အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Sunday, May 15, 2011

လတ်တလော စိတ်ဆန္ဒများ (တဂ်)

၁) အစားချင်ဆုံး အစားအစာ - လတ်တလော စားချင်နေတာက ကြေးအိုးပေါ့နော်။ (အူးအုပ်ကတော့ ပြောပါတယ် ဘလောပ့်ပြန်ရေးရင် ၀ယ်ကျွေးမယ်တဲ့….. :)

၂) နေ့တိုင်းစားဖြစ်တဲ့ အစား - ဒါကတော့ အထူးပြောစရာလိုမယ်မထင်ပါဘူး နေ့တိုင်း စားဖြစ်နေတာ ထမင်းနဲ့ဟင်းပေါ့နော်။

၃) အလိုချင်ဆုံး ရေမွှေး - အင်း…..အပုပ်ကောင်ကို ရုပ်ဆောင်နေမှန်း သိနေတော့လည်း အလိုချင်ဆုံးရေမွှေးရယ်လို့ခရေဇီမဖြစ်မိပါဘူး။

၎) သုံးဖြစ်နေတဲ့ ရေမွှေး - ကိုယ်သင်း ရနံ့လေးက မွှေးနေတာပဲလို့ ပြောတာမို့ ကိုယ့်ဖာသာပြောတာပါ) …. :) ထွေထွေထူးထူး ရေမွှေးကို မသုံးဖြစ်ပါဘူး။ကိုယ်က ရေမွှေးနံ့ပြင်းရင် ခေါင်းမူးတတ်တာမို့ ရနံ့ဖျော့ဖျော့လေးတွေပဲ သုံးဖြစ်ပါတယ်။ ရေမွှေးတံဆိပ်တော့ ပြောတော့ဝူးနော်

၅) အလိုချင်ဆုံး မွေးနေ့လက်ဆောင် - မဖြစ်နိုင်မှန်းသိရက်နဲ့ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျပါစေဆိုတဲ့ ဆုပေးစကား လက်ဆောင်မျိုးပေါ့နော်….။

၆) အလိုချင်ဆုံး ဖုံး - အလိုချင်ဆုံးဖုံးရယ်လို့ မရှိပါဘူး။ ဆက်သွယ်ရေး ဧရိယာအတွင်းမှာ ဆက်သွယ်လို့ ရနေနိုင်ရင် ပြီးတာပါပဲ။

၇) သုံးဖြစ်နေတဲ့ဖုံး - အသံပဲကြားလို့ရနိုင်တဲ့ NOKIA ဖုန်းစုတ်လေးပါ…..ခုတော့ ဇရာကစကား ပြောလာလို့ပဲဖြစ်မယ် အသံတောင်သိပ်မထွက်တော့ဘူးရယ်။

၈) အရူးသွပ်ဆုံးအရာ - ပင်လယ်ကမ်းခြေလို နေရာမျိုးမှာ အလင်းရောင်ရှိနေမဲ့ မနက်ခင်းအလှတွေ အလင်းရောင် ပျောက်ကွယ်နီးစဲစဲ ညနေခင်းအလှတွေကို ဗွီဒီယိုကင်မရာလေးနဲ့ အနီးအဝေး လိုသလို ချုံ့ချဲ့ပြီး သဘ၀အလှကို ခံစားကြည့်ချင်တယ်။

၉) အနီးစပ်ဆုံး ဂီတ - လူလစ်ရင် သီးချင်းဆိုတာ ခပ်တိုးတိုးလေး သီချင်း ညည်း ရတာမျိုးပေါ့။ ဥပမာရေချိုးခန်းလို နေရာမျိုးပေါ့……

၁၀) အလိုချင်ဆုံး စာအုပ် - မရှိပါဘူး။ တော်သလို သင့်သလို မှတ်ရမှာ ကိုယ့်ချင့်ချိန်ဥာဏ်ပဲမို့ ကြုံတဲ့ စာအုပ်ဖတ်ဖြစ်လိုက်တာပါပဲ။

၁၁) အခုဖတ်ဖြစ်နေတဲ့ စာအုပ် - အရှင်ဆန္ဒာဓိကရဲ့ “တစ်ယောက်တည်းနေ တစ်စိတ် တည်းထားတဲ့” တရားဖတ်မှ အသက်ရှည်ဆိုတော့လည်း.……. ဒါလေးတွေရှာဖွေ ကာဖတ်နေမိတယ်။

၁၂) အကြားချင်ဆုံး စကား - မုသားမပါတဲ့ အချိုဆုံးစကား

၁၃) အဖြစ်ချင်ဆုံး ဆန္ဒ္ဒ - ဖြစ်သင့်တာတွေထဲ ဖြစ်ချင်တာတွေ ပျောက်ဆုံးနေခဲ့ရတာ ကြာခဲ့ပြီမို့ ဖြစ်ချင်တဲ့ ဆန္ဒတစ်စုံတစ်ရာရယ် မရှိတော့ပါဘူး။

