အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Monday, July 12, 2010

အချစ်၏နိယာမ

တစ်ဖက်သတ်အချစ်ဆိုပြီးအချစ်နှင့်ပါတ်သတ်လာသည့်အကြောင်းအရာကိုရေးပေးဖို့ကိုညအလင်္ကာကတက်ဂ်
(Tag)လုပ်ပါသည်။လို့ဆိုလာတော့။ကျွန်မတွေတွေဝေေ၀ထူပူကလေးဖြစ်သွားမိတယ်။.......ဟုတ်တယ်လေဘာ
ကြောင့်လဲဆိုကျွန်မ"အချစ်နှင့်အကျွမ်းတ၀င်ရှိမနေခဲ့ဖူးလို့ပါပဲ။"အချစ်နှင့်အကျွမ်းတ၀င်"ဆိုသည့်နေရာမှာကျွန်မ
အချစ်ကိုနက်နက်နဲနဲထဲထဲဝင်ဝင်အချစ်၏နိယာမကိုသိမထားသေးလို့ပါပဲ။

အချစ်နှင့်အကျွမ်းတ၀င်ရှိမနေခဲ့ဘူးလို့ဆိုထားသည်မို့ကျွန်မသည်မချစ်တတ်သူတေမိလေလားလို့အထင်မမှားစေ
လိုပါ။"အချစ်ကို"အမေ့ရင်တွင်းနှလုံးသားထဲကနေမွေးဖွားလာကတည်းကအူဝဲဆိုသောသံစဉ်နှင့်အတူအချစ်ကိုဆုပ်
ကိုင်မိလျှက်သားဖြစ်ပါလိမ့်မယ်။ဒါကြောင့်ကျွန်မသည်ချစ်စရာရောင်စုံပန်းပွင့်ကလေးတွေကိုမြင်ရင်လည်းချစ်တတ်
ပါတယ်။ရောင်စုံခဲတံလေးတွေ၊ရောင်စုံဘော့လ်ပင်ကလေးတွေ၊ရောင်စုံမျက်နှာဖုံးနဲ့မှတ်စုစာအုပ်လေးတွေကိုမြင်ရင်
လည်းချစ်တတ်ပါတယ်။

လူတွေအချစ်ကိုမည်သို့အကျွမ်းတ၀င်ရှိပြီး။မည်သို့သဘောထားသည်ဆိုတာကိုလည်းကျွန်မမလေ့လာခဲ့၍သိနေနိုင်
မည်မဟုတ်ပါ။အချစ်ဆိုတာကျွန်မထင်တာတွေထက်ပို၍နားလည်ရခတ်စေသလို၊သိမ်မွေ့နက်နဲလှပါတယ်။ဒါကြောင့်
..ကျွန်မဆိုလိုချင်တဲ့အချစ်ရဲ့အရသာတွေကလည်းခါးသက်ကောင်းခါးသက်နေနိုင်ပါတယ်။.......တိတ်တခိုးနှင့်ချစ်ရပါ
သောတဖက်သတ်အချစ်လို့လူအများပြောနေတာ၊သုံးနေတာရှိပါတယ်။"တိတ်တခိုးနှင့်တစ်ဖက်သတ်"ဒီဝေါဟာရနှစ်ခု
ဟာအဓိပ္ပာယ်တွေတူသယောင်ရှိပေမယ့်။သူတို့လေးနက်မူ့တွေနည်းနည်းလေးကွာမယ်လို့ကျွန်မထင်တယ်။(ဒါကလည်း
ကျွန်မအမြင်သက်သက်ပါကွဲလွဲကောင်းကွဲလွဲနိုင်ပါတယ်။)

တစ်ဖက်သတ်အချစ်ဆိုတာတစ်ဖက်ကိုလည်းပူလောင်စေသလို၊ကိုယ့်ကိုကိုလည်းပူလောင်စေတယ်။.......ကိုယ်ချစ်မြတ်
နိုးနေသူတစ်ယောက်ကိုကိုယ့်ဘက်ကချစ်မိနေတယ်ဆိုတာသိဖို့တစ်နည်းတစ်ဖုံသွယ်ကာဝိုက်ကာသိနိုင်ဖို့ကြိုးစားနေရ
တာအတော့်ကိုစိတ်မသက်မသာဖြစ်ရတဲ့အလုပ်။တစ်ဖက်ကလည်းဒါကိုရိပ်မိတယ်။မသိချင်ယောင်ဆောင်နေတယ်။တစ်
နည်းအားဖြင့်ပြောရရင်ဥပေက္ခာပြုနေတယ်ဆိုရင်ကိုယ်တိုင်လောင်းကျွမ်းရသလို။တစ်ဖက်လူကလည်းမနှစ်သက်သည့်
အတွက်ပူလောင်းရပါတယ်။

