အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Tuesday, October 5, 2010

သူ့အရိပ်နှင့် ပဋိပက္ခ




ဘ၀ရဲ့ နေမူ့ထိုင်မူ့
သင်ရိုးညွှန်းတမ်းတွေထဲ
နေသားတကျ ရှိနေခဲ့တာကြာပြီ။

ခု….

သူ့အရိပ်နှင့် မှ ကိုယ်ဟာ
ပြေးသူဖြစ်ရ လိုက်သူဖြစ်ရ
တယုတယ မရှိခဲ့တာတွေကိုပဲ
ယုယုယယ ကောက်သီမိခဲ့လေသလားရယ်။
ဘယ်ရာသီမှ ပွင့်ဖို့မပြောနဲ့
ဖူးဖို့တောင် စိတ်ကူးမယဉ်ခဲ့မိတဲ့
ရင်ဘတ်အရိုင်းဟာ သူ့ဥပက္ခာတွေနှင့်မှ
ဖူးဟယ် ပွင့်ဟယ် ဆေးဖက်ဝင်နေမိတာ။

ကြည့်……….

သူ့အရိပ်နှင့် အာရုံမှောက်မှားနေမိတာ
ပြေရာပြေကြောင်း မေတ္တာစာပဲ ရွတ်ရတော့မလိုလို
ဝိပဿနာပဲကြည့်ရတော့ မလိုလို
ကိုယ့်တစ်ကိုယ်စာ ငရဲလေးကို
ကိုယ်တိုင် စိုက်ပျိုးမိခဲ့သူရယ်ပါ။


*****
အလုပ်များနေသလိုလို၊နေမကောင်းသလိုလို၊စိတ်မကောင်းသလိုလို၊ကွန်ပြူတာပဲပျက်သလိုလိုနဲ့
စာတွေ ကဗျာတွေ မရေးဖြစ်တာကြာပါပြီ။ ဘယ်သူ့အိမ်ရယ်မှ မရောက်ဖြစ်တာလည်းကြာပါပြီ။
လတ်တလော ကဗျာတစ်ပုဒ်ပါ။ပုံလေးကို ဒီနေရာလေးက ယူပါတယ်။

မေတ္တာအားဖြင့်
ခိုင်နုငယ်

39 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

သလိုလို တွေ များနေပြီနော်
ကဲကဲ စိတ်ချမ်းသာစွာနေ
စာတွေလဲ ဖတ်ချင်မှဖတ်
နေကောင်းအောင်နေ.. စိတ်ရောလူရော နေကောင်းပါစေ
အဲ .. ကွန်ပျူတာလဲ နေကောင်းပါစေ။
အကြာကြီးတော့ သလိုလို ဖြစ်မနေနဲ့နော်.
စာတွေလဲ ပြန်ရေးဦး

ခင်တဲ့
မမချော

အင်ကြင်းသန့် said...

ညီမလေးရေ....ဟုတ်ပ မချောပြောသလို သလိုလိုတွေများနေပြီနော်။း))
ဟိုလိုလိုဒီလိုလိုတွေနဲ့
ဘလော့လမ်းလေးပေါ်မှာတော့ ပျောက်မသွားစေနဲ့ဦးနော်။ စာသစ်တွေမျှော်နေမယ်။

သဒ္ဓါလှိုင်း said...

အော် ပျောက်နေတာက `......သလိုလိုတွေ
ကြောင့်ကိုး´။။။
နေကောင်းအောင်လည်းနေအုံးနော်..။
စာတွေဖတ်ဖို့မျှော်နေတယ်နော်..

ခင်တဲ့
မမသဒ္ဓါ

သိင်္ဂါကျော် said...

"ဘယ်ရာသီမှ ပွင့်ဖို့မပြောနဲ့
ဖူးဖို့တောင် စိတ်ကူးမယဉ်ခဲ့မိတဲ့
ရင်ဘတ်အရိုင်း ..."
အဲဒီ စာသားလေး ခံစားချက်ချင်း တူတယ်..

ညိမ်းနိုင် said...

