အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Monday, July 5, 2010

အချစ်ခါးခါး

(အချစ်ကခါးတယ်)

သမုဒယကို ဒုက္ခလို့မမြင်တော့

သံယောဇဉ်နွယ်တစ်ခက်နဲ့

အပါယ်တဘက်ကိုအလည်ထွက်ဖို့ ကြံနေသူ။

ချိုမြိန်တဲ့အနမ်းတစ်ခုရဲ့

ကြေကွဲခြင်းကျိန်စာ

တစ်သက်စာလွမ်းဖို့လည်းလုံလောက်ခဲ့ပြီ။

နုတ်ဆက်ခြင်းကိုအပြုံးနဲ့ဖုံးကွယ်ဖို့မကြိုးစားပါနဲ့တော့။

မချစ်ဘူးဆိုလဲ မုန်းလိုက်ပေါ့

ကံကြမ္မာရဲ့ ဥပေက္ခာပြုမူ့အောက်မှာ

နေသားတကျဖြစ်နေတဲ့ငါ

ဘာကိုမှ မတုန်လှုပ်ပါဘူး။

ဗန်ဂိုးရဲ့ နားရွက်တစ်ဖက်နဲ့

ဆဒ္ဒန်ဆင်ရဲ့ အစွယ်နှစ်ဆူ

ကျိန်စာသင့်တာခြင်းတော့ အတူတူပါပဲ။

ဘ၀တစ်သက်စာ ရည်မှန်းလို့

ဒီလမ်းကိုဖောက်ခဲ့တာ

လှမ်းရမှာ ကြောက်တယ်တဲ့လား။

အချစ်ကို လျှာနဲ့တို့ မခို့တရို့အရသာ

ဟ! ခါးလိုက်တာ။


ပေးပို့သူ။ ။ကိုရင်နော်



မေတ္တာအားဖြင့်
ခိုင်နုငယ်

17 comments:

ရေသန့်  said...

မခို့ တရို့ အရသာ.... အင်း....ခါးတဲ့ အခါလည်း
ခါးပေမပေါ့ ..

နေ၀သန် said...

အားပါးး.. လန်းလှချည်လား.. ပေးပို့သူ ကိုရင်နော်ဆိုတော့ ဦးနော်ရေးထားတာလား...


ခင်မင်တဲ့
နေ၀သန်

အမ်တီအန် said...

ညီမရေ..
ကဗျာလေးကို လာဖတ်သွားပါတယ်။

ခင်မင်စွာ...

မြသွေးနီ
www.myathwayni.com

ချော(အစိမ်းရောင်လွင်ပြင်) said...

အော် ကိုရင်နော်ရယ်
ဖြစ်ရလေ အချစ်ကို လျှာနဲ့မှ သွားတို့ရတယ်လို့...
အချစ်နဲ့ဆားခါးမှားပြီး တို့မိတယ်ထင်ပါ့...
တစ်ချို့ကတော့ အချစ်က ချိုတယ် ဆိုပါလား.
သူတို့ကတော့သကြားနဲ့မှားတို့မိတယ်ထင်တယ်..း)

သဒ္ဓါလှိုင်း said...

ကဗျာလေးကောင်းတယ်..

ခင်တဲ့
မသဒ္ဓါ

တောက်ပကြယ်စင် said...

တစ်ခါတုန်းက ဘုန်းကြီတစ်ပါး ဆွမ်းဘုဉ်းပေးတုန်း ၀က်သားတုန်းကြီးကို ကိုက်နေပြီးတော့ “ဒုက္ခ၊ ဒုက္ခ”လို့ ငြီးတော်မူသတဲ့။ အဲဒါနဲ့ ဘေးမှာထိုင်နေတဲ့ ဖိုးသူတော်တစ်ယောက်က တပည့်တော်လည်း အဲဒီဒုက္ခကို ခံစားချင်လိုက်တာဘုရားလို့ လျှောက်လိုက်ပါတယ်။ အဲဒီလိုပဲ ခါးနေတဲ့အချစ်ကိုပဲ ကိုက်ဝါးချင်နေကြတာပေါ့။

အကြမ်းထည် said...

ရင် ထဲ ထိ , ငြိ စေ တဲ့ ကဗျာ ကောင်း လေး မို့

ဘာ မှ မ ပြော နိုင် အောင် ဖြစ် ရ ပါ တယ်။

ခံ စား ရေး ဖွဲ့ သီ ကုံး သူ ရော....

ပို့စ် လေး ဖော် ပြ တင် ဆက် သူ ရော...

ဒီ ကဗျာ လေး အတွက် ကျေ နပ် မိ ပါ တယ်။
ဆက် လက် ၍ .......

thanks ...

အင်ကြင်းသန့် said...

အင်း....ခါးမှန်းသိသိနဲ့ တို့ပြီးမြိုချလိုက်မိတာက ခက်တား)))

သူကြီးမင်း (တုံးဖလား) said...

ကိုယ်တိုင်ရေးဖွဲ့ကဗျာထင်နေတာ။
ဧကန္တတော့ အချစ်ခါးခါးအကြောင်း တစ်စေ့တစ်စောင်း ကြုံဖူးပြီထင်ပါ့။းဝ)

မောင်သီဟ said...

ဟူးးး တကယ်တော့ ဗျာ
အချစ်ဆိုတာ အေးမြမယ်ထင်ပါ
တယ် အချစ်ကိုခံစားတဲ့ ကျွန်တော်တို့ကသာ ပူလောင်ခါးသက်နေတာပါး)

ကိုဇော် said...

ကောင်းလိုက်တဲ့ ကဗျာ. .
အချစ်ကဗျာလေးတွေ သူများတွေလို လှလှပပ ရေးချင် လိုက်တာ. . .

( စကားမစပ်ပါ။ ဒီနေ့ ကျနော် တင်တဲ့ ပို့စ်မှာ ပေးထားတဲ့ Comment တွေ ဘယ်လို ဖြစ်မှန်းကို မသိဘူး။ အလိုလို မပေါ်ဘူး။ ဒါကြောင့် မေးလ်ထဲက ပြန်ထည့်တာတောင်မှ ပြန်ပျောက်ပျောက်သွားတယ်။ ဘာဖြစ်တာလဲ မသိ။ ဒါကိုလည်း တစ်ခါတည်း လာပြောသွားတာပါ။ )

လသာည said...

ချိုတာက ချိုတဲ့သဘာဝအရ ကောင်းသလို၊ ခါးတာလည်း ခါးတဲ့အရသာအလျှောက် ကောင်းနေတာကိုး))။

ကဗျာလေး ဖတ်ကောင်းတယ်...

ရေသန့်  said...

အဲ့ ဒါကြောင့်  ကိုအငဲ က အချစ်ဟာခါး ခါး ခါး တဲ့ 

ရေသန့်  said...

အဲ့ ဒါကြောင့်  ကိုအငဲ က အချစ်ဟာခါး ခါး ခါး တဲ့ 

ရေသန့်  said...

အဲ့ ဒါကြောင့်  ကိုအငဲ က အချစ်ဟာခါး ခါး ခါး တဲ့ 

ရေသန့်  said...

အဲ့ ဒါကြောင့်  ကိုအငဲ က အချစ်ဟာခါး ခါး ခါး တဲ့ ..

Anonymous said...

ကဗျာလေး က အခါးသား အဲ အကောင်းစား ရွှေစင်ဦး ကတော့ ခါးခါးလေး လည်းကြိုက်တာဘဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး