သတင်းကွန်ယက်ဂျာနယ်မလေးရှားနိုင်ငံမှာ ထုတ်ဝေသည့် မြန်မာ့ သတင်းကွန်ယက်ဂျာနယ်ပါ။ အခက်အခဲ အမျိုးမျိုးတွေကြားကရွှေမြန်မာ တို့အတွက် ရပ်ဝေး မြေခြားမှာ သတင်းကွန်ယက်တွေနဲ့ နီးစပ်စေဖို့ စာပေချစ်မြတ်နိုးသည့် မလေးရှား နိုင်ငံရောက် ရွှေမြန်မာတို့ရဲ့အားထုတ်မူ့လေးပါ။ ယခုဆို မလေရှားနိုင်ငံမှာ မြန်မာ့သတင်းဂျာနယ်တွေ တော် တော်များများ ထွက်ရှိလို့နေပါပြီ။ ဒါကြောင့် စာပေချစ်မြတ်နိုးသည့် မလေးရှားနိုင်ငံရောက် ရွှေညီအကိုမောင်နှမ များ “သတင်းကွန်ယက်ဂျာနယ်” ကိုလည်း ၀ယ်ယူဖတ်ရူ့နိုင်ပါကြောင်း သတင်းကောင်း ပါးလိုက် ပါရစေ။ တဆက်တည်းမှာပဲ ကြော်ငြာသလိုလိုနဲ့ ကြွားလိုက်ပါအုံးမယ်။ :) :)
သတင်းကွန်ယက်ဂျာနယ် အတွဲ(၁)အမှတ်စဉ်(၆)စက်တင်ဘာလထုတ်မှာကျွန်မ မတောက်တစ်ခေါက်ရေးသည့် ၀တ္ထုတိုလေးတစ်ပုဒ်ကိုလည်း ဖတ်ရူ့နိုင်ပါကြောင်း သတင်းကောင်းပါး လိုက်ပါရစေ။ ကျွန်မ မတောက်တစ်ခေါက်ရေးသည့် ၀တ္ထုတိုလေးတစ်ပုဒ်ကို ထုတ်ဝေပေးသည့် သတင်းကွန်ယက်ဂျာနယ်မှ အယ်ဒီတာများကိုလည်း ကျေးဇူးတင်ပါကြောင်း ဒီနေရာလေးကနေ ကျေးဇူး စကားပြောပါရစေ။
“သင်းကွဲငှက်တို့ အိမ်အပြန်” မူးရင်းကို ဖတ်ချင်သူများ
ဒီနေရာလေးမှာ ဖတ်နိုင်ပါတယ်။
ကြော်ငြာဏ္ဍသို့ဆက်သွယ်လိုသူများအတွက် အခမဲ့ကြော်ငြာဏ္ဍလည်းရှိပါတယ်။
၁) ပညာဒါန အခမဲ့သင်တန်းကျောင်း ကြော်ငြာများ
၂) လူပျောက် ကြော်ငြာများ
၃) ပါတ်စ်စပို့ ပျောက်ဆုံးသူများနှင့်ကောက်ရသူများ
၎) မိသားသားစုနှင့် အမှန်တကယ် ဆက်သွယ်ရန်အရေးကြီးနေသူများ
၅) အိမ်ခန်းရောင်း/၀ယ်/ငှားလိုသူနှင့် အငှားတင်လိုသူများ
၆) တီဗွီ၊ရေခဲသေတ္တာ၊ဟမ်းဖုန်း၊ဆိုင်ကယ်၊ကား ရောင်း/၀ယ်/ငှား လိုသူများ
စသည့် ကြော်ငြာရှင်များ အခမဲ့ ထည့်သွင်းကြော်ငြာပေးမှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ အခမဲ့ကြော်ငြာဏ္ဍသို့ ဆက်သွယ်ပေးပို့လိုပါက အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်တကွ ကြော်ငြာထည့်သွင်း လိုသော အကြောင်းအရာအား လျှောက်လွှာစာရွက်ဖြင့်ရေး၍ စာတိုက်မှဖြစ်စေ၊ အီးမေး(လ်)ဖြင့် ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ်ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်- P.O BOX:10967,50730(K.L)email:newsnetwork2010@gmail.comPh:016-659 8531,016-977 8317အမှာ။ ။ယခုတလော အလုပ်များတာရယ်။ စိတ်မအားတာရယ်ပေါင်းစုပြီး ဘလောပ့်လည်ဖို့ မိတ်ပျက်ဆွေပျက်ဖြစ်နေပါတယ်။ ဘလောပ့်လာလည်သည့် ချစ်မိတ်ဆွေ စာဖတ်သူများကိုလည်း ဧည့်ဝတ်မကျေဖြစ်နေပါတယ်။ဒါကြောင့် ကြိုးစားပြီး ဘလောပ့်လည် စာဖတ်စာရေးပါအုံးမည်လို့။ :) :)
မေတ္တာအားဖြင့်ခိုင်နုငယ်