ကောင်းသားပဲ..ကဗျာလေးက..။
ဘာတဲ့ ...“ ကိုယ့်တစ်ကိုယ်စာ ငရဲလေးကိုကိုယ်တိုင်
စိုက်ပျိုးမိခဲ့သူရယ်ပါ။” တဲ့လား...သဘောကျတယ်ဗျာ...။

ဒေါင်းမင်း said...

အကြာကြီးပျောက်မနေနဲ့နော်ညီမခိုင်နို..
စာတွေတင်အုံး..ပြန်ရေးအုံး..အားပေးနေတယ်
ခင်မင်စွာဖြင့်
ဒေါင်းမင်း

SHWE ZIN U said...

ကဗျာလိုလို စာလိုလို လေး ဖတ်သွားပါတယ်

ချမ်းမြေ့ပါစေ

ရွှေစင်ဦး

မဗေဒါ (၈၈) said...

အဟမ်း..

သူ့မေတ္တာတွေနဲ့ ဆေးဖက်ဝင်နေတဲ့ ညီမငေးရေ..

မေတ္တာဓာတ်တွေ ဝေဖြာ အလှတိုးစေသားလို့.. ဆန္ဒပြုပါတယ်ရှင်..။

မဗေဒါ (၈၈)

ခိုင်နုငယ် said...

ဂရုတစိုက် ရှိစွာ လာလည် အားပေးခဲ့ကြသော
မမချော..
မမအင်ကြင်း
မမသဒ္ဓါ
သင်္ဂါ
ကိုမောင်လေး
ကိုဒေါင်းမင်း
မမရွှေစင်
မမဗေဒါ..........အားလုံးကိုကျေးဇူးပါလို့။
အားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ။

အဖြူရောင်နတ်သမီး said...

စိတ်တွေ နေမကောင်းဖြစ်နေတယ်နဲ့တူတယ် ငယ်ရေ..
အဆင်ပြေပါစေ...

ကိုဇော် said...

အဲဒီ အရိပ်ပေါ့...
ကျနော့်ကို ဖမ်းစားသွားတာ...
တွေ့ရင် ကလော်တုပ်မယ်လို့...
လှမ်းကြည့်လိုက်တော့ ...
သူ့ကို အရိပ်တောင်မှ မမြင်ရတော့ဘူး...

သူကြီးမင်း (တုံးဖလား) said...

ကိုယ့်တစ်ကိုယ်စာ ငရဲလေးကို
ကိုယ်တိုင် စိုက်ပျိုးမိခဲ့သူရယ်ပါ။

ဘာလိုလိုကြီး။ ကြက်သီးထချင်စရာ။း)))
ဒါပေမဲ့ ကောင်းတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြစ်ကျိုးအင်း said...

ဒီလိုငရဲမှာပဲ အခါခါ ချိုမြိန်နေကြတာ မဟုတ်လား

ဆွေလေးမွန် said...

ကဗျာလေးဖတ်ပြီး
သလိုလိုတွေ ခံစားသွားပါတယ်..

သလိုလိုတွေကို ခံစားမှုရသ စာပေလေးတွေပြောင်း
လိုက်ပါ သယ်ရင်းရယ်..ဒါဆို ပေါ့သွားတာပေါ့နော်..

လင်းခေတ်ဒီနို said...

တယုတယ မရှိခဲ့တာတွေကိုပဲ
ယုယုယယ ကောက်သီမိခဲ့လေသလားရယ်။
ဘယ်ရာသီမှ ပွင့်ဖို့မပြောနဲ့
ဖူးဖို့တောင် စိတ်ကူးမယဉ်ခဲ့မိတဲ့
ရင်ဘတ်အရိုင်းဟာ သူ့ဥပက္ခေတွေနှင့်မှ
ဖူးဟယ် ပွင့်ဟယ် ဆေးဖက်ဝင်နေမိတာ။


ဝိုးးးးးးးးးးးးးးးးး ရေးချက်ကောင်းလှချည်လားဝေးးးးး

အရမ်းကောင်းတဲ့ ကဗျာလေး

မိုးယံ said...

ကဗျားလေးကို ခံစားကြည့်တော့ ဓါတ်တိုင် တစ်ခုခုကို ခံစားနေရ သလိုလိုလေးနော်။

ငြိမ်းချမ်းပါစေ
မိုးယံ

blackroze said...