တိတ်တခိုးအချစ်ကြတော့ကိုယ်ချစ်မြတ်နိုးမိသူရဲ့အကြည့်လေးတစ်ချက်၊အပြုံးလေးတစ်အပွင့်၊သူ့ရဲ့အငွေ့အသက်လေးနဲ့
တင်ကျေနပ်နေမိတာ။သူသိဖို့မလိုအပ်ဖူးဆိုတာထက်..သူသိသွားရင်သူ့ရဲ့စိတ်မှာကိုယ့်အတွက်နဲ့အဖုအထစ်လေးဖြစ်မှာစိုး
မိတာ။"အုန်ပုန်းချစ်နဲ့ချစ်ရတာရယ်လင်မယားအချစ်တစ်သက်လုံးလိုက်လို့မမှီပါတယ်။"တဲ့ကျွန်မကဒီလိုလေးပြန်ဆိုကြည့်
ချင်ပါတယ်"တိတ်တခိုးအချစ်နဲ့ချစ်ရတာရယ်.....လင်မယားအချစ်တစ်သက်လုံးလိုက်လို့မမှီပါတယ်လို့။(အထူးသဖြင့်.........
ဒီလိုခံစားမူ့မျိုးတွေကရာခိုင်နှုန်းနဲ့ပြရင်မိန်းကလေးတွေဘက်ကဖြစ်တတ်တာများပါတယ်။)......................ဟုတ်တယ်လေ
ဘာကြောင့်လဲဆိုယောကျာ်းလေးတစ်ယောက်ကကိုယ်ချစ်မြတ်နိုးသဘောကျမိနေတဲ့မိန်းကလေးတစ်ယောက်ကိုအခြေအ
နေတစ်ခုမှာအခွင့်အရေးသာလို့ချစ်မိနေကြောင်းဖွင့်ပြောဖို့အခွင့်အရေးသာပေမယ့်။အချစ်ကိုဘ၀တစ်ခုလိုတန်ဖိုးထားနေ
ရတဲ့မိန်းကလေးတစ်ယောက်အဖို့ကိုယ်နှစ်သက်သဘောကျမိနေတဲ့ယောကျာ်းလေးတစ်ယောက်ကိုကိုရီးယားဇာတ်လမ်း
တွေထဲကလို"ရှင့်ကို.........ချစ်မိနေတယ်"လို့အခွင့်အရေးသာခဲ့မယ်ဆိုရင်တောင်ဖွင့်ပြောမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆို
သူဟာမြန်မာမိန်းကလေးတစ်ယောက်ဖြစ်နေလို့ပါပဲ။(ချွင်းချက်..ဖွင့်ပြောတတ်တဲ့မိန်းကလေးတွေရှိတော့ရှိမယ်..
ရှားပါတယ်။)

"တစ်စုံတစ်ယောက်ကိုချစ်မြတ်နိုးတဲ့အရသာဟာလောကကြီးမှာကြည်နူးမိန်းမူးစရာအကောင်းဆုံးပါပဲ။တစ်စုံတစ်ယောက်
ကိုချစ်မြတ်နိုးစိတ်နဲ့လောကကြီးကိုကြည့်မိတဲ့အခါကမ္ဘာလောကကြီးတစ်ခုလုံးမှာပွင့်ကြကုန်သမျှပန်းပွင့်တွေဟာလှပကုန်
ကြပါတယ်။ပင်လယ်ပြင်လည်းလှ၊တောင်းတန်းတွေလည်းလှ၊တိမ်တွေလည်းလှ၊ဘောလုံးကစားနေတဲ့ကလေးတွေလည်းလှ
၊လမ်းဖြတ်ကူးနေတဲ့လူတွေလည်းလှအားလုံးပဲလှနေကြ။သိမ်မွေ့နုညံ့နေကြပါတယ်။အလှဆုံးအရာလောကမှာရှိကြတယ်။အ
လှဆုံးအရာတွေကတော့ကိုယ့်ချစ်သူနဲ့ထိလိုက်တဲ့အရာတွေပဲဖြစ်လိမ့်မယ်။အချစ်ဟာလူကိုတစ်ခဏချင်းမှာအေးစေနွေးစေ
နိုင်၊တစ်ခဏချင်းမှာပူလောင်စေနိုင်၊တစ်ခဏချင်းမှာရဲဝင့်စေနိုင်၊တစ်ခဏချင်းမှာစိုးရိမ်ထိတ်လန့်စေနိုင်။အချစ်ဟာသူ့နေ
ရာနှင့်သူတော့တော်တော်စွမ်းအားကြီးမားပါသတဲ့။"ဆရာမဂျူးက"လကိုဖမ်းဖို့ပိုက်ကွန်ရက်ရအောင်"မှာအဲသလိုဆိုထားပါ
တယ်။ဟုတ်ပါတယ်အချစ်ဆိုတာ..ခံစားတတ်တဲ့လူတွေရဲ့အပေါ်မှာမူတည်ပြီးခေါင်းစဉ်အမျိုးမျိုးနဲ့စွမ်းအားတွေကြီးမားနေ
နိုင်သလို၊ခေါင်းစဉ်အမျိုးမျိုးနဲ့ကွဲလွဲစွါတည်ရှိနေအုံးမှာပါပဲ။

ဒါ့အပြင်"၅၂၈"နဲ့"၁၅၀၀"ချစ်ခြင်းမေတ္တာဂဏန်းလေးတွေစတင်ဖြစ်တည်လာပုံနှင့်အချစ်အမျိုးမျိုးဆိုပြီးဆရာမဂျူးက........
ခွဲခြားပြထားလေးတွေလည်းရှိပါတယ်။......ကဲဆရာမဂျူးချပြထားတာလေးတွေကြည့်လိုက်ရအောင်နှော်ကမ္ဘာပေါ်မှာလူ
သားသန်းပေါင်းခြောက်ထောင်ရှိနိုင်ရင်အချစ်ကတော့ခြောက်မျိုးလောက်ပဲရှိနေနိုင်သတဲ့။အခြေအနေနဲ့အချိန်အခါကိုလိုက
်ပြီးလူသားတစ်ယောက်ဟာအချစ်အမျိုးမျိုးကိုပြုမူဖန်တီးမိနေတတ်ပါတယ်။ကိုယ်ကသတိထားလိုက်မိသည်ဖြစ်စေ၊သတိမ
ထားလိုက်မိသည်ဖြစ်စေပေါ့။
၁။ မိခင်အချစ် သို့မဟုတ် ကြင်နာသော အချစ်
( Motherly love or Tender love )
၂။ ကိုယ့်ကိုယ်ကို ချစ်သောအချစ် ( Self- love)
၃။ ဘ၀ကို ချစ်သောအချစ် ( Love of life)
၎။ ညီအကိုစိတ် သို့မဟုတ် ရဲဘော်ရဲဘက်စိတ်ဖြင့် ချစ်သော အချစ် (Brotherly love)
၅။ ဘုရားကို ချစ်သောအချစ် ( Love of God)
၆။ ကိလေသာအချစ် သို့မဟုတ် ပေါင်းစပ်သောအချစ် ( Passionate live or Erotic love )
အဲသလိုဆရာမဂျူးကအချစ်ကိုခြောက်မျိုးခွဲခြားပြထားသည့်ထဲမှာကျွန်မကကမ္ဘာပေါ်မှာလူဦးရေတိုးတက်လာနဲ့အညီ
နောက်တစ်မျိုးထပ်ထည့်ကြည့်ချင်ပါတယ်။(famil...love)မိသားစုအချစ်လို့ထပ်ပြီးဖြည့်ချင်ပါတယ်။ဘာကြောင့်လဲဆို
ယနေ့ကျွန်မတို့လူငယ်တွေကြားမှာပရဟိတစိတ်ဓါတ်လေးတွေရှိလာလို့ပါပဲ။ပရဟိတစိတ်ဆိုတာ..မိသားစုအချစ်၊မိသား
စုဆိုတဲ့စိတ်ဓါတ်အခြေခံ့ရှိမှဖြစ်တည်လာတာမဟုတ်လား။