၁၄) အလိုချင်ဆုံးဆု - ဆုတောင်းတိုင်းလည်း မပြည့်ဝနိုင်သလို တောင်းတဲ့ဆုကလည်း ကိုယ်တိုင် ကျင့်ကြံကြိုးကုပ် အားထုတ်နိုင်မှဆိုတော့ သိပြီး မလုပ်နိုင်သေးတဲ့ နိဗ္ဗာန်ချမ်းသာကို ရလွယ်ရောက်လွယ်ရပါလို၏ပေါ့။

၁၅) အသွားချင်ဆုံး နေရာ - လတ်တလောသွားချင်နေတာ ပင်လယ်ကမ်းခြေ

၁၆) သွားဖြစ်နေတဲ့နေရာတွေ - အလုပ်နဲ့အိမ်။ အိမ်နဲ့အလုပ်

၁၇) အကြည့်ချင်ဆုံး ရုပ်ရှင် - ခုတလော ဟာသဇာတ်လမ်းလေးတွေ ပဲကြည့်ချင်နေတယ်။ လတ်တလောကြည့်ဖြစ်နေတဲ့ ရုပ်ရှင်ကတော့ အကြည်တော် ကိုယ်တိုင်ရေးဖွဲ့ ဇာတ်ညွှန်းခွဲထားတဲ့ “ချစ်ကံပွင့်နဲ့ မချောလေးဆယ်” (မကြည့်ရသေးသူများ ကြည့်ဖြစ်အောင် ဤကားကြော်ငြာပါ။ တော်တော် ရယ်ရပါတယ်)

၁၈) အပြောချင်ဆုံး စကား - အရာရာတိုင်းကို မေတ္တာဖြင့်သာ ရှေ့ရူ့ပါ။ ဧကန် စိတ်နှလုံးအေးချမ်းပါလိမ့်မယ်လို့။

၁၉) အယုံကြည်ဆုံး လူသား - မိမိကိုယ်ကို ကိုယ်သာလျှင် ကိုးကွယ်ယုံကြည်ရာမို့ကိုယ့်ကို ကိုယ်ပဲ ယုံကြည်တယ်။

၂၀) မယုံကြည်ဆုံးအရာ - အတင်းအဖျင်းဆိုတဲ့ သတင်းစကား

၂၁) အမုန်းဆုံးအရာ - ဥပေက္ခာ ပြုထားလို့ ရှိကို မရှိပါဘူး။

၂၂) အသောက်ဖြစ်ဆုံး အအေး - လိမ္မော်ရည်

၂၃) လတ်တလော အထိတွေ့ဆုံး အရာ - *Sky Blue*၀က်စကားနဲ့ ငှားပြောရရင် လတ်တလော ထိတွေ့နေတာ ကွန်ပြူတာနဲ့ကီးဘုတ်ပါ။ :)

၂၄) မကောင်းတဲ့ ကျန်းမာရေး - ခေါင်းလျှော်ပြီးတိုင်း နှာခေါင်းပိတ်တတ်တာ။

၂၅) အကောင်းဆုံးအဖော် - သတိတရား နဲ့အသိတရား (တစ်ချက်တစ်ချက် လွှတ်ထွက် သွားတတ်တာမို့ သူ့တို့ကိုအမိဖမ်းနိုင်ဖို့ ကြိုးစားနေဆဲပေါ့။)

၂၆) လက်ရှိအကြိုက်ဆုံး သီချင်း - ၀ိုင်းစုရဲ့ မက်လောက်စရာ အခွေထဲက (လမ်းမကြီးရဲ့ဘေး)

၂၇) အကြောက်ဆုံးအလုပ် - ကိုယ့်ကြောင့် သူတစ်ပါးစိတ်ဒုက္ခရောက်စေမယ့်အလုပ်

၂၈) တန်ဖိုးထားဆုံးအရာ -မေတ္တာတရား၊ ကိုယ်ကျင့်တရား

၂၉) အကြောက်ဆုံး တိရိစ္ဆာန် - တီကောင်၊ ပက်ကျိ (အဲလိုပျော့စိစိ အကောင်တွေကို သိပ်ကြောက်တာ)