ကဗျာလေးကကောင်းတယ်ခိုင်နုရေ...

ချိုကျ said...

သလိုလိုတောမလုပ်နဲ့လေ ခိုင်နု ဟုတ်တယ် သေခြာတယ်တော့ ထားလိုက် :)
ကဗျာလေးကကောင်းလိုက်တာ လေးစားပါ၏

ခင်တဲ့ ( ချိုကျ )

ငြိမ်းစိုးဦး said...

တယုတယ ကောက်သီထားသော အရိပ်ကလေးကို
မေတ္တာ မပျက်လို့ ဆေးဖက်ဝင်ပြီး ပဋိပက္ခ မဖြစ်ပါစေကြောင်း ...
ငြိမ်းစိုးဦး

ဇော်သိင်္ခ said...

သူ့အရိပ်လေးနဲ့မှ ကိုယ်ဟာ.. ကိုယ့်တစ်ကိုယ်စာ ငရဲလေး ကို ကိုယ်တိုင် စိုက်ပျိုးမိသလိုတော့ မဖြစ်ပါနဲ့ မမခိုင်နုငယ်ရယ်... ပျော်ရွှင်မှူလေးတွေကိုပဲ စိုက်ပျိုးမိအောင် ကြိုးစားပါနော်..

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

အုပ်ကြီး said...

"...ရင်ဘတ်အရိုင်းဟာ သူ့ဥပက္ခေတွေနှင့်မှ
ဖူးဟယ် ပွင့်ဟယ် ဆေးဖက်ဝင်နေမိတာ ..."

ဘာဆက်ပြောရမှန်းတောင်မသိတော့ပါဘူးဗျာ
အလွမ်းဆိုတာလည်း တစ်ခါတစ်ခါ
ဆေးဖက်ဝင်မှာပါ ..

ညအလင်္ကာ said...

သူငယ်ချင်းရေ ပြောစရာနေရာမတွေ့တဲ့အတွက် ဒီနေရာကပဲ ဖိတ်ခဲ့ပါတယ်
http://www.alinkarnya.blogspot.com/
ဘလော့အသစ်လေးအတွက် လာရောက်ဖိတ်ကြားအပ်ပါတယ်

ခင်မင်စွာဖြင့်
ညအလင်္ကာ

ညအလင်္ကာ said...

သူငယ်ချင်းရေ ပြောစရာနေရာမတွေ့တဲ့အတွက် ဒီနေရာကပဲ ဖိတ်ခဲ့ပါတယ်
http://www.alinkarnya.blogspot.com/
ဘလော့အသစ်လေးအတွက် လာရောက်ဖိတ်ကြားအပ်ပါတယ်

ခင်မင်စွာဖြင့်
ညအလင်္ကာ

ညအလင်္ကာ said...

သူငယ်ချင်းရေ ပြောစရာနေရာမတွေ့တဲ့အတွက် ဒီနေရာကပဲ ဖိတ်ခဲ့ပါတယ်
http://www.alinkarnya.blogspot.com/
ဘလော့အသစ်လေးအတွက် လာရောက်ဖိတ်ကြားအပ်ပါတယ်

ခင်မင်စွာဖြင့်
ညအလင်္ကာ

ညအလင်္ကာ said...

သူငယ်ချင်းရေ ပြောစရာနေရာမတွေ့တဲ့အတွက် ဒီနေရာကပဲ ဖိတ်ခဲ့ပါတယ်
http://www.alinkarnya.blogspot.com/
ဘလော့အသစ်လေးအတွက် လာရောက်ဖိတ်ကြားအပ်ပါတယ်

ခင်မင်စွာဖြင့်
ညအလင်္ကာ

ညအလင်္ကာ said...

သူငယ်ချင်းရေ ပြောစရာနေရာမတွေ့တဲ့အတွက် ဒီနေရာကပဲ ဖိတ်ခဲ့ပါတယ်
http://www.alinkarnya.blogspot.com/
ဘလော့အသစ်လေးအတွက် လာရောက်ဖိတ်ကြားအပ်ပါတယ်

ခင်မင်စွာဖြင့်
ညအလင်္ကာ

ကောင်းမွန်ဝင်း said...

