ရုပ်ရှင်လက်မှတ်လေး တစ်စောင်လောက်တောင်
ကိုယ်ဟာ အလေးထားမခံခဲ့ရဘူးနော်
မင်းပေးတဲ့ ပျော်ရွှင်မူ့ဆိုတာ
ကိုယ့် ကို ကိုယ် ကလိထိုးရယ်(ရီ)ရတဲ့
တစ်ခန်းရပ်ဟာသလောက်တောင်
အထမြောက်စွာ မပျော်ရွှင်ခဲ့ရဖူးဘူးနော်
ထားပါ….
ကိုယ်ဟာ ရိုးသားမိုက်မဲစွာချစ်ခဲ့မိတာ
လူတစ်ယောက်က အခြားတစ်ယောက်ကို
ချစ်ဖို့ဆိုတာ အတိတ်ကံပါမှ
ကိုယ်ဟာ အဲဒီအတိတ်ကံလေးကို ခုတုံးလုပ်ပြီး
ပစ္စုပ္ပာန်ရဲ့ ကံ၊ဥာဏ်၊ဝိရိယလေးနဲ့
ကိုယ်တို့နှစ်ယောက်ရဲ့ အနာဂါတ်ကို ဆွဲဆန့်ထားခဲ့ချင်မိတာ
တကယ်ပါ……..
ကိုယ်ဟာ ရိုးသားမိုက်မဲစွာချစ်ခဲ့မိတာ
ချစ်သူ လျှောက်မဲ့ ခရီးလမ်းလေးအတွက်
ကိုယ်ဟာ မသေချာမရေရာတဲ့ ၀န်ထုပ်ဝန်ပိုးကလေးဆို
အဆင်မပြေတဲ့ခါ လက်ပြနုတ်ဆက်စရာမလို
“စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတရားဆိုတာ ချစ်သူကို
ပျော်ရွှင်စေချင်တာ…သူ့ကို ချစ်တယ်လို့ တစ်ဖွဖွပြောပြီး
ကိုယ့် ကို ကိုယ် ချစ်နေဖို့မှ မဟုတ်ပဲ”
ဒီစာကြောင်းလေးကိုပဲ ဂါထာတစ်ပုဒ်လို
ကိုယ် ခဏခဏ ရွတ်နေမိတယ်
သေချာပါတယ်…..
ကိုယ်ဟာ ရိုးသားမိုက်မဲစွာ ချစ်ခဲ့မိတာ
မေတ္တာအားဖြင့်
ခိုင်နုငယ်
Wednesday, November 2, 2011
Thursday, October 27, 2011
ဖေဖေ
ဖေဖေ
သမီးခုတလော ခဏခဏ
နေမကောင်းဖြစ်တယ်။
ပြီးတော့လေ…………
ခဏခဏလည်း အပူလောင်တယ်
မီးဆိုတာ အပူလောင်တတ်တယ်လို့
ဖေဖေ ပြောမှာလားဟင်!!!
သမီးလေ ခြေဆော့လက်ဆော့
မီးပျိုခဲ့တာ မဟုတ်ပါဘူး။
ပူမှန်းသိရက်နဲ့ တယုတယပျိုးခဲ့မိတာပါ။
ဖေဖေ………
အနီးအဝေး အကွာအဝေးဆိုတာ
စိတ်နဲ့ပဲ ဆိုင်တယ်တဲ့ ဖြစ်နိုင်ပါ့မလားဟင်!!!!
ဒါပေမယ့်လေ….
စိတ်ကို စိတ်နဲ့လှည့်စားခံရတာ အဆိုးဆုံးပါပဲ။
မိန်းမတို့ရဲ့ ပူဆွေးသောကက နွေမုန်တိုင်းလိုပဲ
တိုတောင်းသလောက် ပြင်းထန်တယ်တဲ့
ဟုတ်မှာပဲနော်…..
ခံစားမူ့ကို လွယ်လင့်တကူ ထုတ်မပြတတ်ဖို့
ယောကျာ်းဆန်ဆန် နေနည်းဆိုတဲ့
ဖေဖေ့ရဲ့ သင်ရိုးညွန်းတမ်းတွေထဲ
နေသားတကျရှိနေခဲ့ပေမယ့်
ကျနော်……ကျနော်လို့ နာမ်စားသုံးလိုက်ရတဲ့အခါတိုင်း
သမီး နှလုံးသားကတော့ မိန်းမသားဆန်နေခဲ့တယ်။
မေတ္တာဆိုတာ အသွားအပြန် ရှိပေမယ့်
တိုက်ရိုက် အချိုးကျချင်မှ ကျတယ်ဆိုတာ
ဟုတ်မှာပဲနော်……
သမီး လူလားမမြောက်သေးဘူးလို့
ဖေဖေ အပြစ်တင်နေမလားဟင် !!!
သမီးက ဖေဖေ့သမီးပါ
အပိုတောင်းရမှာ ရှက်ရွံ့တတ်သလောက်
ပေးသလောက်လေးတော့ ပြန်လိုချင်မိတယ်။
(Blog ကလည်း မရောက်တာကြာလို့ သစ္စာမရှိတော့ဘူးရယ် :) ....ပုံတင်တာ ဘယ်လိုမှ တင်မရ၀ူး :( :(
မေတ္တာအားဖြင့်
ခိုင်နုငယ်
သမီးခုတလော ခဏခဏ
နေမကောင်းဖြစ်တယ်။
ပြီးတော့လေ…………
ခဏခဏလည်း အပူလောင်တယ်
မီးဆိုတာ အပူလောင်တတ်တယ်လို့
ဖေဖေ ပြောမှာလားဟင်!!!
