ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ
ဆင်နွဲတတ်ပါစေ။
အဖြူအသင်း အမည်းအသင်း
နှစ်သင်းယှဉ်ပြိုင်နေ။
စိတ်ဘောလုံးမှာ ကန်စရာ
ပတ်ချာလှည့်၍နေ။
အဖြူအသင်း ပေါ့ဆခြင်းကြောင့်
ညံ့ဖျင်းသွားကာ အမည်းသာ
များစွာဂိုးသွင်းနေ။
ဂိုးရှုံးပြန်က အပူရ
ဒုက္ခ ပင်လယ်ဝေ
အဖြူအသင်း စိတ်အားတင်းသော်
အနိုင်ပေါ် ရွှင်ပျော်အားတက်ပေ။
နိဗ္ဗာန်ဒိုင်ဆု ရအောင်လု
ကောင်းမူ့ပိုင်ပါစေ။
ကိုယ့်ကိုနိုင် စွမ်းအားပိုင်
ကြံ့ခိုင်အေးမြပေ။
ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ
ကိုယ်ပဲနိုင်ပါစေ။
*********@@@@@@@@@*******************
ခုတလော..ဘယ်နေရာမှာပဲဖြစ်ဖြစ်..ဘောလုံးပွဲ..ဘောလုံးပွဲ..ဘယ်အသင်းကတော့ရှုံးလို့ငိုပြီးထွက်သွားကြပြီ။
ဘယ်အသင်းဘက်ကနေလောင်းတာဘယ်လောက်နိုင်တယ်။ဘယ်အသင်းဘက်ကနေလောင်းလိုက်တာရတဲ့
လစာကုန်ပါပြီ။ရှုံးတယ်၊နိုင်တယ်အားရပါးရပြောသူတွေရှိတော့ကိုယ်တိုင်မကြည့်ဖြစ်ပေမယ့်...မစားရ၀ကမန်း
ဆိုတာလိုကိုယ်လည်းအားရပါးရကိုနားထောင်ဖြစ်ပါတယ်။ဒါနဲ့တိုက်တိုက်ဆိုင်ဆိုင်ပါပဲကျွန်မအလျဉ်သင့်ရင်သင့်
သလိုရေးမှတ်လေ့ရှိတဲ့မှတ်စုစာအုပ်လေးထဲကတရားနည်းပြကဗျာလေးကိုဘောလုံးဝါသနာရှင်ပဲဖြစ်ဖြစ်၊၀ါသနာ
ရှင်မဟုတ်သူပဲဖြစ်ဖြစ်ကြည့်ချင်သူတွေကြည့်နိုင်အောင်.ခန္ဓာကိုယ်ထဲက...ဘောလုံးပွဲကိုပြန်လည်မျှဝေလိုက်ပါတယ်။
သူကတော့သုံးနှစ်တစ်ကြိမ်.....လေးနှစ်တစ်ကြိမ်ယှဉ်ပြိုင်နေတဲ့ဘောလုံးပွဲစဉ်တွေမဟုတ်ပါဘူး။နေ့တိုင်းလိုလိုရှိနေတဲ့
ဘောလုံးပွဲစဉ်တွေပါ။ဘောလုံးသမားတွေကလည်းရော်နယ်(လ်)ဒိုတို့လိုဘောလုံးသမားတွေပါပဲအမည်းသင်းမှာဆိုလောဘ၊
ဒေါသ၊မောဟ၊ထိန၊ဗျာပါဒ၊ကာမစ္ဆန္ဒသူတို့တွေပါသလို။အဖြူအသင်းမှာလည်းပညာ၊၀ီရိယ၊သမ္မာဓိ၊သဒ္ဓါသူတို့တွေပါတယ်လို့
ဆိုထားပါတယ်။ကဲ.....ခန္ဓာကိုယ်ထဲက....ဘောလုံးပွဲကိုကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါအုံးနှော်။
(ရေးသားဆပ်ဆိုခဲ့သည့်ဆရာတော်ဘုရား၏ဘွဲ့နာမ်မည်အားတိတိကျကျမမှတ်မိတော့သဖြင့်ထည့်သွင်းမဖော်ပြတော့ပါ။)
***************@@@@@@@@@@*************
မေတ္တာအားဖြင့်
ခိုင်နုငယ်
Thursday, July 8, 2010
Monday, July 5, 2010
အချစ်ခါးခါး
(အချစ်ကခါးတယ်)
သမုဒယကို ဒုက္ခလို့မမြင်တော့
သံယောဇဉ်နွယ်တစ်ခက်နဲ့
အပါယ်တဘက်ကိုအလည်ထွက်ဖို့ ကြံနေသူ။
ချိုမြိန်တဲ့အနမ်းတစ်ခုရဲ့
ကြေကွဲခြင်းကျိန်စာ
တစ်သက်စာလွမ်းဖို့လည်းလုံလောက်ခဲ့ပြီ။
ုနုတ်ဆက်ခြင်းကိုအပြုံးနဲ့ဖုံးကွယ်ဖို့မကြိုးစားပါနဲ့တော့။
မချစ်ဘူးဆိုလဲ မုန်းလိုက်ပေါ့
ကံကြမ္မာရဲ့ ဥပေက္ခာပြုမူ့အောက်မှာ
နေသားတကျဖြစ်နေတဲ့ငါ
ဘာကိုမှ မတုန်လှုပ်ပါဘူး။
ဗန်ဂိုးရဲ့ နားရွက်တစ်ဖက်နဲ့
ဆဒ္ဒန်ဆင်ရဲ့ အစွယ်နှစ်ဆူ
ကျိန်စာသင့်တာခြင်းတော့ အတူတူပါပဲ။
ဘ၀တစ်သက်စာ ရည်မှန်းလို့
ဒီလမ်းကိုဖောက်ခဲ့တာ
လှမ်းရမှာ ကြောက်တယ်တဲ့လား။
အချစ်ကို လျှာနဲ့တို့ မခို့တရို့အရသာ
ဟ! ခါးလိုက်တာ။
ပေးပို့သူ။ ။ကိုရင်နော်

Saturday, July 3, 2010
အမောပြေ
တဘ၀တာအတွက် ပင်ပန်းသော်လည်း
ပင်းပန်းတယ်လို့ ငါမထင်
ငါ့မိဘ မောင်နှမတွေကြောင့်ပင်
ငါ့မိဘ အကြောင်းစဉ်းစားလျှင်ပင်
ဘ၀ အမောတစ်ဝက်ပြေခဲ့ပြီ။
ငါ့အမအကြောင်း စဉ်းစားလျှင်ပင်
ငါပျော်ပါ၏။
ငါ့မောင်အကြောင်း စဉ်းစားလျှင်လည်း
ငါပျော်ပါ၏။
ငါ့ညီမလေးအကြောင်း စဉ်းစားလျှင်လည်း
ငါပျော်ပါ၏။
ငါ့မောင်၊အမ၊ညီမများလည်းပျော်ရွင်နိုင်ပါစေ။
*****************************************************************************
ကျွန်မမောင်ငယ်လေးရေးပို့လိုက်တဲ့ကဗျာလေးပါ။ (ပို့လိုက်တာကြာပါပြီ)
"ဒီကဗျာလေးဖတ်ပြီးအမောဖြေပါ။မမလေး"တဲ့။ခုတလောအလုပ်ရှုပ်ရတဲ့ကြားထဲစိတ်ကမလန်း
ဘူးရယ်။တစ်ခါတစ်လေ..စာဖတ်သူတွေလည်းအဲသလိုဖြစ်တတ်ကြပါသလား။
ဒါကြောင့်ရှေးလူကြီးတွေကလူတွေဟာ..ပုထုဇနောဥမ္မာဒကောလို့ပြောတာဟုတ်မယ်။နှော်။
ကဲ...ကျွန်မတော့ဒါလေးဖတ်ပြီး..အမောပြေသွားပါပြီ။
စာဖတ်သူများလည်း..ဘ၀အမောတွေပြေပြီးပျော်ရွှင်နိုင်ကြပါစေ။

Subscribe to:
Posts (Atom)