အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Tuesday, June 26, 2012

“ ကြယ် ”

     တစ်ပွင့်တလေမှ       လင်းလက်ဖြာသက်ဆင်းဖို့
     စိတ်ကူးမရှိတော့တဲ့ ကောင်းကင်ဆီပဲ
     နှလုံးသားဟာ တိတ်တိတ်ကလေးငေးလို့…..
   
      စိတ်နှင့်  နှလုံးသား အစေးမကပ်ခဲ့ကြ
     မျက်လုံးတွေမှိတ်ပြီး အိပ်ပျက်ရတဲ့
     ညတွေအကြောင်း မင်းထိရှဖူးပြီပဲ
     စိတ်က ဖွဖွလေးပွတ်သပ်    တယုတယ ချော့တယ်
    
    နှလုံးသားကတော့ ခေါင်းမာမာနှင့်
    ကြယ် ကြယ် လို့ ညဉ့်နက်နက်တွေထဲ
    ရူးရူးမိုက်မိုက် ရွတ်မြဲ

2.54 am
    မင်းနဲ့ငါ ပေါင်းပေါင်းပြီး မိုက်ခဲ့တဲ့
ဇာတ်သိမ်းပိုင်းမပါသော တစ်ခန်းရပ်တွေအကြောင်း
တခမ်းတနား ချမပြချင်တော့ဘူးကွယ်..
စိတ်ဟာ လူကြီးလူကောင်းဆန်ဆန်

   နှလုံးသားကတော့ ခေါင်းမာမာနှင့်
    ကြယ် ကြယ် လို့ ညဉ့်အာရုံထဲ
ရူးရူးမိုက်မိုက် ရွတ်မြဲ

3.30 am
ခေါင်းမာချင်စမ်းပါနဲ့ကွာ !!!!!!
ဒါဟာ လူကောင်းတစ်ယောက် အိပ်ချိန်မဟုတ်ဘူး
တိတိကျကျ မှာခဲ့ပြီးမှ တည့်တည့်ကြီးလွဲခဲ့ရတဲ့
ဖြစ်ရပ်မှန်တွေ ရှိနေမှတော့
ကြယ်တွေကို မီးမှိတ်
အိပ်ရေး ၀အောင် အိပ်ကြမယ်
စိတ်ဟာ ရင့်ကျက်သူဟန်

    နှလုံးသားကတော့ ခေါင်းမာမာနှင့်
    ကြယ် ကြယ် လို့ မနက်စင်စင် လင်းသွားလည်း
ရူးရူးမိုက်မိုက် ရွတ်မြဲ

8 comments:

သိ င်္ဂါ ရ said...

ရင့်ကျက်တယ် ဆိုတာ လုပ်ယူလို့ မရဘူး ထင်မိတာပါပဲ ။ သူ့အချိန် တန်မှ သူ့ဘာသာ ဖြစ်လာတတ်တာမျိုး ထင်ပါရဲ့ ...

သိင်္ဂါကျော် said...

ကြယ်တွေကို တစ်ခါတရံမှ မြင်ရတဲ့ ကောင်းကင်အောက်မှာ
တစ်ခါမှလည်း အိပ်မပျက်ဖူးပေမယ့်
ဒီကဗျာတော့ တော်တော်လေး ကြိုက်သွားတယ်..

Cameron said...

ကဗျာလေး လာဖတ်သွားပါတယ် ညီမ...။

Angelhlaing(May everybody be happy and healthy! said...

မင်းနဲ့ငါ ပေါင်းပေါင်းပြီး မိုက်ခဲ့တဲ့
ဇာတ်သိမ်းပိုင်းမပါသော တစ်ခန်းရပ်တွေအကြောင်း
တခမ်းတနား ချမပြချင်တော့ဘူးကွယ်..
စိတ်ဟာ လူကြီးလူကောင်းဆန်ဆန်...

ကဗျာလေးက တစ်မျိုးလေး...မိုက်တယ်မမ
အားပေးလျှက်ပါလို့..

မောင်သီဟ said...

တွေးစရာတွေတသီကြီးတွေ့ခဲ့တယ်
ကြယ်ဆိုတာလည်း သူ့အလင်းနဲ့သူ တောက်ပဆုံးချိန်ရှိတာပဲ

မြသွေးနီ said...

ကဗျာထဲက ကြယ်တွေကို ရေတွက်ခဲ့တယ်..။

သဒ္ဓါလှိုင်း said...

တောက်ပတဲ့ ကြယ်လေးတစ်လုံး လှပတဲ့ နှလုံးသားရှိတဲ့သူဆီ ဆင်းသက်လာမှာပါ.။

ချမ်းမြေ့ပါစေ. ညီမငယ်။
ခင်မင်လျက်
သဒ္ဓါ

လွင်ပြင်လှိုင်းငယ် said...

3.30 am
ခေါင်းမာချင်စမ်းပါနဲ့ကွာ !!!!!!
ဒါဟာ လူကောင်းတစ်ယောက် အိပ်ချိန်မဟုတ်ဘူး
တိတိကျကျ မှာခဲ့ပြီးမှ တည့်တည့်ကြီးလွဲခဲ့ရတဲ့
ဖြစ်ရပ်မှန်တွေ ရှိနေမှတော့
ကြယ်တွေကို မီးမှိတ်
အိပ်ရေး ၀အောင် အိပ်ကြမယ်
စိတ်ဟာ ရင့်ကျက်သူဟန်

ကဗျာလေးအရမ်းကောင်းတယ် လင့်လေးချိတ်သွားတယ်နော်