သမီးလေ ခြေဆော့လက်ဆော့
မီးပျိုခဲ့တာ မဟုတ်ပါဘူး။
ပူမှန်းသိရက်နဲ့ တယုတယပျိုးခဲ့မိတာပါ။
ဖေဖေ………
အနီးအဝေး အကွာအဝေးဆိုတာ
စိတ်နဲ့ပဲ ဆိုင်တယ်တဲ့ ဖြစ်နိုင်ပါ့မလားဟင်!!!!
ဒါပေမယ့်လေ….
စိတ်ကို စိတ်နဲ့လှည့်စားခံရတာ အဆိုးဆုံးပါပဲ။
မိန်းမတို့ရဲ့ ပူဆွေးသောကက နွေမုန်တိုင်းလိုပဲ
တိုတောင်းသလောက် ပြင်းထန်တယ်တဲ့
ဟုတ်မှာပဲနော်…..
ခံစားမူ့ကို လွယ်လင့်တကူ ထုတ်မပြတတ်ဖို့
ယောကျာ်းဆန်ဆန် နေနည်းဆိုတဲ့
ဖေဖေ့ရဲ့ သင်ရိုးညွန်းတမ်းတွေထဲ
နေသားတကျရှိနေခဲ့ပေမယ့်
ကျနော်……ကျနော်လို့ နာမ်စားသုံးလိုက်ရတဲ့အခါတိုင်း
သမီး နှလုံးသားကတော့ မိန်းမသားဆန်နေခဲ့တယ်။
မေတ္တာဆိုတာ အသွားအပြန် ရှိပေမယ့်
တိုက်ရိုက် အချိုးကျချင်မှ ကျတယ်ဆိုတာ
ဟုတ်မှာပဲနော်……
သမီး လူလားမမြောက်သေးဘူးလို့
ဖေဖေ အပြစ်တင်နေမလားဟင် !!!
သမီးက ဖေဖေ့သမီးပါ
အပိုတောင်းရမှာ ရှက်ရွံ့တတ်သလောက်
ပေးသလောက်လေးတော့ ပြန်လိုချင်မိတယ်။
(Blog ကလည်း မရောက်တာကြာလို့ သစ္စာမရှိတော့ဘူးရယ် :) ....ပုံတင်တာ ဘယ်လိုမှ တင်မရ၀ူး :( :(
မေတ္တာအားဖြင့်
ခိုင်နုငယ်
Wednesday, October 12, 2011
ကမ္ဘာတစ်ခြမ်းမှ အလွမ်းည

မီးရှူးမီးပန်းလို
တလက်လက်တောက်နေတဲ့ အလွမ်းတွေနဲ့
ဟိုဟိုဒီဒီ လမ်းထ လျှောက်မိတယ်
ဒီဘက် ကမ္ဘာခြမ်းမှာတော့
မသိမသာ အကန်းပါလား
ဆီမီးခွက်ထဲက မီးစာလို
တလက်လက် တောက်ပခွင့်လည်းမရခဲ့
မီးပုံးပျံတွေလို
ငါ့စိတ်ကူးတွေ လွှတ်တင်မိတယ်
ဗျောက်အိုးတွေ
တဗောင်းဗောင်း ဖောက်နေသလိုပါပဲ
ငါရင်တွေ တဗြောင်းဗြောင်း ပေါက်နေခဲ့တယ်
ဟိုဘက် ကမ္ဘာခြမ်းမှာတော့
ဘုရားသွား ကျောင်းတက်
ခေတ်အဆက်ဆက် ကန်တော့ခန်းတွေနဲ့
ရပ်ကွက်လမ်းတွေလည်း အလင်းဆန်းနေတော့မယ်
ငါတို့ရပ်ကွက်လမ်းက ကာလသားတွေ
ဘကြီးသာဖေ လော်နဲ့
ကာရာအိုကေ အော်လို့
အပျော်ကြီး ပျော်နေရော့မယ်
ငါတို့အိမ်မှာလည်း
အဖေ့တပည့်တွေက
အဖေ့ကို လာကန်တော့လို့
ကြွက်နီတစ်ယောက်
ဗျောက်အိုး ဖောက်နေရော့မယ်
ဒီဘက် ကမ္ဘာခြမ်းမှာတော့
မီးရှူးမဖေါက် မီးစာမတောက်ဘဲ
ကိုယ့်ဖယောင်းနဲ့ကိုယ် တောက်
ကိုယ့်ရင်ဘတ်ကိုယ် ဗျောက်အိုးဖောက်ခဲ့ပေါ့
ရင်ဘတ်ပေါက်နဲ့ လမ်းလျှောက်နေသည်။
လေပြည် (၅-၉-၂၀၀၉၊ ည ၁၁း၄၅)
နှစ်သက်မိသော ကဗျာတစ်ပုဒ်
မေတ္တာအားဖြင့်
ခိုင်နုငယ်
Subscribe to:
Posts (Atom)