အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Friday, August 27, 2010

ကျေးဇူးပြု၍ ငါ့ကိုချစ်ရင် မုန်းပါ


ကောင်လေးရေ……..

ငါ့ရင်ခွင်မှာ မင်း တစ်ကိုယ်စာလေးတောင်
ခိုလှုံ ခွင့် မပေးနိုင်ခဲ့ဘူး။
ငါဟာ “တေမိ” မဟုတ်သလို
“အရိယာ”လည်း မဖြစ်သေးပါဘူး။
မင်းခံစားရတဲ့ ဝေဒနာဝါကျတွေအတိုင်း
ဤ သည် မရွေး ငါကိုယ်တိုင်လည်း
ခံစားခဲ့ရဖူးပါတယ်။
ဒါပေမယ့်……….
ဘ၀မှာလိုအပ်ရင် အချစ်ဆိုတာလည်း
တိတ်တိတ်လေး ရှင်သန်ပေးရတယ်။
ကိုယ်တိုင်ဆွဲတဲ့ စည်းမျဉ်းအပြင်ဘက်ကို
ငါဟာ ခြေချော်လက်ချော်လေးတောင်
လျှောက်မကြည့်ဝင့်သူပါကွယ်။
လက်ညှိုးပေါင်းများစွာရဲ့ တံတွေးခွက်ထဲ
ငါကိုယ်တိုင်လည်း မစီးမျောဝံ့သလို
မင်းကိုလည်း မသိမ်းသွင်းချင်ဘူး။
ကောင်လေးရေ………..
မင်းအိမ်မက်တွေထဲ ငါ့ကိုအလည်မခေါ်ချင်ပါနဲ့
ငါဟာ မင်း မျှော်လင့်တဲ့ အိန်လ်ဂျယ်မဟုတ်ခဲ့ပါဘူးကွယ်။
တကယ်တော့ အချစ်ဆိုတာ
အချစ်ခံရတာထက် ချစ်နေရတာက
ပိုပြီးမွန်မြတ်သန့်စင်ပါတယ်။
ကောင်လေးရေ….
ကျေးဇူးပြု၍ ငါ့ကိုချစ်ရင် မုန်းလိုက်ပါ။



********@@@@*******
အချစ်ကဗျာရေးပေးပါလို့တောင်းဆိုလာသည့် မလေးရှားရောက်
ညီမငယ်အတွက်အမှတ်တရ ကဗျာ
********@@@@*******

မေတ္တာအားဖြင့်

ခိုင်နုငယ်

32 comments:

ကိုဇော် said...

ဟဲ့...ဘယ်လိုကြီးလဲ ခေါင်းစဉ်က. . .
-
-
-
-
သြော်...ဒီလိုကိုး။

လင်းခေတ်ဒီနို said...

ဘ၀မှာလိုအပ်ရင် အချစ်ဆိုတာလည်း
တိတ်တိတ်လေး ရှင်သန်ပေးရတယ်။
ကိုယ်တိုင်ဆွဲတဲ့ စည်းမျဉ်းအပြင်ဘက်ကို
ငါဟာ ခြေချော်လက်ချော်လေးတောင်
လျှောက်မကြည့်ဝင့်သူပါကွယ်။

:))))

ဂယ်လားဝေးး ဂယ်လားဟ
ခံစားချက်ကတော့ တကယ်ကောင်းတယ်

ဆွေလေးမွန် said...

ဘ၀မှာလိုအပ်ရင် အချစ်ဆိုတာလည်း
တိတ်တိတ်လေး ရှင်သန်ပေးရတယ်။

မှန်လွန်းတဲ့ ကဗျာစာကြောင်းလေးတစ်ခုပါပဲ
နငယ်ရေ။

Anonymous said...

ကဗျာလေးဖတ်သွား တယ်ဗျာ
ကောင်းတယ်လို့မပြော ချင်ဖူး ဝမ်းနည်းစရာဖြစ် နေလို့ ခံစားသွားတယ်

မောင်ဘကြိုင်

သဒ္ဓါလှိုင်း said...

