အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Tuesday, December 6, 2011

သူငယ်ချင်း

သူလိုငါလို ဖြတ်သွားဖြတ်လာ

အင်တာနက် ကမ္ဘာထဲမှာ

မင်းကို အမှတ်မထင်ဆုံတွေ့ခဲ့တယ်။

ဒါပေမယ့် သူငယ်ချင်း

အမှတ်မထင် ဆုံတွေ့ခဲ့တဲ့မင်းကို

ငါလေးလေးနက်နက် ခင်တယ်။


တစ်ချို့ မေတ္တာတရားတွေက

ထူးဆန်းတယ် သူငယ်ချင်း

မင်းနဲ့ငါ့ကြားမှာ အနေနီးစပ်မူ့ဆိုတာ

ခပ်ပါးပါးတောင် မရှိခဲ့ဖူးဘူး။

ဒါပေမယ့် သူငယ်ချင်း

မင်းနဲ့ငါ ရင်ဘတ်ချင်းနီးခဲ့ကြတယ်။

မင်းဝမ်းနည်းတဲ့ခါနာကျင်တဲ့ခါ ငါ့ရင်ဘတ်နဲ့

ပခုံးတစ်ဖက်ဟာ မင်းအတွက်အမြဲရှိမယ်။

ဒီလိုပဲ သူငယ်ချင်း

မင်းပျော်ရွှင်နေတဲ့ခါ ငါလည်းထပ်တူပျော်ရွှင်ခဲ့ပြန်တယ်။

ဒါဟာ ငါတို့နှစ်ယောက်ကြားက မေတ္တာတရားပါပဲ။

လောကဓံရဲ့ အကောင်းအဆိုးတွေကြားမှာ

ငါတို့တွေ အမှားအမှန်ကို ဝေဖန်နိုင်စွမ်းနည်းခဲ့ကြတယ်။

ဒီအခါ စာပေကောင်းတွေ မင်းများများဖတ်ရှူ့ပါ။

ပြီးတော့….အရွယ်ရောက်သမီးပျိုမင်းအတွက်

ငါလေးလေးနက်နက် မှာချင်တယ် သူငယ်ချင်း

ငါတို့တွေ အချစ်ကိုမြတ်နိုးခွင့်ရှိတယ်

ဒါပေမယ့် ကိုးကွယ်ခွင့်မရှိဘူး သူငယ်ချင်း

အချစ်ဟာ ငါတို့ကို တစ်ခါတစ်ရံ ကလေးဆန်စေတယ်

ဒါပေမယ့် ငါတို့တွေ အချစ်ကို ဘ၀နဲ့ရင်းပြီး

မိုက်မဲခွင့် မရှိဘူး သူငယ်ချင်း

သူငယ်ချင်းရေ……………

အခြေအနေအရမင်းနဲ့ငါမတွေ့ဆုံနိုင်ကြသေးပေမယ့်

တစ်ချိန်မှာ ကံကြုံလို့မဟုတ်ပဲ ဆုံတွေ့ချင်ပါသေးတယ်။

မေတ္တာအားဖြင့်

ခိုင်နုငယ်

9 comments:

Anonymous said...

အချစ်ကို ဘ၀နဲ့ရင်းပြီး

မိုက်မဲခွင့် မရှိဘူး သူငယ်ချင်း

သူငယ်ချင်းရေ……………

သေချာတာပေါ့ ညီမလေးငယ်

ပထမဆုံးအလည်လာရင်း ညီမလေးအသိတရားလေးတွေတွက် ချီးကျူးမိပါတယ်။
တဦးခံစားချက်ကိုလေးနက်နာထောင်ပေးပြီးဖေးမပေးတည့်မတ်ပေးရင်း လဲနေသူထူကြတာပေါ့။ မြင်နေတွေ့နေတာတွေကလည်းများသားစိတ်မကောင်းစရာတွေလေနော်


ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

မြသွေးနီ said...

ဒီကဗျာလေးကနေ သူငယ်ချင်းစစ်စစ်တစ်ယောက်ရဲ့ ရင်ထဲကို လှမ်းမြင်လိုက်ရတယ်။

Anonymous said...

ဖတ်လို့ ကောင်းလိုက်တာ ..
ရေးထားတာလေး တကယ်ကြိုက်တယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ဘုန်းဘုန်းတောက် said...

ဒီနေ့မှ ဇာတ်တော်တစ်ပုဒ်ဖတ်လိုက်တယ်။ အဲဒီထဲမှာ "သူငယ်ချင်းမရှိရင် ကမ္ဘာကြီးဟာ ကန္တာရတစ်ခုဖြစ်သွားလိမ့်မယ်၊ သူငယ်ချင်းဆိုတာ ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးအရှိဆုံးအရာ"တဲ့ အဲဒါလေးကို သတိရမိလို့။

သတိုး said...

တစ်ယောက်နဲ့ တစ်ယောက် မမြင်မတွေ့ဖူးကြပေမယ့် အဲလို မေတ္တာထားလို့ရတယ်ဆိုတာ အွန်လိုင်းပေါ်ကလူတိုင်း သိရှိ ခံစားနိုင်ကြပါတယ်။
ခင်မင်သော..
သတိုး

Anonymous said...

အချစ်ဆိုတာ အင်း သေချာသိသလိုမသိသလိုနဲ့ ဘာမှန်းမသိပါဖူးဗျာာာ

အချစ် အချစ် သြော်.... အချစ်

မောင်ဘကြိုင်

မိုးယံ said...

တစ်ချို့က အမှန်တရားတွေကို ကဗျာ အဖြစ် သီကုံးကြသကိုးးးး။

အဖြူရောင်နတ်သမီး said...

“ငါတို့တွေ အချစ်ကိုမြတ်နိုးခွင့်ရှိတယ်
ဒါပေမယ့် ကိုးကွယ်ခွင့်မရှိဘူး သူငယ်ချင်း
အချစ်ဟာ ငါတို့ကို တစ်ခါတစ်ရံ ကလေးဆန်စေတယ်
ဒါပေမယ့် ငါတို့တွေ အချစ်ကို ဘ၀နဲ့ရင်းပြီး
မိုက်မဲခွင့် မရှိဘူး သူငယ်ချင်း”..

သိပ်မှန်တဲ့စကားလေးပါပဲ...
မရောက်တာကြာလို့ ငယ်ရေ...ခုမှပဲရောက်တော့တယ်..။

ငြိမ်းစိုးဦး said...

ငါတို့တွေ အချစ်ကို ဘ၀နဲ့ရင်းပြီး
မိုက်မဲခွင့် မရှိဘူး ... လောကဓံရဲ့ အကောင်းအဆိုးတွေကြားမှာ ... မေတ္တာတရားပဲ လိုပါတယ် ...