ဒီမှာ “ ဟေ့ လူ”
ခင်ဗျားလည်း မြန်မာ ကျွန်တော်လည်းမြန်မာ
ယဉ်အောင်ပြောလည်း “ ဒီစကား” ရိုင်းအောင်ပြောလည်း “ ဒီစကား ”
လူ့ယဉ်ကျေးမူ့ လူ့ပါတ်ဝန်းကျင်မှာ လူ့ကျင့်ဝတ်ဆိုတာ ရှိတယ်။
သိပ်ရွံစရာကောင်းလာအောင်တော့ ရိုင်းမလာနဲ့……
လူတစ်ယောက်ကို အရိုးသားဆုံး ဆက်ဆံတာဟာ
လူတစ်ယောက် အတွက် အရိုးသားဆုံး ယဉ်ကျေးမူ့ပဲ
ခံစားတတ်တယ် နားလည်တတ်တယ် နှလုံးသား ရှိတယ်…
ခင်ဗျားမှာလည်း နှမနဲ့ ကျွန်တော့လည်း အစ်မနဲ့
ကိုယ်ချင်းစာတရားဆိုတာ လူပီသဖို့ အတွက်
လူ့ကျင့်ဝတ်ပဲ..
ခင်ဗျား ဥပါဒါန်ထဲ ကြေမွနေပြီးသား
ခင်ဗျား သမိုင်းအမည်းတွေနှင့် ကျွန်တော့ ပစ္စုပ္ပာန်ကို လာ လာမကြည့်နဲ့
အတိတ် အနာဂါတ် ထက် ကျွန်တော့် ပစ္စုပ္ပာန်ကို တန်ဖိုးထားတယ်။
ဒီမှာ “ဟေ့လူ ”
ခင်ဗျားလည်း မြန်မာ ကျွန်တော်လည်းမြန်မာ
ခင်ဗျား ဥပါဒါန်ထဲ ကြေမွနေပြီးသား
ခင်ဗျား သမိုင်းအမည်းတွေနှင့် ကျွန်တော့် ပစ္စုပ္ပာန်ကို လာ လာမကြည့်နဲ့
အတိတ် အနာဂါတ် ထက် ကျွန်တော့် ပစ္စုပ္ပာန်ကို တန်ဖိုးထားတယ်။
*ညစ်တွန်းတွန်းရင်း...ပြင်းရှရှ ပေါက်ကွဲကြည့်တာ စကားလုံးတွေ အရောင်ရင့်သွားတယ်.. :)
7 comments:
ဟုတ်ပါ့ လူမှန်ရင် လူ့ကျင့်ဝတ် ရှိရမှာပေါ့
ခင်မင်တဲ့
ကဗျာလေးကောင်းထှာ....နှစ်သက်မိတယ်နော်..
ခင်တဲ့...မိုးနတ်
အတိတ်ကိုလည်းမတွေးလေနဲ့ အတိတ်ဆိုတာပြန်မလားဘူး။
အနာဂတ်လည်း မမျှော်မှန်းနဲ့ အနာဂတ်ဆိုတာ မသေခြာဘူးတဲ့ ကြားဖူးပါရဲ့.....
ဒါပေမဲ့ ဒေါသတွေ လောဘတွေရှိနေပြန်တော့လည်း အတိတ်ကိုတွေးပြီး ဒေါသဖြစ်လိုက် ။ မဖြစ်သေးတာတွေကို လောဘနဲ့မျှော်လိုက်နဲ့ ဒီလိုနဲ့ဘဲ ဘယ်လောက်ထိ အသက်ဆက်ရှင်ရအုံးမယ်မသိတော့ပါဘူး...
ပစ္စုပ္ပန်တည့်တည့်ကိုကြည့်တတ်မြင်တတ်အောင်ကြိုးစားပါအုံးမည်။
ခင်းဗျားဥပဒါန်ထဲကြေမွနေပြီးသား
စိတ်ဆိုးနေတာတော့ သိတယ်--ဘာရေးထားမှန်းတော့ ပေါက်တယ် ဆိုပေမယ့် မဟုတ်သေးဘူး
ညီမ အရမ်း ပြင်းတယ်နော်
ကျင့်ဝတ်တွေကြေညက်နားလည်လက်ခံကျင့်သုံးတတ်ဖို့ လူဖြစ်တဲ့ ကျွန်တော်တို့မှာတာဝန်ကိုယ်စီရှိကြပါတယ်လေ
Post a Comment