"လူတစ်ယောက်ဟာအဲဒီအချစ်အမျိုးမျိုးထဲကတစ်ခုမဟုတ်တစ်ခုနဲ့တစ်ယောက်ယောက်ကိုလောကကြီးကိုချစ်ခင်နှောင်ဖွဲ့
နေမိတတ်ပါတယ်။ဒါကလူမှုအဖွဲ့အစည်းကသတ်မှတ်ထားတဲ့၊ကြုံကြိုက်ထားတဲ့၊တွေ့ထားတဲ့သဘာဝအချစ်တွေလို့ဆိုရမှာ
ပါပဲ။ဒီနေရာမှာဗုဒ္ဓမြတ်စွာဘုရားရဲ့ဗုဒ္ဓသာသနာတရားတော်မှာတော့အချစ်ကိုအမျိုးအစားခွဲခြားတဲ့နေရာမှာအချစ်နဲ့မေတ္တာ
ရယ်လို့နှစ်မျိုးခွဲထားတာတွေ့ရပါတယ်။သာမန်လူသားတွေသာမာန်အချိန်မှာတစ်စုံတစ်ယောက်အပေါ်ထားတဲ့စိတ်သဘာဝ
ကိုအချစ်အဖြစ်ယူဆထားတယ်။နောက်ပြီးတရားကျင့်ကြံအားထုတ်နေတဲ့သူတော်စင်သူတော်မြတ်တွေနဲ့ရဟန္တာပုဂ္ဂိုလ်၊
ဘုရားရှင်စသည်တို့ရဲ့လောကအပေါ်ထားတဲ့ဝေမျှမှုစိတ်သဘာဝကိုမေတ္တာအဖြစ်ယူဆထားတယ်။လူတွေပြောပြောနေတဲ့
တစ်ထောင့်ငါးရာမေတ္တာနဲ့ငါးရာနှစ်ဆယ်ရှစ်မေတ္တာတို့ပါပဲ။တစ်ထောင့်ငါးရာမေတ္တာဆိုတဲ့အသုံးအနှုန်းကိုမှန်မှန်ကန်ကန်
သုံးမယ်ဆိုရင်တစ်ထောင့်ငါးရာအချစ်စိတ်သဘာဝလို့သုံးနိုင်မယ်ထင်ပါတယ်။တစ်ထောင့်ငါးရာကိလေသာလို့လည်းခေါ်
တတ်ကြပါတယ်။

ကိလေသာဆယ်ပါးကိုအခြေခံထားတဲ့ပုထုဇဉ်စိတ်လို့ဆိုရမှာပေါ့။အဲဒီအချစ်နှစ်မျိုးရဲ့ဂဏန်းအရေအတွက်ဟာအနည်း
ငယ်ထူးဆန်းနေသယောင်ရှိတယ်။ အဲဒီ ၁၅၀၀ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လိုရသလဲ။

၁။ တစ်ထောင့်ငါးရာ ကိလေသာစိတ်သဘာဝ
ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ်တွေ ကတော့ လောဘလို့ခေါ်တဲ့ အာရုံ၌ကပ်ငြိခြင်း(တပ်မက်ခြင်း) ဒေါသဆိုတဲ့ ကြမ်းတမ်းခြင်း၊ သည်းမခံနိုင်ခြင်း၊ မောဟဆိုတဲ့အာရုံ၏ သဘောကိုဖုံးလွှမ်းခြင်း (တွေဝေခြင်း) မာနဆိုတဲ့ထောင်လွှားခြင်း၊ ဒိဋ္ဌိဆိုတဲ့ မှားသောနှလုံးသွင်းခြင်း(အယူ)၊ ၀ိစိကိစ္ဆာ ဆိုတဲ့ အာရုံကိုမဆုံးဖြတ်နိုင်ခြင်း၊ ထိနဆိုတဲ့ စိတ်၏မခန့်ခြင်း၊ ငိုက်မြည်းခြင်း၊ ဥဒ္ဒစ္စဆိုတဲ့ စိတ်၏မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း၊ အဟီရိကဆိုတဲ့ ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း၊ အနောတ္တပဆိုတဲ့ ကယဒုစရိုက်ပြုရခြင်း၌မလန့်ခြင်း တို့ဖြစ်တယ်။
အဲဒီက်လေသာ(၁၀)ပါးနဲ့ ရုပ်စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက လက္ခဏာရုပ်(၄)ခု၊ နိပ္ပန္နရုပ် (၁၈)ခု၊ နာမ် ၅၃ ပါး အဲဒါတွေရဲ့ အစုအပေါင်းပေါ့။ ပေါင်းလိုက်ရင် ၇၅ ရပါတယ်။ အဲဒီ ၇၅ ကို ၁၀နဲ့မြှောက်တော့ ၇၅၀ ။အဲဒီမှာမှ အဇ္ဈတ္တသဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့အတွက် ၂ နဲ့ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ ဒါကို ၁၅၀၀ ကိလေသာလို့ခေါ်တာပါ။

