အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Thursday, July 8, 2010

ခန္ဓာကိုယ်ထဲက ဘောလုံးပွဲ

ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ

ဆင်နွဲတတ်ပါစေ။


အဖြူအသင်း အမည်းအသင်း


နှစ်သင်းယှဉ်ပြိုင်နေ။


စိတ်ဘောလုံးမှာ ကန်စရာ


ပတ်ချာလှည့်၍နေ။


အဖြူအသင်း ပေါ့ဆခြင်းကြောင့်


ညံ့ဖျင်းသွားကာ အမည်းသာ


များစွာဂိုးသွင်းနေ။


ဂိုးရှုံးပြန်က အပူရ


ဒုက္ခ ပင်လယ်ဝေ


အဖြူအသင်း စိတ်အားတင်းသော်


အနိုင်ပေါ် ရွှင်ပျော်အားတက်ပေ။


နိဗ္ဗာန်ဒိုင်ဆု ရအောင်လု


ကောင်းမူ့ပိုင်ပါစေ။


ကိုယ့်ကိုနိုင် စွမ်းအားပိုင်


ကြံ့ခိုင်အေးမြပေ။


ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ


ကိုယ်ပဲနိုင်ပါစေ။




*********@@@@@@@@@*******************
ခုတလော..ဘယ်နေရာမှာပဲဖြစ်ဖြစ်..ဘောလုံးပွဲ..ဘောလုံးပွဲ..ဘယ်အသင်းကတော့ရှုံးလို့ငိုပြီးထွက်သွားကြပြီ။
ဘယ်အသင်းဘက်ကနေလောင်းတာဘယ်လောက်နိုင်တယ်။ဘယ်အသင်းဘက်ကနေလောင်းလိုက်တာရတဲ့
လစာကုန်ပါပြီ။ရှုံးတယ်၊နိုင်တယ်အားရပါးရပြောသူတွေရှိတော့ကိုယ်တိုင်မကြည့်ဖြစ်ပေမယ့်...မစားရ၀ကမန်း
ဆိုတာလိုကိုယ်လည်းအားရပါးရကိုနားထောင်ဖြစ်ပါတယ်။ဒါနဲ့တိုက်တိုက်ဆိုင်ဆိုင်ပါပဲကျွန်မအလျဉ်သင့်ရင်သင့်
သလိုရေးမှတ်လေ့ရှိတဲ့မှတ်စုစာအုပ်လေးထဲကတရားနည်းပြကဗျာလေးကိုဘောလုံးဝါသနာရှင်ပဲဖြစ်ဖြစ်၊၀ါသနာ
ရှင်မဟုတ်သူပဲဖြစ်ဖြစ်ကြည့်ချင်သူတွေကြည့်နိုင်အောင်.ခန္ဓာကိုယ်ထဲက...ဘောလုံးပွဲကိုပြန်လည်မျှဝေလိုက်ပါတယ်။
သူကတော့သုံးနှစ်တစ်ကြိမ်.....လေးနှစ်တစ်ကြိမ်ယှဉ်ပြိုင်နေတဲ့ဘောလုံးပွဲစဉ်တွေမဟုတ်ပါဘူး။နေ့တိုင်းလိုလိုရှိနေတဲ့
ဘောလုံးပွဲစဉ်တွေပါ။ဘောလုံးသမားတွေကလည်းရော်နယ်(လ်)ဒိုတို့လိုဘောလုံးသမားတွေပါပဲအမည်းသင်းမှာဆိုလောဘ၊
ဒေါသ၊မောဟ၊ထိန၊ဗျာပါဒ၊ကာမစ္ဆန္ဒသူတို့တွေပါသလို။အဖြူအသင်းမှာလည်းပညာ၊၀ီရိယ၊သမ္မာဓိ၊သဒ္ဓါသူတို့တွေပါတယ်လို့
ဆိုထားပါတယ်။ကဲ.....ခန္ဓာကိုယ်ထဲက....ဘောလုံးပွဲကိုကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါအုံးနှော်။
(ရေးသားဆပ်ဆိုခဲ့သည့်ဆရာတော်ဘုရား၏ဘွဲ့နာမ်မည်အားတိတိကျကျမမှတ်မိတော့သဖြင့်ထည့်သွင်းမဖော်ပြတော့ပါ။)
***************@@@@@@@@@@*************


မေတ္တာအားဖြင့်
ခိုင်နုငယ်

20 comments:

လင်းခေတ်ဒီနို said...

မယ်နု ငယ်ငယ်လေးနဲ့ တရားပေါက်နေပီး တော်လိုက်တာ ငါ့ညီမး))))

နတ်ဆိုးလေး said...

ကျွန်တော်လဲ ဖတ်ဖူးတယ်ဗျ
ဆရာတော်ဘွဲ့ကို ကျွန်တော်လဲ မေ့နေပြီ
ကောင်းတယ် .. အရမ်းကောင်းပါတယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းပါပြီခန္ဓာကိုယ်ထဲက ဘောလုံးပွဲကို နိုင်အောင် ကန်ဖို့ ကြိုးစားလိုက်ပါဦးမယ်
လောလောဆယ်တော့ စပိန်နိုင်ဖို့ အရင်ဆုတောင်းလိုက်ဦးမယ်ကွယ်..း)

သဒ္ဓါလှိုင်း said...

