~ကောင်မလေးရေ..........မင်း ခဏ ခဏ
ကြယ်တွေကို ရေတွက်ကြည့်ရန်မလိုတော့ပါ....
~ကောင်မလေးရေ......မင်း ခဏ ခဏ
ကြယ်တွေရဲ့ အနက်ကို ဖွင့်ဆိုကြည့်ရန်မလိုတော့ပါ..
~ကောင်မလေးရေ....... မင်း ခဏ ခဏ
ကြယ်ပုံပြင်တွေကို တယုတယ နားဆင်ကြည့်ရန်မလိုတော့ပါ...
~ကောင်မလေးရေ.....မင်း ခဏ ခဏ
ကြယ်တမ်းချင်းတွေ အမှောင်စမ်းသီရန်မလိုတော့ပါ...
~ကောင်မလေးရေ...... ကြယ်တွေက
မင်းနဲ့ဝေးလွန်းသော အရပ်မှာ သီးသီးသန့်သန့်လေး ရှိနေကြဦးမှာ
ကြယ် သီရင်း ဖျားနာခဲ့သော ကောင်မလေးအတွက်
ပုံလေးကို ဒီကနေ ယူသုံးစွဲထားပါတယ်...
5 comments:
ကောင်းတယ်ဗျာ ကဗျာက
ကြယ်တွေက ဝေးလွန်းပါတယ်လေ.. တမ်းတ မနေသင့်ပါဘူး..
သိင်္ဂါကျော်
ကြယ်ရောင်တွေပျောက်သောညလေးကိုခံစားခဲ့တယ်
ကောင်မလေးက ကြယ်တွေကို တမ်းတနေဦးမှာတော့ သေချာပါတယ်။ ဒါပေမဲ့ ရေတွက် ဖွင့်ဆို နားဆင် သီကုံးဖို့တော့ သူ ကြိုးစားမေ့ပစ်ပါလိမ့်မယ်။
အဆင်ပြေပါစေ။
ပထမဆုံး အကြိမ်အလည်ရောက်ခဲ့ပါတယ်
ကဗျာလေးကိုလည်းခံစားသွားပါတယ်
နောက်လည်းရောက်လာပါဦးမည် ^_^
Post a Comment