၂။ ၅၂၈ မေတ္တာသဘာဝ
မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။
မေတ္တာပို့တဲ့နေရာမှာ ပုဂ္ဂိုလ် (၁၂)ယောက်ကိုပို့ပါတယ်။ အဲဒါတွေကတော့ သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏ၊ သဗ္ဗေဘူတာ၊ သဗ္ဗေပုဂ္ဂလာ၊ သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္န၊ သဗ္ဗေဣိထိယော၊ သဗ္ဗေပုရိသ၊ သဗ္ဗေအရိယာ၊ သဗ္ဗေအနရိယာ၊ သဗ္ဗေဒေ၀ါ၊ သဗ္ဗေမနုသာ၊ သဗ္ဗေ၀ိနိပါနိကာ တို့ပဲ ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ် ၁၂ ပါးကို မေတ္တာ ၄ ပါးပို့တယ်။ အဝေရာဟောန္တု၊ အဗျာဘစ္ဆာဟောန္တု၊ အနီဃာဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု...တဲ့။ ဒီတော့ ၁၂ ပါးနဲ့ ၄ ပါးမြှောက်လိုက်တဲ့အခါ ၄၈ ပါးရတယ်။ ဒါက အရပ်မျက်နှာ အရှေ့အနောက်ကို မရည်မှန်းပဲ ပို့တဲ့ “အနောဒိတ္တာ” မေတ္တာ အပါးခေါ်တာပေါ့။ အဲဒါကိုမှ ထပ်ပီး အရပ်မျက်နှာတွေနဲ့ခွဲပြီး ပို့လိုက်မယ်ဆိုပါတော့။ အရပ် ၁၀မျက်နှာရှိပါတယ်။ အရှေ့၊အနောက်၊တောင်၊ မြောက်၊ ခေါ်တဲ့လေးမျက်နှာ၊ အရှေ့တောင်၊ အနောက်မြောက်၊ အရှေ့မြောက်၊ အနောက်တောင်ဆိုတဲ့ ထောင့် ၄ မျက်နှာ၊ အထက်နဲ့ အောက် ၂ မျက်နှာ ၊အားလုံးပေါင်း အရပ် ၁၀ မျက်နှာပါ။ ဒီလိုအရပ်မျက်နှာ ရည်မှန်းမှု ၁၀ ခုနဲ့စောစောက ၄၈ ကိုမြှောက်လိုက်တော့ ၄၈၀ ရပါတယ်။ အဲဒီ ၄၈၀ ကိုမှ မရည်မှန်းဘဲပို့တဲ့ ၄၈ ပါးကို ထပ်ပေါင်းကြည့်လိုက်တော့ ၅၂၈ ရယ်လို့ ရလာပါတယ်။ အဲဒါ ၅၂၈ သွယ်မေတ္တာလို့ ခေါ်ပါတယ်။