၃၀) တွေ့ဖြစ်နေတဲ့ဘလော့ဂ်ဂါတွေ - အူးအုပ်*အုပ်ကြီး*၊ကိုဇော်၊ ဦးမောင် *မောင်ပါလ* ၊ကိုမိုးယံ၊နေဇော်လင်း။ ဒါနဲ့စကားမစပ် ရပ်ဝန်းတစ်ခုတည်းမှာ အတူရှိနေတဲ့အိန်ဂျယ်ရှ်ပါနဲ့လည်း ကံကြုံရင် အပြင်မှာ ဆုံးဖူးချင်သေးပါကြောင်း။

၃၁) အပြင်သွားတိုင်းပါတဲ့ ပစ္စည်း - ဟို နိုင်ငံကူလက်မှတ်လို့ ခေါ်တဲ့ အနီရောင်စာအုပ်ရယ်၊ထီး၊ဖုန်း

၃၂)စိတ်အညစ်ဆုံးအချိန် - မင်းသဘောလို့ ပြောခံရတဲ့ချိန် ဥပေက္ခာပြုခံထားရချိန်ပေါ့

၃၃) ကြားလိုက်မိတဲ့ဟာသလေး တခု - လူသတ္တ၀ါတွေ အတ္တနဲ့ကင်းကုန်ကြပြီတဲ့။

၃၄) အနေချင်ဆုံးနေရာ - တော်ရာမှာနေရတဲ့ ဘ၀ဆိုတော့ နေချင်တဲ့နေရာရယ် မရှိသေးပါဘူး။

၃၅) ပေးချင်တဲ့သတင်းတခု - ဖွားရဲ့မြေး ဝက်ဝံလေး *Sky Blue *ယောကျာ်းရသွားပြီတဲ့ (ချစ်ဝက်လေး စတာနော် ဖွားကိုစိတ်ဆိုးနဲ့နော်)

၃၆) အပျော်ဆုံးဖြစ်မယ့် အချိန် - ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတစ်ထပ်တည်းကျမဲ့အချိန်

ဘလောပ့်နှင့် ကင်းကွာနေတာ (၇ လတိတိတောင် ရှိသွားပြီးပါပြီ။) ဘလောပ့်မိတ်ဆွေ စာဖတ်သူများကို မလေးမစားပြုမူသလို ရုတ်တရက် နုတ်မဆက် တိတ်တိတ်ပုန်းနေမိတာ အားလုံးကို ဒီနေရာကနေပဲ လေးစားစွာ တောင်းပန်ပါတယ်လို့......စာမရေးချင်တော့လို့လည်း မဟုတ်ပေမယ့်ပြောရမယ်ဆိုရင်အပျင်းကိုထူနေမိတာပါ.....။ :) :) ဆက်လက်၍ အိန်ဂျယ်ရှ်ပါနှင့်မသဒ္ဓါ အဆင်ပြေမယ်ဆိုရင်ရေးပေးစေလိုပါသည်။

ဤ တဂ်ပိုစ့်အား ရေးဖြစ်ဖို့ တဂ်ခဲ့သည့် အူးအုပ်အား ကျေးဇူးတင်ပါ၏။

မေတ္တာဖြင့်

ခိုင်နုငယ်

15 comments:

Angelhlaing(May everybody be happy and healthy! said...

၂၉) အကြောက်ဆုံး တိရိစ္ဆာန် - တီကောင်၊ ပက်ကျိ (အဲလိုပျော့စိစိ အကောင်တွေကို သိပ်ကြောက်တာ)
ညီမလေးနဲ့ တူတယ်မမ..:):)

Anonymous said...

ှဆန္ဒတွေကိုဖတ်သွားပါတယ်ဗျား)


မောင်ဘကြိုင်
http://bakying.myanmarfriendsday.net/

နွေမင်းလွင် said...

တဂ် ပို့စ် မှာ ဘလော့ဂါတွေရဲ့ ဆန္ဒလေးတွေ ၀င်ဖတ်ရတာ စိတ်ထဲ ကြည်နူးမိပါတယ်...ကျေးဇူးပါ

ရှမ်းလေး said...

မမခိုင်သွားချင်နေတဲ့ ကမ်းခြေတွေလိုက်ပို့ပေးမယ်ဗျာ မြန်မာပြည်က ငပလီ မလေးရှားက လန်ကာဝီ ထိုင်းက ဖုးခက် ဘယ်နေရာသွားချင်လဲ ....... ? လိုက်တော့မပို့ရဲပါဘုး မမခိုင်ဘဲဘဲက ထုလိမ့်မယ် :P

Anonymous said...

တဂ်ပို့ စ်လေးအတွက် ကျေးဇူးပါ ..ညီမရေ
ကြေးအိုးကို DHL နှင့်ပို့ လိုက်ပါပြီ :)

ခင်မင်လျှက်
အုပ်ကြီး

ခနွဲ said...

