ခက်တယ်ကွယ်~~~
နှလုံးသားဟာ ပလတ်စတစ်စက္ကူတစ်စမှ မဟုတ်ပဲ။
ပကတိခံစားနိုင်စွမ်းရှိရဲ့….
ခက်တယ်ကွယ်~~~
အစတေးခံ လောင်းကျွမ်းပစ်လိုက်ရအောင်
နှလုံးသာဟာ ထိရှနာကျင်ဖူးရဲ့
ခက်တယ်ကွယ်~~~~
သတိရနေတယ် တဖွဖွရေရွတ်တတ်ရုံဖြင့်
ကိုယ့်ကိုယ် ကို ညာတတ်ခြင်းက လွတ်မြောက်ပြီထင်ကြရဲ့
ခက်တယ်ကွယ်~~~~
ချစ်တယ်လို့ ဖောဖောသီသုံးနိုင်ကြသလောက်
ချစ်မြတ်နိုးခြင်းအနက်ကျ အက္ခရာလောက်ပဲ သိတတ်ကြရဲ့
ခက်တယ်ကွယ်~~~~
အမှတ်တရလို့ တဖွဖွပြောပြီး
အမှားတစ်ရပ်ကို ကျူးလွန်တတ်ကြသေးရဲ့
ခက်တယ်ကွယ်~~~~
ခက်တယ်ကွယ်~~~~
ခက်တယ်ကွယ်~~~~
ခိုင်နုငယ်