အဲဒီလိုအတိအကျစစ်ပြီးသိခဲ့ပြီးပြီဆိုရင်တစ်စုံတစ်ယောက်ကိုချစ်တဲ့ကိုယ့်အချစ်ဟာ၁၅၀၀ထဲမှာပါသလား၊၅၂၈ထဲမှာပါ
သလား။အမှန်အကန်သိမြင်နိုင်ပြီပေါ့။ကိလေသာကိုမလွတ်ကင်းနိုင်တဲ့သာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့တစ်ယောက်က
တစ်ယောက်ကိုချစ်တယ်၊ခင်မင်တယ်ဆိုတဲ့နေရာမှာ၁၅၀၀အချစ်တွေဖြစ်နေတဲ့အချိန်ကများပါတယ်။တစ်ခါတစ်လေမှာ
မိဘကသားသမီးကိုချစ်တာတောင်ငါ့သားလေးဟဲ့၊ငါ့သမီးလေးဟဲ့လို့လောဘနဲ့စိုးရိမ်ပူပန်စွာတွယ်ငြိမှုပါဝင်နေခဲ့ရင်၁၅၀၀
အချစ်ထဲကိုဝင်သွားတတ်ပါတယ်။၅၂၈သွယ်သောမေတ္တာကိုဖြူစင်စွာထားဖို့ဆိုတာအင်မတန်ခဲယဉ်းတာပါ။ဒါ့ကြောင့်၅၂၈
ရဲ့တကယ့်စစ်မှန်တဲ့မေတ္တာသဘာဝကိုမြတ်စွာဘုရားကတပည့်သာဝကတွေရဟန်းတွေအပေါ်ထားတဲ့မေတ္တာမှာပဲတွေ့ရ
တယ်လို့ပိုပိုကဲကဲကလေးပြောနိုင်ပါတယ်။

ဟုတ်တယ်လေ။တစ်စုံတစ်ယောက်ကတစ်စုံတစ်ယောက်ကိုချစ်လို့သံယောဇဉ်ရှိလို့သူတစ်ပါးထက်တော်စေချင်တတ်စေ
ချင်ပြီဆိုရင်တောင်အဲဒီအချိန်မှာလောဘကလေးပါနေပြီပဲ။ဒါဟာပုဂ္ဂိုလ်၁၂ပါးလုံးကိုမေတ္တာထားတဲ့သဘောမျိုးမှမဟုတ်ဘဲ။
ဒီတော၅၂၈လို့ပေါ့ပေါ့တန်တန်သုံးနေကြတဲ့အသုံးကိုနည်းနည်းတော့အလေးထားပြီးရှောင်နိုင်ရင်ကောင်းမှာပဲ။ဗုဒ္ဓဘာသာ
ရဲ့အချစ်အမျိုးအစားနဲ့မဟုတ်ဘဲလောကလူမှုအသိုက်အမြုံကရတဲ့စံနဲ့ဖွဲ့ထားတဲ့အချစ်အမျိုးအစား၆ခုကိုဘဲထည့်စဉ်းစားမယ်
ဆိုပါစို့။

Motherly..love မိခင်အချစ်ဟာအကြင်နာနဲ့ဖွဲ့စည်းထားတဲ့အချစ်ဖြစ်တယ်။မိခင်ကကိုယ့်သားသမီးအပေါ်ထားတဲ့အချစ်မျိုးကိုခေါ်တယ်။
ဒီနေရာမှာအမျိုးသမီးတစ်ယောက်ကအမျိုးသားတစ်ယောက်ကိုကြင်နာစိတ်နဲ့အစစအရာရာဖေးမကာကွယ်ပေးပြုစုပေးချင်
တဲ့စိတ်နဲ့ချစ်မယ်ဆိုရင်အဲဒီအချစ်ကိုမိခင်ကဲ့သို့အချစ်လို့သတ်မှတ်ပေးနိုင်ပါတယ်။လောကမှာအဆန်းကြယ်ဆုံး၊အံ့သြရဆုံး
လေးစားထိုက်ဆုံးအချစ်ဟာမိခင်အချစ်ပဲဖြစ်ပါတယ်.မိခင်အချစ်လို့ခေါ်တဲ့အတိုင်းမိခင်ကကိုယ့်သားသမီးအပေါ်မှာသာ
ထားနိုင်မဲ့ကြီးမားတဲ့အကြင်နာနဲ့စွန့်စားမှုအနစ်နာခံမှုတွေပါ။တော်ရုံတန်ရုံလူတစ်ယောက်ကကိုယ့်ချစ်ရသူကိုမိခင်ကဲ့သို့
စွန့်လွှတ်အနစ်နာခံချစ်နိုင်လိမ့်မယ်မဟုတ်ပါဘူး။မိခင်အချစ်ကိုရှင်းပြဖို့ဥပမာတွေဟာအများကြီးပါပဲ။ဒါပေမဲ့ပြောပြစရာမ
လိုဘူးထင်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတိုင်းလူတိုင်းဟာကိုယ့်အချစ်ကိုသာရေရေရာရာမသိရင်ရှိမယ်။မိခင်ရဲ့အချစ်
ကိုတော့နားအလည်ဆုံး၊အရင်းနှီးဆုံးဖြစ်နေမှာမို့ပါပဲ။

