ်။
တစ်ကယ်ပေါက်ကွဲ သံစဉ်စစ်စစ်ပါပဲ။
thank you
အချစ်
သတိရ
လွမ်းမိ
မျှော်လင့်
သစ္စာ
မေတ္တာ ...
ပေါက်ကွဲမှု အရင်းခံက မေတ္တာနဲ့ သင်းပျံ့ပါတယ် ...
ငြိမ်းစိုးဦး
အော်ချက်တွေ နဲ့ ကဗျာ ... :)
Post a Comment