အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Wednesday, September 22, 2010

အချစ်သင့် စာမျက်နှာ




ချစ်သူ
ကိုယ့်ချစ်ခြင်းမြစ်တစင်းမှာ
ဥပက္ခာတွေနဲ့ပဲ ရေချိုးဆင်းခဲ့တယ်။
ဖြစ်နိုင်မယ်ဆိုရင် တစ်ခါလောက်တော့
“မိုက်မဲခွင့်” ရချင်မိတယ်။
မင်းကို ချစ်မိနေကြောင်း ပြောပြချင်တယ်။
မင်းမနက်ခင်းတွေတိုင်းအတွက်
ကိုယ့်ရင်ဘတ်ထဲက ချစ်ခြင်းတွေကို
ထွန်းလင်းပြချင်မိတယ်။
ဒါပေမယ့်…….
ဘ၀ဆိုတဲ့ အသိနဲ့ချုပ်တီးမူ့တွေရဲ့ကြား
ရင်ဘတ်တွေသာ အောင့်လာတယ်။
ပြောင်းလဲပြင်ဆင်ခွင့်မရှိတဲ့
“စည်း” တစ်ချောင်းရဲ့အောက်မှာ
ကိုယ် အခါခါသေတယ်။
မင်းကိုချစ်မိတာကိုက ကိုယ်တည်ဆောက်ချင်တဲ့
နန်းတော် တစ်ခုရယ်ပါ။
ဒါပေမယ့်……….
စိတ်ကူးပင်လယ်တွေ ငွေ့ရည်ဖွဲ့သလောက်
လက်တွေ့ကျကျ တိမ်တိုက်တစ်ခုရဲ့
ဘာသာဗေဒတွေကတော့ မိုးခေါင်လွန်းတယ်။
ချစ်သူ
မင်းမသိနိုင်ရင်လည်း နေပါစေတော့………..
မင်းကို မမြင်တွေ့ရရင်လည်းနေပါစေတော့……….
ဒီတစ်မိုးရိပ်အောက်မှာ မင်းရှိနေတယ်ဆိုတဲ့
အသိလေးနဲ့တင်
ကိုယ့်အိမ်မက်တွေ ပြီးပြည့်စုံခဲ့ပါပြီ။

♥♥♥♥♥♥♥♥

စားကြွင်း♥ ♥ဘာရယ်မဟုတ် ဘလောပ့်လေးမှိန်နေတာနဲ့ ဟိုစပ်စပ် ဒီစပ်စပ် ဖတ်မိတာလေးတွေကို ကဗျာစပ်ကြည့်တာပါ။ အစပ်အဆက်မတည့်တာတွေကို ဆက်စပ်နေမိသလားရယ်........:) :) :)


မေတ္တာအားဖြင့်
ခိုင်နုငယ်

26 comments:

Anonymous said...

ဒီတစ်မိုးရိပ်အောက်မှာ မင်းရှိနေတယ်ဆိုတဲ့
အသိလေးနဲ့တင်
ကိုယ့်အိမ်မက်တွေ ပြီးပြည့်စုံခဲ့ပါပြီ။

ညီမ ရေ ဒီတမိုးရိပ်အောက် ဆိုတာလေး သုံးတာ လှလိုက်တာ ဟုတ်တယ်နော် အမတို့အားလုံး ဒီတစ်မိုးရိပ်အောက်မှာ ဘဲရှိနေကြတာဘဲ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မေပယ်လ် said...

ကိုယ့်ချစ်ခြင်းမြစ်တစင်းမှာ
ဥပက္ခာတွေနဲ့ပဲ ရေချိုးဆင်းခဲ့တယ်။

လန်ထွက်နေတာပဲ ..အသုံးအနှုန်းတွေက..။
သြော်...ဒါ့ကြောင့်လည်း ငါ့အမဖြစ်နေတာကိုး..:P

လသာည said...

တမိုးအောက်ထဲက ညီမလေးရေ..

ချစ်သူအတွက် စပ်ထားတဲ့ကဗျားလေးက ချစ်သူတစ်ယောက်အနေနဲ့ တကယ့်ကို ကြည်နှုးစရာပါ။
(အစ်မက ကဗျာတွေ သိပ်မစပ်တတ်တော့ ကဗျာတွေ စပ်တတ်သူတွေဆို တအားအားကျတယ်။) တကယ်ပြောတာ။

စကားမစပ် တမိုးအောက်ထဲမှာ ညီမလေးခိုင်နုငယ် ရှိနေတာလည်း အစ်မအတွက် အားတစ်ခုပါလို့..

အဖြူရောင်နတ်သမီး said...

“ချစ်သူ
ကိုယ့်ချစ်ခြင်းမြစ်တစင်းမှာ
ဥပက္ခာတွေနဲ့ပဲ ရေချိုးဆင်းခဲ့တယ်။
ဖြစ်နိုင်မယ်ဆိုရင် တစ်ခါလောက်တော့
“မိုက်မဲခွင့်” ရချင်မိတယ်။”...

