အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Monday, August 6, 2012

~ကြယ်ရောင် ပျောက်သောည~

~ကောင်မလေးရေ..........မင်း ခဏ ခဏ
ကြယ်တွေကို ရေတွက်ကြည့်ရန်မလိုတော့ပါ....

~ကောင်မလေးရေ......မင်း ခဏ ခဏ
ကြယ်တွေရဲ့ အနက်ကို ဖွင့်ဆိုကြည့်ရန်မလိုတော့ပါ..

~ကောင်မလေးရေ....... မင်း ခဏ ခဏ
ကြယ်ပုံပြင်တွေကို တယုတယ နားဆင်ကြည့်ရန်မလိုတော့ပါ...

~ကောင်မလေးရေ.....မင်း ခဏ ခဏ
ကြယ်တမ်းချင်းတွေ အမှောင်စမ်းသီရန်မလိုတော့ပါ...

~ကောင်မလေးရေ...... ကြယ်တွေက
မင်းနဲ့ဝေးလွန်းသော အရပ်မှာ သီးသီးသန့်သန့်လေး ရှိနေကြဦးမှာ



ကြယ် သီရင်း ဖျားနာခဲ့သော ကောင်မလေးအတွက်
ပုံလေးကို ဒီကနေ ယူသုံးစွဲထားပါတယ်...

5 comments:

လွင်ပြင်လှိုင်းငယ် said...

ကောင်းတယ်ဗျာ ကဗျာက

Anonymous said...

ကြယ်တွေက ဝေးလွန်းပါတယ်လေ.. တမ်းတ မနေသင့်ပါဘူး..

သိင်္ဂါကျော်

စံပယ်ချို said...

ကြယ်ရောင်တွေပျောက်သောညလေးကိုခံစားခဲ့တယ်

သူကြီးမင်း (တုံးဖလား) said...

ကောင်မလေးက ကြယ်တွေကို တမ်းတနေဦးမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ရေတွက် ဖွင့်ဆို နားဆင် သီကုံးဖို့တော့ သူ ကြိုးစားမေ့ပစ်ပါလိမ့်မယ်။
အဆင်ပြေပါစေ။

အိပ်မက်ကောင်းကင် said...

ပထမဆုံး အကြိမ်အလည်ရောက်ခဲ့ပါတယ်
ကဗျာလေးကိုလည်းခံစားသွားပါတယ်
နောက်လည်းရောက်လာပါဦးမည် ^_^