ဖတ်သွားပါတယ်ခင်ဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဂျီးတော်ရေ
ဘလော့်တွေကို သတိရသေးသားဘဲနော်
မတွေ့တာကြာလို့ နည်းနည်းတောင် မေ့တေ့တေ့ ဖြစ်သွားရတယ်
ခုတော့ စာပြန်ရေးတော့မယ်လား
အများကြီးရေးပါလို့ တိုက်တွန်းပါရစေ
ညီမက စာရေးကောင်းသူမို့ များများ ရေးစေချင်ပါတယ်
မြန်မာပြည်ရောက်ရင် ကြေးအိုးတိုက်ပါမယ်း)

ဆွေလေးမွန် said...

အဲ..ဘယ်လိုဖစ်တာပါလိမ့် ဆွေလေးလဲ တီကောင် ကြောက်တယ်ကွယ်။
ကိုအုပ်ကတော့ ကြေးအိုး DHL ပို့တယ်ဆိုပဲ။
ရလားဟင်.. ခိုင်နုရရင်
ဆွေးလေးလဲ ရန်ကုန်လှမ်းမှာမလို့
:) :)
မတွေ့တာကြာပေါ့။

Angel Shaper said...

ဆုံဖြစ်ဦးမှာပါ... ခိုင်ရဲ့.... နားရက်ကို ဖုန်းလှမ်းဆက်လိုက်လေနော်... တွေ့ကြတာပေါ့.... အူးအုပ်နဲ့ အူးဇော်ကို မုန့်ဝယ်ကျွေးခိုင်းမယ်လေ... အူးလေအိုးကို ရေခဲမုန့် ဝယ်ကျွေးခိုင်းရမယ်... ဟဲဟဲ... တို့နှစ်ယောက်ကတော့ အပြတ်စားကြတာပေါ့... သတိတရ တက်ဂ်လို့... ဝမ်းသာ အားရ ရေးလိုက်ပါ့မယ်.. :D

Angel Shaper said...

လူလစ်ရင် ဟဲသလားးး ဒါဆိုရင်တော့ အိုကေလေ... လူစုပြီး လူစုံတက်စုံ ဟဲကြမယ်... နော့်..

ကိုဇော် said...

ဖတ်ရတာ နေရာမျိုးစုံမှာ အတွေးမျိုးစုံကို ရစေတဲ့ ပို့စ်ပဲ ဒီပို့စ်က. . . .

မဗေဒါ (၈၈) said...

ညီမငေးးးးးးးးးးးးးးးးးးး...


မလာဖြစ်တာကြာ... အခုမှ ပေါ်လာတယ်..။

ဖြေထားတာလေးတွေ သီဘောာာာာာာာာာာာာကျတယ်..။ အဲလိုမျိုး လတ်ဆက်နေတော့ ဖတ်လို့ကောင်းသပေါ့ကွယ်..။ အကြိုက်ဆုံး အဖြေကတော့ နံပါတ် ၃၃ ပါပဲကွယ်...။

စာတွေရေးပါအုံး မပျင်းပါနဲ့ကွယ်..အတွေးတွေကို ဖတ်ချင်ပါသေး၏..။

စိန်ဗေဒါ (၈၈)

စစ်မင်းညို said...

ကောင်း၏ ... လက်ဆကို ထိန်းထားနိုင်တုန်း ... ကောင်း၏ ...

တောက်ပကြယ်စင် said...

ခိုင်နုငယ်ရေ မင်္ဂလာပါ။ ဘုန်းဘုန်းကို မှတ်မိသေးလား။ သီရိလင်္ကာမှာနေတုန်းက ဘုန်းဘုန်းဘလော့လေးကို ပထမဦး လာလာအားပေးခဲ့တယ်လေ။ မတွေ့တာလည်း နာရီပေါင်းမနည်းတော့သလို မိနစ်ပေါင်းသာဆိုရင်တော့ ဂဏန်ပေါင်းစက်နဲ့လည်း မရေနိုင်တော့ဘူးနော်။ နေကောင်းကျန်းမာတယ်မလား။ အလုပ်တွေကော အဆင်ပြေတယ်မလား။ အကြိုက်ကတော့ တူသွားပြီ။ လိမ္မော်ရည်ကြိုက်တယ်ဟုတ်။ ကျန်းမာပျော်ရွှင်ပါစေ ခိုင်နုငယ်ရေ။ အားရင် လာည်ပါဦးလား။

သိ င်္ဂါ ရ said...

ဖြစ်သင့်တာ နဲ့ ဖြစ်ချင်တာ နဲ့ တထပ်တည်း ကျမယ့်

အချိန် အတွက် ... ဖြစ်ချင်တာလေးတွေ ပြန်ပြီး

စဉ်းစားစေချင်ပါတယ် နုငယ် ... :)