“ဒါပေမယ့်……….
စိတ်ကူးပင်လယ်တွေ ငွေ့ရည်ဖွဲ့သလောက်
လက်တွေ့ကျကျ တိမ်တိုက်တစ်ခုရဲ့
ဘာသာဗေဒတွေကတော့ မိုးခေါင်လွန်းတယ်။”



အသုံးအနှုံး...စကားလုံးလေးတွေ...
း)..း)...

အရမ်းလှတယ်နော်...

အင်ကြင်းသန့် said...

ပူစူးရဲ့တစ်မိုးအောက်ဆိုတဲ့ သီချင်းလေးကိုတောင်သတိရသွားမိတယ်...
"ချစ်ခြင်းမြစ်တစင်းမှာ
ဥပက္ခာတွေနဲ့ပဲ ရေချိုးဆင်းခဲ့တယ်" တဲ့လား ညီမလေးရေ....
"စိတ်ကူးပင်လယ်တွေ ငွေ့ရည်ဖွဲ့သလောက်
လက်တွေ့ကျကျ တိမ်တိုက်တစ်ခုရဲ့
ဘာသာဗေဒတွေကတော့ မိုးခေါင်လွန်းတယ်" ဆိုတာလေးကလည်း ရင်ကိုထိစေတယ်။

မိုးယံ said...

ဘ၀ဆိုတဲ့ အသိနဲ့ချုပ်တီးမူ့တွေရဲ့ကြား
ရင်ဘတ်တွေသာ အောင့်လာတယ်။
ပြောင်းလဲပြင်ဆင်ခွင့်မရှိတဲ့
“စည်း” တစ်ချောင်းရဲ့အောက်မှာ
ကိုယ် အခါခါသေတယ်။

မိန်းကလေး ခံစားချက်များလေလား။ ကျွန်တော်တော့ေ၀၀ါးဝါး တွေးထားမိတယ်။

ငြိမ်းချမ်းပါစေ

မြသွေးနီ said...

ဘ၀ဆိုတဲ့ အသိနဲ့ချုပ်တီးမူ့တွေရဲ့ကြား
ရင်ဘတ်တွေသာ အောင့်လာတယ်။
ပြောင်းလဲပြင်ဆင်ခွင့်မရှိတဲ့
“စည်း” တစ်ချောင်းရဲ့အောက်မှာ
ကိုယ် အခါခါသေတယ်။

....... ကောင်းပါပေ့..။

စကားမစပ်..ပုံလေးက ကိုယ်တိုင်ဆွဲလေး ထင်ပါ၏။

မြသွေးနီ said...

ဘ၀ဆိုတဲ့ အသိနဲ့ချုပ်တီးမူ့တွေရဲ့ကြား
ရင်ဘတ်တွေသာ အောင့်လာတယ်။
ပြောင်းလဲပြင်ဆင်ခွင့်မရှိတဲ့
“စည်း” တစ်ချောင်းရဲ့အောက်မှာ
ကိုယ် အခါခါသေတယ်။

ကိုဇော် said...

အဟား...အချစ်နဲ့ ပြန်လည်ဆုံစည်းပါစေ။
သို့မဟုတ်. . .
အချစ်သစ်နဲ့ ထပ်ပြီး မွေးဖွားနိုင်ပါစေ။
သို့သော်. . .

“စည်း” တစ်ချောင်းရဲ့အောက်မှာ
ကိုယ် အခါခါသေတယ်။

အဲသလိုတော့ မဖြစ်ပါစေနဲ့တော့..။

သုခုမလေဒီ said...

ဟိုစပ်စပ် ဒီစပ်စပ်ကလည်း အစပ်အဟပ်တည့်သားး)))
ကဗျာလေးခံစားကြည့်မိတယ်။
ညီမရေ အဆင်ပြေပါစေ...

ကောင်းမွန်ဝင်း said...

“စည်း” တစ်ချောင်းအောက်မှာ
ကိုယ် အခါခါသေတယ်

ဆိုတာတော်တောကောင်းတဲ့ အဖွဲ့အနွဲ့ပဲ။

ဒီကဗျာက ကဗျာအဖြစ်ပဲပေါ့ညီမရယ်။
အပြင်လက်တွေ့မှာ ညီမ အားလုံးအဆင်ပြေစိတ်ချမ်းသာပါစေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

စာအရေးကောင်းသလို ကဗျာလဲအရေးကောင်းသားဘဲ
အချစ်ကြောင့် လူတွေ အခါခါသေရသလို စည်းကြောင့်လဲ သေရပြန်တာဘဲလား
ကဲ........သေရင်လဲ ပြန်ထရအောင်ကွယ်..
အားတင်းပြီး ထစို့။

ချိုကျ said...

ဘ၀ဆိုတဲ့ အသိနဲ့ချုပ်တီးမူ့တွေရဲ့ကြား
ရင်ဘတ်တွေသာ အောင့်လာတယ်။
ပြောင်းလဲပြင်ဆင်ခွင့်မရှိတဲ့
“စည်း” တစ်ချောင်းရဲ့အောက်မှာ
ကိုယ် အခါခါသေတယ်။

နှစ်သက်မိတဲ့ စာသားတွေပါပဲ ခိုင်နုရေ....

