အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Wednesday, September 15, 2010

သတင်းကွန်ယက်ဂျာနယ်

သတင်းကွန်ယက်ဂျာနယ်
မလေးရှားနိုင်ငံမှာ ထုတ်ဝေသည့် မြန်မာ့ သတင်းကွန်ယက်ဂျာနယ်ပါ။ အခက်အခဲ အမျိုးမျိုးတွေကြားကရွှေမြန်မာ တို့အတွက် ရပ်ဝေး မြေခြားမှာ သတင်းကွန်ယက်တွေနဲ့ နီးစပ်စေဖို့ စာပေချစ်မြတ်နိုးသည့် မလေးရှား နိုင်ငံရောက် ရွှေမြန်မာတို့ရဲ့အားထုတ်မူ့လေးပါ။ ယခုဆို မလေရှားနိုင်ငံမှာ မြန်မာ့သတင်းဂျာနယ်တွေ တော် တော်များများ ထွက်ရှိလို့နေပါပြီ။ ဒါကြောင့် စာပေချစ်မြတ်နိုးသည့် မလေးရှားနိုင်ငံရောက် ရွှေညီအကိုမောင်နှမ များ “သတင်းကွန်ယက်ဂျာနယ်” ကိုလည်း ၀ယ်ယူဖတ်ရူ့နိုင်ပါကြောင်း သတင်းကောင်း ပါးလိုက် ပါရစေ။ တဆက်တည်းမှာပဲ ကြော်ငြာသလိုလိုနဲ့ ကြွားလိုက်ပါအုံးမယ်။ :) :)
သတင်းကွန်ယက်ဂျာနယ် အတွဲ(၁)အမှတ်စဉ်(၆)စက်တင်ဘာလထုတ်မှာ
ကျွန်မ မတောက်တစ်ခေါက်ရေးသည့် ၀တ္ထုတိုလေးတစ်ပုဒ်ကိုလည်း ဖတ်ရူ့နိုင်ပါကြောင်း သတင်းကောင်းပါး လိုက်ပါရစေ။ ကျွန်မ မတောက်တစ်ခေါက်ရေးသည့် ၀တ္ထုတိုလေးတစ်ပုဒ်ကို ထုတ်ဝေပေးသည့် သတင်းကွန်ယက်ဂျာနယ်မှ အယ်ဒီတာများကိုလည်း ကျေးဇူးတင်ပါကြောင်း ဒီနေရာလေးကနေ ကျေးဇူး စကားပြောပါရစေ။ “သင်းကွဲငှက်တို့ အိမ်အပြန်” မူးရင်းကို ဖတ်ချင်သူများ ဒီနေရာလေးမှာ ဖတ်နိုင်ပါတယ်။





ကြော်ငြာဏ္ဍသို့ဆက်သွယ်လိုသူများအတွက် အခမဲ့ကြော်ငြာဏ္ဍလည်းရှိပါတယ်။




၁) ပညာဒါန အခမဲ့သင်တန်းကျောင်း ကြော်ငြာများ

၂) လူပျောက် ကြော်ငြာများ

၃) ပါတ်စ်စပို့ ပျောက်ဆုံးသူများနှင့်ကောက်ရသူများ

၎) မိသားသားစုနှင့် အမှန်တကယ် ဆက်သွယ်ရန်အရေးကြီးနေသူများ

၅) အိမ်ခန်းရောင်း/၀ယ်/ငှားလိုသူနှင့် အငှားတင်လိုသူများ

၆) တီဗွီ၊ရေခဲသေတ္တာ၊ဟမ်းဖုန်း၊ဆိုင်ကယ်၊ကား ရောင်း/၀ယ်/ငှား လိုသူများ

စသည့် ကြော်ငြာရှင်များ အခမဲ့ ထည့်သွင်းကြော်ငြာပေးမှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ အခမဲ့ကြော်ငြာဏ္ဍသို့ ဆက်သွယ်ပေးပို့လိုပါက အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်တကွ ကြော်ငြာထည့်သွင်း လိုသော အကြောင်းအရာအား လျှောက်လွှာစာရွက်ဖြင့်ရေး၍ စာတိုက်မှဖြစ်စေ၊ အီးမေး(လ်)ဖြင့် ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ်ပေးပို့နိုင်ပါသည်။

ဆက်သွယ်ရန်- P.O BOX:10967,50730(K.L)
email:newsnetwork2010@gmail.com
Ph:016-659 8531,016-977 8317





အမှာ။ ။ယခုတလော အလုပ်များတာရယ်။ စိတ်မအားတာရယ်ပေါင်းစုပြီး ဘလောပ့်လည်ဖို့ မိတ်ပျက်ဆွေပျက်ဖြစ်နေပါတယ်။ ဘလောပ့်လာလည်သည့် ချစ်မိတ်ဆွေ စာဖတ်သူများကိုလည်း ဧည့်ဝတ်မကျေဖြစ်နေပါတယ်။ဒါကြောင့် ကြိုးစားပြီး ဘလောပ့်လည် စာဖတ်စာရေးပါအုံးမည်လို့။ :) :)

မေတ္တာအားဖြင့်
ခိုင်နုငယ်

25 comments:

မေပယ်လ် said...

