ဒီမှာ “ ဟေ့ လူ”
ခင်ဗျားလည်း မြန်မာ ကျွန်တော်လည်းမြန်မာ
ယဉ်အောင်ပြောလည်း “ ဒီစကား” ရိုင်းအောင်ပြောလည်း “ ဒီစကား ”
လူ့ယဉ်ကျေးမူ့ လူ့ပါတ်ဝန်းကျင်မှာ လူ့ကျင့်ဝတ်ဆိုတာ ရှိတယ်။
သိပ်ရွံစရာကောင်းလာအောင်တော့ ရိုင်းမလာနဲ့……
လူတစ်ယောက်ကို အရိုးသားဆုံး ဆက်ဆံတာဟာ
လူတစ်ယောက် အတွက် အရိုးသားဆုံး ယဉ်ကျေးမူ့ပဲ
ခံစားတတ်တယ် နားလည်တတ်တယ် နှလုံးသား ရှိတယ်…
ခင်ဗျားမှာလည်း နှမနဲ့ ကျွန်တော့လည်း အစ်မနဲ့
ကိုယ်ချင်းစာတရားဆိုတာ လူပီသဖို့ အတွက်
လူ့ကျင့်ဝတ်ပဲ..
ခင်ဗျား ဥပါဒါန်ထဲ ကြေမွနေပြီးသား
ခင်ဗျား သမိုင်းအမည်းတွေနှင့် ကျွန်တော့ ပစ္စုပ္ပာန်ကို လာ လာမကြည့်နဲ့
အတိတ် အနာဂါတ် ထက် ကျွန်တော့် ပစ္စုပ္ပာန်ကို တန်ဖိုးထားတယ်။
ဒီမှာ “ဟေ့လူ ”
ခင်ဗျားလည်း မြန်မာ ကျွန်တော်လည်းမြန်မာ
ခင်ဗျား ဥပါဒါန်ထဲ ကြေမွနေပြီးသား
ခင်ဗျား သမိုင်းအမည်းတွေနှင့် ကျွန်တော့် ပစ္စုပ္ပာန်ကို လာ လာမကြည့်နဲ့
အတိတ် အနာဂါတ် ထက် ကျွန်တော့် ပစ္စုပ္ပာန်ကို တန်ဖိုးထားတယ်။
*ညစ်တွန်းတွန်းရင်း...ပြင်းရှရှ ပေါက်ကွဲကြည့်တာ စကားလုံးတွေ အရောင်ရင့်သွားတယ်.. :)