ညီမခိုင်နုရေ..
အချစ်ကဗျာလေးက ဘယ်သူ့အတွက်ပါလိမ့်????
ကဗျာလေးကိုခံစားသွားတယ်နော်..။
ခင်တဲ့
သဒ္ဓါ

မေပယ်လ် said...

တယ်လှပါလား မကြီးရ..ကဗျားလေးက ခေါင်းစီးတွေ့တာနဲ့တင် ဖတ်ရတာ တန်သွားပြီ..ကျေးဇူးပြု၍ ငါ့ကိုချစ်ရင် မုန်းလိုက်ပါ။တဲ့..။
စာသားလေးတွေလဲ လှတယ်...အရိယာတွေကောပဲ..:)

SHWE ZIN U said...

ညီမ ရေ

အချစ်ခံရတာထက် ချစ်နေရတာက
ပိုပြီးမွန်မြတ်သန့်စင်ပါတယ် တဲ့

အင်း ပြောရရင် တော့ ၂မျိုးစလုံး ပျင်းစရာ

ခင်တဲ့
ရွှေစင်ဦး

မဗေဒါ (၈၈) said...

ညီမ နုငယ်

လက်ဆောင်ရေးပေးတာလား.. ကောင်မလေးက အိန်ဂျယ် အဖြစ်တောင် ဖြစ်ခွင့်မရဘူးနော်... သီနားပါဒယ်..။

မဗေဒါ (၈၈)

ဖွား ရဲ့ မြေး said...

ဖွားရေ ကဗျာလေး လာခံစားသွားတယ်နော်
ဒါနဲ့ ဖွား ရဲ့ အသစ်က မြေးဆီမှာ မတက်ဘူးရော် ဘိုလိုဖစ်ဒုံး များ မသိဘူး များ ဘက်ကဖြစ်လားမသိဘူး ပြန်စစ် ကြည့်လိုက်ဦးမယ် ဖွား သိလား
တာ့တာ

အဖြူရောင်နတ်သမီး said...

“ဘ၀မှာလိုအပ်ရင် အချစ်ဆိုတာလည်း
တိတ်တိတ်လေး ရှင်သန်ပေးရတယ်။...”

တိတ်တခိုးလေးပေါ့...
မသိ တသိနဲ့ ..သိအောင်လုပ်လိုက်တဲ့ ကဗျာလေးထင်တယ်..။

လာရောက်ခံစားသွားပါတယ်..။
(နေမကောင်းလို့ ဘယ်မှမရောက်ဖြစ်ဘူး)

အကြမ်းထည် said...

Great.

Carry on ,,

Cheers!! :D

With reps;

နွေဆူးလင်္ကာ said...

အချစ်ကဗျာလေးက ဖတ်လို့ ကောင်းပါတယ် ....

Anonymous said...

ကောင်းလိုက်တာ အစ်မရေ ဆက်လက် ဒီထက် အောင်မြင်ပါစေ ခင်ဗျား


ခင်မင်လျှက်
နေဇော်လင်း

ပေါ့ဆိမ့် said...

အိမ်မက်ထဲ အလည်လာခဲ့ဖို့ ခေါ်ရုံလောက်နဲ့ တော့ မသွားတာပဲ ကောင်းပါတယ် .. :)
ကဗျာလေး ကို ဘယ်လို ခံစားရေးရေး ဖတ်ရတဲ့သူ ကွတ်ကွတ်ကွင်းကွင်း မြင်တယ် ကောင်းတယ်

ညိမ်းနိုင် said...

အော်...ချစ်ရင် မုန်းပေးရမယ်လား....။အဲဒီလောက်လွယ်
မှာလား....။လွယ်နိုင်မှာတဲ့လား....။

ညလင်းအိမ် said...

အဟဲ သူက အချစ်ကဗျာရေးတော့လည်း
တယ်ကောင်းပါလား ...

တကယ်လား .. အတည်လား .. ဘာလား ညာလား ...း)

တကယ်ကောင်းဧ။် ..

ချော(အစိမ်းရောင်လွင်ပြင်) said...