ဘာများတုန်းလို့
လက်စသတ်တော့
အ၀ှာကြီးကိုး..:D

နေဇော်လင်း said...

ကြော်ငြာလေး လာဖတ်ပါတယ်ခင်ဗျား ...

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်လဲမပျက်နဲ့ မိတ်လဲမပျက်နဲ့
အားတဲ့ခါရေး
ရေးတာနဲ့ လာဖတ်မှာပေါ့ကွယ်
ပျောက်နေလို့ နေများ မကောင်းဘူးလားလို့
နေကောင်းကျန်းမာနေရင် ပြီးတာပါဘဲ...
နုငယ်ဝတ္ထုတိုလေး ပါလာတယ်ဆိုလို့ Congratulations ပါ
ဆက်လက် အောင်မြင်ပါစေနော်...

ချစ်တဲ့

မချော

အဖြူရောင်နတ်သမီး said...

ကြော်ငြာ...ထည့်မယ်...
း)
အားပေးတယ်..ဆက်လုပ်...။

ကိုဇော် said...

ထင်ပါဒယ်...ကြွားတော့မှာလို့... :P

အဲဒီမှာ တာဝန်ခံ မစိမ်းမို့မို့ ဆိုတာ ရှိတယ်။
အကိုနဲ့ အရမ်းရင်းနှီးပါတယ်။
သူနဲ့လည်း ဆက်သွယ်လို့ ရတယ်။

ဆက်လက် အောင်မြင်ပါစေ။

Anonymous said...

ဆောင်းပါးလေးကိုသွားအားပေးပါ့မယ်
အဲဒီက စာစောင်တွေအစမှာ ဟုတ်တုတ်တုတ် နောက်ပိုင်း ကြေငြာတွေများများလာတတ်တယ်
တခါတလေ ကြေငြာဝယ်ဖတ်ရသလိုပဲး)း)

မောင်ဘကြိုင်

နေ၀သန် said...

ကောင်းတယ်ဗျာ.. ဒီလိုစာစောင်လေးတွေ များများထွက်သင့်တယ်...း)))


ခင်မင်တဲ့
နေ၀သန်

သုခုမလေဒီ said...

congratulation ပါ ညီမရေ...
ညီမ ၀တ္ထုလေးဖတ်သွားပါတယ်.
စွဲဆောင်မှုရှိတဲ့ ၀တ္ထုကောင်းလေးတစ်ပုဒ်ပါပဲ..။ စာတွေဆက်ရေးသင့်ပါတယ်။ အားပေးနေမယ်နော်...

ညလင်းအိမ် said...

ဝတ္ထုတိုလေး သွားဖတ်အုန်းမယ်

လွင် said...

ခိုင်နုငယ်ဆိုတာ ညီမ စိမ်းမို့မို့ လားဟင်

ခိုင်နုငယ် said...

မေပယ်လ်မောင်လေး
မောင်လေး နေဇော်လင်း
မမချော
မနမ်း
ကိုဘကြိုင်
နေ၀သန်
မအနမ်း
ကိုည
အားပေးနေတာကျေးဇူးပါနှော်။
ကိုဇော်
မစိမ်းမို့မို့နဲ့ ခိုင်နု သူငယ်ချင်းတွေပါ။
ခိုင်နုတို့လည်း တော်တော်ရင်းနှီးကြပါတယ်။
လွင်ရေ
မစိမ်းမို့မိုဆိုတာ ခိုင်နုငယ်မဟုတ်ပါဘူး။
အားလုံးကို ချစ်ခင်လေးစားစွါဖြင့်


မေတ္တာအားဖြင့်
ခိုင်နုငယ်

ခိုင်နုငယ် said...

တစ်ချို့ comment များတက်မလာပါ။
ခိုင်နု published လုပ်မပေးထားတာ မဟုတ်ပါဘူး။




ချစ်ခင်လေးစားစွာဖြင့်
ခိုင်နုငယ်

အင်ကြင်းသန့် said...

ရည်ရွယ်ချက်တွေ တကယ်ကောင်းမွန်တဲ့ စာစောင်လေးပါလား ညီမလေးရေ...။

အိမ့်ချမ်းမြေ့ said...

ကောင်းတယ်ညီမရေ..
အားပေးလျှက်..

ဟန်နာ said...