ဒီတော့အချစ်အမျိုးမျိုးထဲကလူတိုင်းတွေ့ကြုံရတဲ့နားလည်ရလည်းခက်တဲ့(Passionate....love)ကိလေသာအချစ်ကိုစိတ်
ဝင်စားစရာအကောင်းဆုံးအဖြစ်ရွေးလိုက်ကြရအောင်လား။"ဆရာမဂျူးအဲသလိုလေးဆိုထားပါတယ်။.......ဟုတ်ပါတယ်
ကျွန်မတို့တွေကြုံတွေ့ရအုံးမယ့်၊တွေ့ကြုံနေရတဲ့နားလည်ရခတ်တဲ့(Passionate....love)ကိလေသာအချစ်ကိုပဲ..........စိတ်
ဝင်စားစရာအကောင်းဆုံးအဖြစ်ရွေးချယ်မိနေကြအုံးပါပဲ။အချစ်၏နိယာမတွေနဲ့ပါတ်သတ်ပြီးအကျယ်တ၀င့်ချပြထားတဲ့
ဆရာမဂျူး၏လကိုဖမ်းဖို့ပိုက်ကွန်ရက်ရအောင်ကိုပုဂ္ဂိုလ်ဆွဲမရှိသူများဒီနေရာလေးမှာသွားရောက်ဖတ်နိုင်ပါတယ်။


***************************************@@@@@@***************************
နောက်ဆက်တွဲအမှာ.....ပိုက်ဆံရှိလို့ကိုယ်တိုင်ထုတ်ဝေနိုင်လို့စာရေးဆရာတစ်ယောက်ဖြစ်ချင်ဖြစ်နိုင်ပေမယ့်၊စာရေးဆရာ
ကောင်းတစ်
ယောက်ဖြစ်ဖို့မလွယ်ကူပါ။စာရေးဆရာကောင်းတစ်ယောက်ဖြစ်ဖို့ကိုယ်ရေးလိုက်တဲ့စာတစ်ကြောင်းဆောင်းပါး
တစ်ပုဒ်ကိုစာဖတ်သူမြင်
သာအောင်ဆွဲခေါ်နိုင်ဖို့ဆိုတာပင်ကိုပါရမီအခံလည်းရှိနေမှကိုယ်တိုင်၏လေ့လာအားထုတ်မူ့လည်းရှိ
မှသာလျှင်စာရေးဆရာကောင်းဖြစ်
နိုင်ပါ၏။
ထိုနည်းတူစွာပဲ..အကောင့်တစ်ခုရှိရုံမျှဖြင့်ဘလော့ပ်(Blogger)တစ်ယောက်ဖြစ်ချင်ဖြစ်နိုင်ပေမယ့်..စာရေးကောင်းသူ
ဘလော့ပ်ဂါတစ်
ယောက်ဖြစ်ဖို့မလွယ်ကူနိုင်ပါ။ကျွန်မသည်လည်းစာရေးကောင်းသူဘလော့ပ်ဂါထဲမှာပါမနေသည့်အတွက်
.
ကိုညအလင်္ကာ(Tag)တက်ဂ်လာသည့်"တစ်ဖက်သတ်အချစ်"ဆိုသည့်ခေါင်းစဉ်ဖြင့်ချမရေးတတ်သည်မို့..ခေါင်းစဉ်ပြောင်း
ကာရေးလိုက်သည့်ဒီပို့စ်
လေးနှင့်ကျေနပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။
************************@@@@@@@@@@**************************************

မေတ္တာအားဖြင့်
ခိုင်နုငယ်

11 comments:

သဒ္ဓါလှိုင်း said...