အင်း...ခန္ဓာကိုယ်ထဲကဘောလုံးပွဲကိုဘယ်တော့
ွှအနိုင်တိုက်နိုင်မလဲမသိသေးဘူး..။
အသိပေးတဲ့အတွက်ညီမရေ..ကျေးဇူး...

ခင်တဲ့
မသဒ္ဓါ

အင်ကြင်းသန့် said...

နုငယ်ရေ....တရားကကောင်းတယ်၊ ဒါပေမယ့်လည်း အမိုက်အမဲမို့လို့ မချောပြောသလို လောလောဆယ်တော့ World Cup လေးပြီးအောင် အရင် ကြည့်လိုက်ဦးမယ်နော် ဟီးးးးးးးး

Anonymous said...

ညီမ ခိုင်နုငယ် ရေ

ဟုတ်ပဗျာ ဘဝမှာ အဲဒီ ဘောလုံးပွဲ ကအရေးအကြီး ဆုံးပါဘဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မနုငယ် said...

ဟုတ်မ မခိုင်ရေ
ကျမတို့တွေရဲ့ ဘောပွဲကတော့ အခုထိအမည်းအသင်းပဲဗိုလ်စွဲနေတော့တာပဲ။
ကြိုးစားတော့မှ အဖြူအသင်းအတွက်.း)

မနုငယ်

မောင်သီဟ said...

အမြဲဂိုးပြတ်ရှုံးတယ်
အဖြူရောင်ဘက်က

ကိုဇော် said...

အဲဒါမှ. . .
ဘောပွဲက ပေးတဲ့ တရားဖြစ်သည်လေ. . ။

:P

မထူးပါဘူး ဆိုပြီး အဆုံးသတ်ပါ ထပ်စပ်လိုက်တယ်။

သူကြီးမင်း (တုံးဖလား) said...

ခန္ဓာကိုယ်ထဲက ဘောလုံးပွဲမှာ ဒိုင်လူကြီးမပါသေးဘူး။ အမှန်ဆို ဒိုင်လူကြီးက သတိ ဖြစ်ရမယ်ထင်တယ်။

ထင်သလို ပြောသွားပါကြောင်း။

တရားပေါက်သွားရင် လက်တို့လိုက်ဦးနော်။

မောင် လေး said...

ကဗျာလေးကိုဖတ်မိမှ ကိုယ့်ခန္ဓာကိုယ်ထဲက ဘောပွဲကို
ကြည့်မိပါတယ်..။ပထမပိုင်းမှာ အဖြူဘက်ကဂိုးပြတ်ရှုံးနေပါရောလား။ဒုတိယပိုင်းကိုတော့
မပြောတတ်သေး။လောလောဆယ် ဟတ်ဖတိုင်းနဲ့ ရပ်ဆိုင်း
ထားလိုက်ပါ၏။

blackroze said...

ဟုတ်တယ်ခိုင်နုရေ..
ခန္ဓာကိုယ်ထဲကဘောလုံးပွဲတော့နိုင်မှဖြစ်မှာ..
လောလောဆယ်တော့..
ဟော်လန်နိုင်ပါစေလို့..

နေ၀သန် said...

:)))... တရားသဘောက ဘောလုံးကတောင်ရသနော်...း)))


ခင်မင်တဲ့
နေ၀သန်

ချိုကျ said...

ဟုတ်ပဗျာ အမည်းရောင်ကိုက နိုင်နိုင်နေတာ ခက်တာ :) ကျနော်လည်း ကြိုးစားပြီး နိုင်အောင်ကန်လိုက်ဦးမယ်...

ခင်တဲ့(ချိုကျ)

မြစ်ကျိုးအင်း said...

အတွေးကောင်းလေး ပါလားဗျာ..။
ဟုတ်ပါ့ နေ့စဉ် ပွဲတွေ ကန်နေရ အားပြိုင်နေရ တာတော့ မေ့နေမိတယ်။

ahphyulay said...

သိပ်မှန် ပါတယ်ဗျာ ..၊
အမြဲတန်း လွန်ဆွဲ နေတဲ့  ဘောပွဲလေးပါပဲ၊
ကျွန်တော်က သိစိတ်၊မသိစိတ် ကလေးနှစ်ခု ကို
ဟိုးတလော.. တုံးက ရှာကြံ ရေးဖွဲ့  ခဲ့ မိပါတယ်။
အမြဲတန်း အဖြူနိုင်ဘို့  ကြိုးစား ကြပါစို့ ..။

လသာည said...

ခန္ဓာကိုယ်ထဲက ဘောလုံးပွဲကို အနိုင်နွဲနိုင်ဖို့ ကြိုစားပေမယ့် ပုထုဇဉ်ဘ၀က အားပြိုင်စရာတွေ အများသားဆိုတော့ ပင်ပန်းနေတယ် ညီမလေးရယ်..

(ပိုစ်လေး ဖတ်ကောင်းတယ်။ ကျေးဇူးနော်)

ကိုအောင် said...

ဘောလုံးပွဲက ပေးတဲ့ တရားပေါ့ ....း)

ရေသန့်  said...

တရား အသိ များများရချင်မိပါတယ်..
မခိုင်နုငယ် လည်း တရားအသိများများရပါစေ..

ရေသန့်  said...

တရား အသိ များများရှိချင်တယ်
မခိုင်နုငယ်လည်း တရားအသိ များများရှိပါစေ