တစ်ကိုယ်စာငရဲလေး
တဲ့
တစ်ကိုယ်စာဆိုပေမယ့်
ကြောက်ပါတယ်နော်။
နေကောင်းသလို၊
စိတ်ပျော်သလို၊
အလုပ်များလည်းစာတွေရေးသလို။
ခိုင်နုငယ်ကို
ကြိုဆိုနေပါတယ်။
ခင်မင်စွာဖြင့်

Anonymous said...

ဘာလိုလိုနဲ့ ကျွန်တော်လည်းလာဖတ်သွားပါ တယ်း)

မောင်ဘကြိုင်

မြသွေးနီ said...

ကြည့်……….
သူ့အရိပ်နှင့် အာရုံမှောက်မှားနေမိတာ
ပြေရာပြေကြောင်း မေတ္တာစာပဲ ရွတ်ရတော့မလိုလို
ဝိပဿနာပဲကြည့်ရတော့ မလိုလို
ကိုယ့်တစ်ကိုယ်စာ ငရဲလေးကို
ကိုယ်တိုင် စိုက်ပျိုးမိခဲ့သူရယ်ပါ။

....ကောင်းလိုက်တာဖွဲ့ထားတာလေးက..။

နေကောင်း ကျန်းမာပါစေညီမရေ..။

Cameron said...

ခိုင်နု အဖွဲ့လေး သိပ်ကောင်းတယ်...ခံစားသွားပါတယ်

ခင်တဲ့
မိုးငွေ့

blackcoffee said...

ကိုယ့်တစ်ကိုယ်စာ ငရဲလေးတဲ့လား။ ရေးတတ်လိုက်တာနော် ငါ့သူငယ်ချင်းများ.... ကဗျာလေးက တကယ်ကောင်းတယ်။

လသာည said...

ကဗျာတစ်ပုဒ်လုံးကို သဘောကျသွားတယ်။ အစ်မနဲ့ ညီမလေး.. နာမည်တင်မက ခံစားချက်တွေပါ တူနေတယ်။ အစ်မက ခိုင်နုလေးလို့တော့ ကဗျာစပ်တတ်ဖူးလေ ဟိ။

ညီမလေး..
နေကောင်းအောင်နေ..။
“သလိုလို”တွေ မေ့ပစ်လိုက်တော့..။

(အစ်မ အရင်တခါ ကွန်မန့်လာပေးတုန်းက မန့်မရလို့ အခု ရေးထားခဲ့တယ်နော်။)

မိုးစက်အိမ် said...

ကောင်းလိုက်တဲ့ကဗျာလေးဗျာ . . .
ကြည့်……….
သူ့အရိပ်နှင့် အာရုံမှောက်မှားနေမိတာ
ပြေရာပြေကြောင်း မေတ္တာစာပဲ ရွတ်ရတော့မလိုလို
ဝိပဿနာပဲကြည့်ရတော့ မလိုလို
ကိုယ့်တစ်ကိုယ်စာ ငရဲလေးကို
ကိုယ်တိုင် စိုက်ပျိုးမိခဲ့သူရယ်ပါ

အဆုံးသတ်လေးကသိပ်ကိုလှတယ် . . . အားပေးနေတယ်ဗျာ
ဆက်ရေးပါ :)

Anonymous said...

ကဗျာလေး လှတယ်ဗျာ ... ၏

(little brook)

Anonymous said...

ကဗျာလေး လှတယ်ဗျာ ...

(little brook)

Anonymous said...

သိပ်လှတဲ့ကဗျာလေးပါဗျာ
(little brook)

မောင်သီဟ said...

သိပ်ကောင်းတဲ့ကဗျာလေးဗျာာာာာာ
တိုင်ဆိုင်တဲ့ခံစားချက်တွေတွေ့တယ်
မင်္ဂလာနှစ်သစ်ပါဗျာ

တောက်ပကြယ်စင် said...

ကျန်းမာပျော်ရွှင်ပါစေ ခိုင်နုငယ်ရေ။

wildflower-အရိုင်းပန်း said...

ဒီကဗျာလေး ကြိုက်တယ်