ဒီ ဂျာနယ်လေး ထွက်တာ ၀မ်းသာစရာ...
ဝတ္တုလေးဖတ်သွားတယ်..ရှယ်ပဲနော်.. မခိုင်း)

မြတ်မွန် said...

ခိုင်နုစာလေးပါလာတာ ဝမ်းသာမိတယ်။
သွားဖတ်ကြည့်လိုက်ပါအုံးမယ်ရှင်။

လသာည said...

ဒါဆို ကြော်ငြာထည့်ပေးပါဦး ညီမလေး..
လူပျောက်ကြော်ငြာပါ။ ခိုင်နုငယ်-ဆိုတဲ့ ညီမတစ်ယောက် ပျောက်နေလို့း))

ခိုင်နုရဲ့ စာ သွားဖတ်လိုက်ဦးမယ်..

(ခိုင်နုငယ်ဆိုတဲ့ ညီမရဲ့ နာမည်ခေါ်ရတိုင်း ကိုယ့်ဘာသာပြန်ခေါ်ရသလိုပဲ ပြုံးမိတယ်း)))

မြစ်ကျိုးအင်း said...

စာမျက်နာပေါ်မှာ ကိုယ့်စာကို ပြန်မြင်ရတဲ့ ခံစားချက်ကို နားလည်လို့ ထပ်တူ ဝမ်းသာ ပီတိဖြစ်ရပါတယ်။ များများတွေးပြီး များများရေးဖို့ အားပေးပါရစေ။

(မလေးရှားက ပြည်ထောင်စု သတင်းစာမှာတော့ တောင်းလို့ ဆောင်းပါး တပုဒ် ပို့ဖူးတယ်။ အချိန်အတိုင်းအတာ ကန့်သတ်ပြီး စာမူတောင်းတာဆိုတော့ ရေးဖြစ်မယ်လို့ အာမမခံတော့တာလေ။ ကျနော်တို့က စိတ်ပါမှ ရေးချင်တာ ဆိုတော့ သူတောင်းတဲ့ အချိန် မပေးနိင်တာမျိုးဆို ဖိအားဝင်ရတာပေါ့။)

ဆွေလေးမွန် said...

အားပေးတယ် ခိုင်နုရေ..ကြိုးစားထားကွ..

ငြိမ်းစိုးဦး said...

မျှဝေပေးတာကို ကျေးဖူးတင်နေပါတယ် ...
ဝတ္တု ကိုဖတ်ပြီးပါပြီ ။ ကောင်းတယ်။
အရောက်လာခဲ့ပါတယ် ...
ငြိမ်းစိုးဦး

မြသွေးနီ said...

ထင်ပေါ်လို့ စင်တော်က ကောက်တာမို့ဝမ်းသာတယ်ညီမရေ...။
အဲ့ဒီပို့စ်လေးလည်း မြသွေးနီကြိုက်တယ်။
အလုပ်တွေမအားကြပေမယ့်
တချိန်ချိန်တော့ အရောက်လာမှာပါနော်။

ခင်မင်စွာ...
မြသွေးနီ

သူကြီးမင်း (တုံးဖလား) said...

နိုင်ငံရပ်ခြားမှာ မြန်မာလူမျိုးအတွက် ဒီလို သတင်းကွန်ယက်ကလေးတွေ စီစဉ်ပေးတာ ကောင်းမွန်ပါတယ်။ ပြီးတော့ လောလောဆယ်ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကိုလဲ သိခွင့်ရတာပေါ့။

သင်းကွဲငှက်တို့အိမ်အပြန်ကတော့ ဟိုတုန်းကထဲက ဖတ်ပြီးသားနော်။ အားပေးခဲ့တဲ့အကြောင်းပါ။း)))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကောင်းမွန်ဝင်း said...

ခိုင်နုငယ်ရေ
အလုပ်များစိတ်မအားနဲ့ သတင်းပါးလိုက်တဲ့ ပို့စ်လေးကို လာဖတ်ပါတယ်။
အဲဒီထဲကညီမ ရေးတာလေးလည်း ဖတ်ရတယ်။
ခင်မင်လျှက်

စံလင်းထွန်း said...

အခုလို စာပေမျိုးဆက်သစ်တွေကို တွေ့ရတာ ဝမ်းသာပီတိဖြစ်ရပါတယ်။

ဂျာနယ်တွေကတော့ ပေါမှပေါပါပဲ ..။ ကလောင်လက်သစ်တွေအတွက် သတင်းကောင်းပေါ့ဗျာ ..။

မုဒိတာလည်းပွားရပါတယ်။

ရည်မှန်းတွေလည်း အမြန်ဆုံးအောင်မြင်ပါစေဗျာ ...။

အားပေးလျက်ပါ ...

မြေးလေး said...

ဆောင်းပါးလေး လာဖတ်သွားတယ် သိလား ဖွား