သူများအတွက်ရေးပေးတယ်ဆိုပေမဲ့ ကိုယ်တိုင်ခံစားချက်တွေ စီးမျောပါဝင်နေလို့ ထင်ပါရဲ့
ကောင်းလိုက်တာ
မျက်ရည်တောင် လည်ချင်သလိုလို.. ကွန်ပျူတာပေါ်ကျသွားမှာစိုးလို့ မနည်းထိန်းလိုက်ရတယ်..း)

မြတ်မွန် said...

ချစ်ရင် ပြန်ချစ်တာပဲ လိုချင်ပါတယ်
ကိုယ့်ချစ်နေတာကို
သူကမုန်းလိုက်ရင်..
ဝမ်းနည်းစရာကြီး..

htetthura said...

ရင်ခွင်မှာ သစ်ပင်လိုစိုက်နေမှ
မုန်းခိုင်းတိုင်း မုန်းနိုင်ဘူး.......
ဟီးဟီး

မဆိုးဘူး
ကောင်းတယ်
ဆက်လုပ်.....

ထက်သူရ

ရေသန့် said...

မုန်းလိုက်ပြီဗျို့။
စတာနော်။

အင်ကြင်းသန့် said...

ကဗျာလေးက တကယ်ဖတ်လို့ကောင်းတယ် ညီမလေး.... :)

ခင်တဲ့
မအင်ကြင်း

မြစ်ကျိုးအင်း said...

ကဗျာလေးက ဆိုလိုရင်း ပေါ်လွင်လွန်းတယ်။
စာရေးကောင်း ကဗျာရေးလည်း ကောင်းတာပါလား။

သိင်္ဂါကျော် said...

တစ်ခါတလေ တိတ်တိတ်လေး ချစ်နေမှပဲ ဖြစ်မယ်ဆိုရင်လည်း တိတ်တိတ်လေးပဲပေါ့..

ဖိုးသား said...

မှန်ပါသည် အချစ်နဲ့အမုန်းဆိုတာတွဲလျက်ပါ။လူငယ်တစ်ယောက်ကကောင်မလေးတစ်ယောက်ကို ချစ်နေတာကို သူဘက်ကမုန်းတယ်ဆိုတာ သူ့ရင်ထဲ့မှာ ကောင်လေးရှိနေတယ်ဆိုတာပါဘဲ

မြသွေးနီ said...

ညီမရေ..
Commentပေးလို့ရတုန်းလေး ဖတ်ပြီးသားပေမယ့် အပြေးပြန်လာပေးခဲ့ပါတယ်။ စာရေးအားတင်မက ကဗျာရေးပါကောင်းတဲ့ ညီမလေး ဒီထက်စာတွေ အများကြီးရေးနိုင်ပါစေ။ ကဗျာလေးကိုလည်း မျှဝေပေးလိုက်မယ်နော်။

လသာည said...

မုန်းခိုင်းတိုင်း မုန်းနိုင်ဘူး...(သီချင်း)
တို့ကတော့ ချစ်ပဲချစ်တယ်း))

ဇာနည် said...

ဖတ်သွားတယ်..အမ..ကဗျာလေးက ကောင်းတယ်..

zarni said...

ဖတ်သွားတယ်..ကဗျာလေး..ကောင်းပါတယ် အမ...........

chindwinthu said...

ကဗျာလေးက အဓိပ္ပါယ် အပြည့်နဲ့ တကယ် ဖတ်လို့ကောင်းတယ်။

Anonymous said...

ကြိုပြီး မုန်းခိုင်းထားတော့ နောင် ကြုံလာရင် သိတ် မထိနိုင်အောင်ပေါ့နော် ...
ငြိမ်းစိုးဦး

Cameron said...

အချစ်ကဗျာနုနုလေးကောင်း၏ အားပေးသူများ၏ အောင်မြင်၏....

သိ င်္ဂါ ရ said...

ချစ်ပါတယ် ဆိုမှ ... မုန်းစရာ လား ... ကွယ်

ခိုင်နုငယ် ကတော့ ... လုပ်ပြီ ... :)