ခင်တဲ့ ( ချိုကျ )

ဆွေလေးမွန် said...

စိတ်ကူးပင်လယ်တွေ ငွေ့ရည်ဖွဲ့သလောက်
လက်တွေ့ကျကျ တိမ်တိုက်တစ်ခုရဲ့
ဘာသာဗေဒတွေကတော့ မိုးခေါင်လွန်းတယ်။

ကြိုက်တယ် အဲဒီစာသားလေး..သဘောကျမိတယ်.
ဖတ်ပြီးတော့..

အုပ်ကြီး said...

သြော် ..အချစ်သင့်နေတာကိုး .. :)

Anonymous said...

ဘဝဆိုတဲ့ အသိနဲ့ ချုပ်တည်းမှုတွေရဲ့ကြား
ရင်ဘတ်တွေသာ အောင့်လာတယ်။
စိတ်ကူးပင်လယ်တွေ ငွေ့ ရည်ဖွဲ့ လွယ်သလောက်
လက်တွေ့ ကျကျ တိမ်တိုက်တစ်ခုရဲ့
ဘာသာဗေဒတွေကတော့ မိုးခေါင်းလွန်းတယ်တဲ့။
အရမ်းကိုကောင်းလွန်းတယ် စာရေးသူ။ ကြိုက်လှပါတယ်။
ပုံလေးရဲ့မျက်လုံးများကလည်း အသက်ဝင်လွန်းလိုက်တာ။
လွမ်းနေပုံလေး...ခင်မင်လျှက်..ခင်မာလာအောင်..:)

blackroze said...

အဆက်အစပ်မတည့်တာလေးကလည်းကောင်းနေတာ
ပါဘဲရှင်..ခိုင်နုရေ..မအားတာနဲ့ခုမှဘဲလာဖတ်ဖြစ်
တော့တယ်..

blackcoffee said...

တိမ်တိုက်လေး မိုးခေါင်ခြင်းတွေ ရပ်တန့် လို့ သူငယ်ချင်း ဆန္ဒတွေ အတိုင်း နန်းတော်ကို မြန်မြန်ဆောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ငြိမ်းစိုးဦး said...

အချစ် ကို မြင်လာတဲ့ အခါ နူးညံ့သော စိတ်များ
ဖြစ်လာတတ်၊ခံစားရေးဖွဲ့လာတတ်တာ ကောင်းပါတယ်။
ရိုင်းရင် မကောင်းပါ။ ကျော ထဲမှာ အချစ် ကို မြင်နေရပါတယ် ...
ငြိမ်းစိုးဦး

kh said...

ဟိုစပ်စပ်ီးစပ်စပ်နဲ့
ကဗျာစပ်ထားတာကို
လာဖတ်သွားပါတယ်

ထက်သူရ

မဗေဒါ (၈၈) said...

ညီမရေ...

မရောက်တာ ကြာသွားတယ်..။

အမယ်လေး ရေးတက်ပါ့.. ဒါတောင် ဟိုစပ်စပ် ဒီစပ်စပ် ပဲ ရှိသေးတာနော်..။ တကယ်ရေးရင် ဦးတင်မိုး ငိုမယ်ထင်ပါ့..။

မဗေဒါ (၈၈)

မြစ်ကျိုးအင်း said...

ဘယ်သူက စာမျက်နှာပေါ် အချစ်တွေ လာသုတ်သွားတာပါလိမ့်း)
ကဗျာလေးဖတ်ပြီး ခံစားသွားရတယ်ဗျ။
အားပေးပါတယ်..

နှင်းဟေမာ said...

ကဗျာလေးကို လာရောက် အားပေးခံစားသွားပါတယ် ... ခိုင်နုငယ် ဆိုတဲ့ နံမည်ကို ကျမ မြင်တွေ့ဖြစ်ပေမယ့် အခုမှပဲ လာလည်ဖြစ်ပါတယ်

နှင်း

မောင်သီဟ said...

အိပ်မက်တွေပြည့်စုံပါစေဗျာ
း)

မောင်ဘကြိုင်

သူကြီးမင်း (တုံးဖလား) said...

အချစ်သင့်စာမျက်နှာတဲ့လား။ တော်သေးတယ် အမုန်းသင့် စာမျက်နှာမဟုတ်လို့။ ခံစားမှု အရိပ်အငွေ့လေးကိုတော့ တွေ့နေရတယ်နော။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မောင်သီဟ said...

ဟိုစပ်စပ် ဒီစပ်စပ်လို့မထင်ပေါင်ဗျာ
ဖတ်မိပြီး မောင်ဘကြိုင်တောင် ရင်ငြိသွားတယ်
အဲလိုကဗျာစပ်ပြီး အလှဖုရားတပါးကိုရွတ်ပြချင်တယ်
း)