ညီမခိုင်နုရေ..
အချစ်နဲ့မေတ္တာကိုရေးထားတာလေးကသိမ်သိမ်မွေ့မွေ့နဲ့
ဖတ်လို့ကောင်းပါတယ်ကွယ်..။
လူတိုင်းမကင်းနိုင်တဲ့အကြောင်းတရားမို့လို့..အချင်းချင်း
မေတ္တာသန့်သန့်နဲ့ချစ်ခင်နိုင်ကြပါစေ..
ခင်တဲ့
မသဒ္ဓါ

လသာည said...

ဤအရာကို အချစ်ဟု ခေါ်သည်ပေါ့နော်.. ဟုတ်လား ညီမလေး..။ ရေးထားတာ ပြည့်စုံလွန်းတောင် နေပါတယ်ကွာ..။ အစ်မ မှတ်သားစရာတွေကို အများကြီး ။ ကျေးဇူးအထူးတင်သည်း))

နုငယ် said...

အချစ်ဆိုတာကိုသေသေချာချာလေးရှင်းပြတဲ့ မခိုင်ရေ
အရမ်းကောင်းတဲ့ ပို့စ်လေးပါကွယ်။
သေချာမှတ်သားထားပါတယ်။
ကျေးဇူးပါနော်

မောင် လေး said...

ဖတ်လို့ကောင်းတယ်.....
ဟုတ်တယ်ဗျ....မိခင်အချစ်ကိုတော့ လူတိုင်းလိုလို
နားအလည်နိုင်ဆုံးပဲ။

သူကြီးမင်း (တုံးဖလား) said...

အချစ်အကြောင်းတွေ အတော်လေးကို စုံနေတာဘဲ။ အစက ဒီလောက်စုံမှန်း သတိမထားမိခဲ့ဘူး။

အော်... အချစ် အချစ်။ ရေးမကုန် ပြောမကုန်တွေပါဘဲလား။

ချော(အစိမ်းရောင်လွင်ပြင်) said...

အော် အချစ်ဋီကာ ဖွင့်နေတယ် ဆိုပါတော့
ကျုပ်တို့အပျိုကြီးတွေက အချစ်အကြောင်းမသိဘူးအေ
အချစ်နဲ့ ဝေးဝေးနေနေတယ်..
ဝေးပါတယ်ဆိုမှ အိမ်နဲ့တောင် ဝေးဝေးမှာ ရောက်ပြီး တစ်ယောက်တည်းနေနေရတာကြည့်တော့.....

ကိုဇော် said...

အင်း . .တစ်ဖက်သတ် အချစ်ဆိုတာ မရောင်းဘူး ဆိုတဲ့ ဗီရိုထဲက ရေသန့်နဲ့ တူတယ် လို့ ထင်မိတာပဲ။

အင်ကြင်းသန့် said...

အချစ်ဆိုတာနဲ့ ဝေးဝေးမှာနေတာပဲ ကောင်းတယ်။း))

ချိုကျ said...

အချစ်ဆိုသည်မှာ....ဘာညာဘာညာပေါ့ အင်း အရင်တုန်းကတော့ အတွင်းကျကျမသိခဲ့ပါဘူး မခိုင်နုငယ်ပြောမှပဲ ဒါတွေပါလားလို့သိတော့တယ်...ကျေးဇူးပါပဲ :)

ခင်တဲ့(ချိုကျ)

blackroze said...

ဟုတ်တာပေါ့ခိုင်နုရယ်...
တခါတခါတော့အချစ်အကြောင်းမသိတာကပိုကောင်း
သလားလို့နော်...
အချစ်ဆိုတာကိုသိလိုက်တာနဲ့တပြိုင်နက်
ခံစားချက်ဆိုတာကြီးကပါ..တွဲပါလာရောလေ...

လုလင်ပျို said...

အစ်မရေ ဆောကတီးဗျ အဟီး အနော်ကတော့ ကိုည ကြီးလို့ ကွန်မကောင်းလို့လည်း မဟုတ်ကျော်ရခွရလို့လည်းမဟုတ် အဆင်ပြေပေမယ့် အပျင်းကြီးနေလို့ ဘလော့ကိုမကြည့်ဖြစ်တာပါ တောင်းပန်ပါတယ်ဗျာ ခုမှ လာဖတ်တယ် ရေးထား တာတော်တော်လေး ကောင်းတယ် ဒါပေသည့် စာကလေး နက်လွန်းလို့ ထပ်ဖတ်လိုက်ပါဦးမယ်