အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Tuesday, March 13, 2012

“ဆုံမှတ်”

ဆုံမှတ်တစ်ခုရဲ့ လွဲချော်မူ့ဆိုတာ
ကိုယ့်အတွက်တော့ မဖြစ်ချင်တာတွေထဲက
ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။
ကိုယ်တို့တွေရဲ့ ဆုံမှတ်တွေ လွဲချော်သွားတဲ့ခါ

“ ” ဘာဆက်လုပ်မလဲ ဆိုတဲ့
သူ၏ မေးခွန်းသည် ကဗျာမဆန်နိုင်ခဲ့ပါဘူး။
ကဗျာ၏ဖြစ်တည်မူ့ကို သူ မယုံကြည်နိုင်ခဲ့သလို
ရင်ဘတ်ထဲက ရုန်းကန်လှုပ်ရှားသံကို
သူသည် ကြားနိုင်လိမ့်မည် မဟုတ်။

သုံးရာသီစာ ထုပ်ပိုး သိမ်းဆည်းထားခဲ့ရသော
အလွမ်းတို့ကလွဲပြီး မျှော်လင့်ချက်မရှိခဲ့ပါဘူး။
ကိုယ့်မှာ ဆန္ဒတွေရှိသည်……………………

သူ့ကို ကိုယ်မည်မျှ လွမ်းဆွတ်သတိရကြောင်း
တယုတယ ပြောရဦးမည်……
သူ့ကို ကိုယ်မြတ်မြတ်နိုးနိုး ချစ်ခဲ့ရကြောင်း
တိုးဖွညင်သာ ပြောရဦးမည်…….


ခိုင်နုငယ်

6 comments:

သဒ္ဓါလှိုင်း said...

ဆုံမှတ်ကိုရောက်ရမှာပေါ့ ညီမရယ်။ ရင်ဘတ်ထဲက ရုန်းကန်လှုပ်ရှားသံတွေကို ကြားနိုင်ပါစေ။
ချမ်းမြေ့ပျော်ရွှင်ပါစေညီမငယ်။
ခင်မင်လျက်
သဒ္ဓါ

Cameron said...

တိုးလျတဲ့ အချစ်အကြောင်း ရွတ်ဆိုသံကို ရင်ဘတ်နဲ့ ကြားနိုင်ပါစေ..။

Anonymous said...

I like it.n oso can see feeling.

Anonymous said...

ရင်ဖွင့်သံကို ရှိုက်သံသဲ့သဲ့နဲ့ ကျွန်တော်ကြားလိုက်ရသလိုပဲ


မောင်ဘကြိုင်

သိ င်္ဂါ ရ said...

ဆုံမှတ် ...........

အင်း ...... ကဗျာရေးသူတွေ

ကဗျာရေးတဲ့အချိန် ဘေးက ကြည့်နေချင်တယ် ... ။

တချို့စကားလုံးတွေကို ရင်ဘတ်ကနေ မျက်လုံးဆီ

ဘယ်လို ဆွဲတင်လိုက်သလဲ ဆိုတာ ... သိချင်လို့

သိ င်္ဂါ ရ said...

ဆုံမှတ် ...

အင်း ... ကဗျာ ရေးသူတွေ ကဗျာရေးတဲ့အခါ

ဘေးနားက ထိုင်ကြည့်ချင်တယ် ။ ရင်ဘတ်ထဲက

စကားလုံးတွေကို မျက်လုံးပေါ် သူတို့ ဘယ်လို

ဆွဲတင်လိုက်ကြသလဲ ဆိုတာ သိချင်လို့ .....